နေအောင် (စီးပွားရေးလုပ်ကိုင်သူ)

ဝီကီပီးဒီးယား မှ

နေအောင် (၁၉၈၀-) သည် မြန်မာနိုင်ငံသား စွန့်ဦးတီထွင် တစ်ဦးဖြစ်သည်။

ငယ်ဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

နေအောင်ကို ၁၉၈၀ ပြည့်တွင် မွေးသည်။

ဥပဒေနှင့် စီးပွားရေး အထူးပြုနှင့် အရီဇိုးနားတက္ကသိုလ်မှ ဘွဲ့ရသည်။ မဟာဘွဲ့ကို စီးပွားရေးဘာသာနှင့် လန်ဒန်စီးပွားရေးကျောင်းမှ ယူသည်။ အမ်ဘီအေဘွဲ့အတွက် စတန်းဖို့တက္ကသိုလ်တွင် တက်သည်။

သက်မွေးဝမ်းကျောင်း[ပြင်ဆင်ရန်]

၂၀၀၄ ခုတွင် လီသီယမ်ပြာ (BlueLithium) ကြော်ငြာလုပ်ငန်းတွင် အလုပ်ဝင်သည်။ ၂၀၀၇ ခုတွင် ထိုလုပ်ငန်းကို ရဟူးက ဝယ်သွားသည့်နောက် ဂူးဂဲသို့ ပြောင်းသည်။ [၁] [၂]

ဂူးဂဲပိုက်ဆံအိတ် (Google Wallet) အဖွဲ့တွင် စဝင်ရပြီး နောင်တွင် စီးပွားရေးမဟာဗျူဟာနှင့်လုပ်ငန်းလည်ပတ်ရေး (Business Strategy and Operations) အဖွဲ့သို့ ပြောင်းရသည်။ ဂူးဂဲ၌ ၄ နှစ် ကြာ လုပ်ခဲ့သည်။

အိုဝေး[ပြင်ဆင်ရန်]

၂၀၁၂ ခုတွင် မြန်မာသို့ ပြန်လာပြီး အောက်တိုဘာလတွင် အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်း အိုဝေး (Oway) ကို တက္ကစီအငှားလုပ်ငန်း အိုဝေးရိုက် (Oway Ride) နှင့် စသည်။ [၃][၄][၅] အိန္ဒိယမှ ဆော့ဝဲအင်ဂျင်နီယာအများစုနှင့် လုပ်ငန်းစသည်။ [၆] ၂၀၁၃ ခု ဆီးဂိမ်း အားကစားပွဲကြောင့် အလျင်အမြန် လုပ်ငန်းတိုးတက်ခဲ့သည်။ ဝန်ထမ်း ၃၀ ခန့် ရှိလာသည်။ [၇] တက္ကစီအငှားလုပ်ငန်းကို မန္တလေး၊ နေပြည်တော်မြို့များ၌ ချဲ့နိုင်လာသည်။

၂၀၁၄ ခု၊ ဧပြီလ ၁၂ ရက်တွင် ရန်ကုန်၌ ဖုန်းဖြေစင်တာ ဖွင့်သည်။[၈] မန္တလေး၌ ဆိုင်ကယ်အငှားလုပ်ငန်းကို လည်းကောင်း၊ အိုဝေးပေး (Oway Pay) ဟူသော ငွေချေစနစ်ကို လည်းကောင်း ဖော်ထုတ်သည်။

ကိုးကား[ပြင်ဆင်ရန်]