နန်ယန်းနည်းပညာတက္ကသိုလ်

ဝီကီပီးဒီးယား မှ
စင်ကာပူနိုင်ငံ နန်ယန်းနည်းပညာတက္ကသိုလ် (Nanyang Technological University, Singapore)
Universiti Teknologi Nanyang  (မလေး)
南洋理工大学 (တရုတ်)
நன்யாங் தொழில்நுட்ப பல்கலைக்கழகம் (တမီးလ်)
ယခင်အမည်များ
Nanyang Technological Institute (1981-1991)
အမျိုးအစားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတက္ကသိုလ် (Autonomous university)[၁]
တည်ထောင်၁ ဩဂုတ် ၁၉၈၁; ၄၂ နှစ် အကြာက (၁၉၈၁-၀၈-01) (Nanyang Technological Institute)
၁ ဇူလိုင် ၁၉၉၁; ၃၂ နှစ် အကြာက (၁၉၉၁-၀၇-01) (Nanyang Technological University)
ပံ့ပိုးမှုS$၂၃၀၀ သန်း (US$၁၈၀၀ သန်း)[၂]
အဓိပတိHalimah Yacob
ဥက္ကဋ္ဌSubra Suresh
စီမံခန့်ခွဲရေး အရာရှိLing San
ဆရာဦးရေ
၁,၇၇၅[၃]
ဝန်ထမ်းဦးရေ
၆,၆၀၈[၃]
သင်တန်းသား၃၁,၆၈၇
ဘွဲ့ကြိုဦးရေ၂၃,၆၆၅
ဘွဲ့လွန်ဦးရေ၈,၀၂၂
တည်နေရာJurong West, စင်ကာပူနိုင်ငံ
1°20′41″N 103°40′53″E / 1.34472°N 103.68139°E / 1.34472; 103.68139ကိုဩဒိနိတ်: 1°20′41″N 103°40′53″E / 1.34472°N 103.68139°E / 1.34472; 103.68139
ပရဝုဏ်၂.၀ km2 (၀.၇၇ sq mi)[၄]
အထိမ်းအမှတ် အရောင် 
 
နှီးနွယ်အဖွဲ့အစည်းများAssociation of Pacific Rim Universities, WA, ASAIHL, AUN, ACU, DAAD, Global Alliance of Technological Universities, UAiTED
ဝဘ်ဆိုဒ်www.ntu.edu.sg

နန်ယန်းနည်းပညာတက္ကသိုလ် (Nanyang Technological University, Singapore)သည် စင်ကာပူနိုင်ငံရှိ ဒုတိယသက်တမ်းအရှည်ဆုံး အများနှင့်သက်ဆိုင်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော သုတေသနတက္ကသိုလ်တစ်ခုဖြစ်သည်။ ဤတက္ကသိုလ်ကို NTU(အဲန်တီယူ)ဟုလည်း အတိုကောက်ခေါ်ကြသည်။ NTU သည် QS၏ ကမ္ဘာ့တက္ကသိုလ်များ စံခွဲအဆင့်စီစဉ်ခြင်းအရ သက်တမ်း ၅၀-နှစ်ထက်နည်းသော တက္ကသိုလ်များအားလုံးကဏ္ဍ(QS Top 50 Under 50)၏ စာရင်းတွင် အဆင့် ၁ အဖြစ်သို့ ၂၀၁၅ ခုနှစ်တွင် စတင်ရောက်ရှိပြီး၊ နောက်ဆုံး (၂၀၂၀၊ ဇွန်လတွင် ထုတ်ပြန်သည့်) ၂၀၂၁-ခုနှစ်စာရင်း အထိ အဆင့် ၁ တွင် ၇-နှစ်တိုင်တိုင် ဆက်တိုက်ရှိနေခဲ့သည်။[၅] အဆိုပါ စံခွဲစီစဉ်ခြင်း၏ အခြားကဏ္ဍတစ်ခုဖြစ်သော (သက်တမ်းကန့်သတ်ချက်မပါသော) ကမ္ဘာ့တက္ကသိုလ်များအားလုံး ကဏ္ဍ၏စာရင်းတွင်မူ အဆင့် ၁၃ တွင်ရှိနေကြောင်းကို ၂၀၂၀၊ ဩဂုတ်လမှတ်တမ်းအရ သိရသည်။[၆] (နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ဤကဏ္ဍ၏ အဆင့် ၁ တက္ကသိုလ်မှာ မက်ဆာချူးဆက် စက်မှုတက္ကသိုလ်(MIT)ဖြစ်ပြီး၊ အဆင့် ၁၁ တွင် စင်ကာပူအမျိုးသားတက္ကသိုလ်(NUS)၊ အဆင့် ၁၂-တွင် ပရင်းစတန်တက္ကသိုလ်(Princeton University)တို့ အသီးသီးရှိကြသည်။) ၎င်းတွင် (၂၀၂၀၊ ဩဂုတ်လမှတ်တမ်းအရ) အချိန်ပြည့် ကျောင်းတက်သည့် ကျောင်းသား(full-time enrolled students)ပေါင်း ၂၃,၉၅၁ ဦး နှင့် အချိန်ပြည့် သင်ကြားရေး ဝန်ထမ်း(full-time teaching staff)ပေါင်း ၃၈၄၆ ဦး ရှိသည်။[၆]

