မာတိကာသို့ ခုန်သွားရန်

နေအောင် (စီးပွားရေးလုပ်ကိုင်သူ)

ဝီကီပီးဒီးယား မှ

နေအောင် (၁၉၈၀-) သည် မြန်မာနိုင်ငံသား စွန့်ဦးတီထွင် တစ်ဦးဖြစ်သည်။

ငယ်ဘဝနှင့် ပညာရေး

[ပြင်ဆင်ရန်]

နေအောင်ကို ၁၉၈၀ ပြည့်တွင် မွေးသည်။

ဥပဒေနှင့် စီးပွားရေး အထူးပြုနှင့် အရီဇိုးနားတက္ကသိုလ်မှ ဘွဲ့ရသည်။ မဟာဘွဲ့ကို စီးပွားရေးဘာသာနှင့် လန်ဒန်စီးပွားရေးကျောင်းမှ ယူသည်။ အမ်ဘီအေဘွဲ့အတွက် စတန်းဖို့တက္ကသိုလ်တွင် တက်သည်။

သက်မွေးဝမ်းကျောင်း

[ပြင်ဆင်ရန်]

၂၀၀၄ ခုတွင် လီသီယမ်ပြာ (BlueLithium) ကြော်ငြာလုပ်ငန်းတွင် အလုပ်ဝင်သည်။ ၂၀၀၇ ခုတွင် ထိုလုပ်ငန်းကို ရဟူးက ဝယ်သွားသည့်နောက် ဂူးဂဲသို့ ပြောင်းသည်။ [] []

ဂူးဂဲပိုက်ဆံအိတ် (Google Wallet) အဖွဲ့တွင် စဝင်ရပြီး နောင်တွင် စီးပွားရေးမဟာဗျူဟာနှင့်လုပ်ငန်းလည်ပတ်ရေး (Business Strategy and Operations) အဖွဲ့သို့ ပြောင်းရသည်။ ဂူးဂဲ၌ ၄ နှစ် ကြာ လုပ်ခဲ့သည်။

အိုဝေး

[ပြင်ဆင်ရန်]

၂၀၁၂ ခုတွင် မြန်မာသို့ ပြန်လာပြီး အောက်တိုဘာလတွင် အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်း အိုဝေး (Oway) ကို တက္ကစီအငှားလုပ်ငန်း အိုဝေးရိုက် (Oway Ride) နှင့် စသည်။ [][][] အိန္ဒိယမှ ဆော့ဝဲအင်ဂျင်နီယာအများစုနှင့် လုပ်ငန်းစသည်။ [] ၂၀၁၃ ခု ဆီးဂိမ်း အားကစားပွဲကြောင့် အလျင်အမြန် လုပ်ငန်းတိုးတက်ခဲ့သည်။ ဝန်ထမ်း ၃၀ ခန့် ရှိလာသည်။ [] တက္ကစီအငှားလုပ်ငန်းကို မန္တလေး၊ နေပြည်တော်မြို့များ၌ ချဲ့နိုင်လာသည်။

၂၀၁၄ ခု၊ ဧပြီလ ၁၂ ရက်တွင် ရန်ကုန်၌ ဖုန်းဖြေစင်တာ ဖွင့်သည်။[] မန္တလေး၌ ဆိုင်ကယ်အငှားလုပ်ငန်းကို လည်းကောင်း၊ အိုဝေးပေး (Oway Pay) ဟူသော ငွေချေစနစ်ကို လည်းကောင်း ဖော်ထုတ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. (2007 Sep 5) Yahoo! Acquires Ad Network BlueLithium. TechCrunch.
  2. Mike Hess (2013 Jun 24) The Challenges of Launching the First Online Travel Agency in Myanmar 3 December 2019 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .. Coca Cola.
  3. Dennis Shaal (2013 Oct 1) Ex-Googler Returns to Myanmar to Build Booking Site from the Ground Up 3 December 2019 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .. Skift.
  4. Thiha (2017 Jul 7) Oway Digitizes Myanmar's Taxi Market 3 December 2019 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .. Consult-Myanmar.
  5. Elaine Kurtenbach (2014 May 1) Myanmar Returnees Bet on Frontier Economy Future. Yahoo News.
  6. (2017 Feb 23) U Nay Aung, Founder, Oway Group, on How Attracting More Visitors Will Lead to Improvements across the Industry: Interview. Oxford Business Group.
  7. Thiha (2017 Aug 7) Myanmar's Oway Group to Close Eight-Digit Funding Round 3 December 2019 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .. Consult-Myanmar.
  8. Thiha (2016 Mar 3) First Uber Like Service, Oway Ride, Launches in Myanmar 3 December 2019 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .. Consult-Myanmar.