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

နန်ယန်းနည်းပညာတက္ကသိုလ်ကို ဖွဲ့စည်းထားရာ၌ ကောလိပ်များ၊ ကျောင်းများနှင့် အင်စတီကျုများပါဝင်သည်။

တို့ အဓိကပါဝင်သည်။[၇]

၎င်းတို့အပြင် အောက်ပါ အခြားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အင်စတီကျုများ(Autonomous Institute)လည်း ဤတက္ကသိုလ်အောက်တွင် ရှိသေးသည်။

တို့ဖြစ်ကြသည်။[၈]

တက္ကသိုလ်နယ်မြေများ[ပြင်ဆင်ရန်]

နန်ယန်းနည်းပညာတက္ကသိုလ်၏ ပင်ရင်းနယ်မြေဖြစ်သော ယူနန်ပန်းခြံနယ်မြေ (Yunnan Garden Campus) သည် ၂၀၀ ဟက်တာ (၄၉၀ ဧက) ကျယ်ဝန်းပြီး စင်ကာပူနိုင်ငံတွင် နေရာအကျယ်ဆုံးတက္ကသိုလ်ကျောင်း ဖြစ်သည်။[၉] ဤပင်ရင်းနယ်မြေသည် စင်ကာပူနိုင်ငံ၏ အနောက်ပိုင်းတွင် တည်ရှိပြီး၊ လိပ်စာမှာ "50 Nanyang Avenue, Singapore 639798" ဖြစ်သည်။ ဤတက္ကသိုလ်တွင် Novena Campusနှင့် One-north Campusဟုခေါ်သော အခြားနယ်မြေနှစ်ခုလည်း ရှိသေးသည်။

တက္ကသိုလ်နယ်မြေရှုခင်းနှင့် ဗိသုကာလက်ရာများ[ပြင်ဆင်ရန်]

နန်ယန်းနည်းပညာတက္ကသိုလ်ကို ကမ္ဘာ့အလှဆုံးတက္ကသိုလ်များစာရင်းသို့ "Travel + Leisure"မဂ္ဂဇင်းမှ ထည့်သွင်းထားပြီး၊ ထိုဆောင်းပါး၏ ရည်ညွှန်းပုံတွင် အနုပညာ၊ ဒီဇိုင်းနှင့် မီဒီယာကျောင်း (School of Art, Design and Media)၏ အဆောက်အဦး (the ADM building) Archived 7 August 2020 at the Wayback Machine.ကို သရုပ်ပြထားသည်။[၁၀] ဤအဆောက်အဦး (the ADM building) ကို စင်ကာပူနိုင်ငံသား ဗိသုကာပညာရှင်တစ် ဦးဖြစ်သူ Lee Cheng Wee က ဒီဇိုင်းပြုလုပ်ထားသည်။[၁၁]

တိုင်းမ်စ်အဆင့်မြင့်ပညာရေး(Times Higher Education)မဂ္ဂဇင်း၏ ၂၀၁၈-ခုနှစ်မှ ဆောင်းပါးတစ်ခုဖြစ်သော အရှေ့အာရှရှိ အလှဆုံးတက္ကသိုလ် ၁၀-ခု စာရင်းတွင် နန်ယန်းနည်းပညာတက္ကသိုလ် ပါဝင်ခဲ့ပြီး၊ အဆိုပါဆောင်းပါးတွင် ပြားအုံဟု အမည်ပေးထားသော "the Learning Hub building" ကို သရုပ်ပြအဆောက်အဦးအနေဖြင့် ထည့်သွင်းပြထားသည်။[၁၂] ၎င်းအဆောက်အဦးကို ဗြိတိသျှလူမျိုး ဗိသုကာပညာရှင် သောမတ်စ်ဟယ်သာဝစ်ခ် (Thomas Heatherwick)မှ ဒီဇိုင်းရေးဆွဲခဲ့သည်။[၁၃]

ပြားအုံ သို့မဟုတ် The Learning Hub building

နန်ယန်းနည်းပညာတက္ကသိုလ်သည် (NTIဟု ခေါ်စဉ်ကာလ) ၁၉၈၁ နှင့် ၁၉၈၂ ကြားကာလအတွင်း၌ ပင်ရင်းနယ်မြေ ကျောင်းဝင်းအပြင်အဆင် ရှုခင်းဖန်တီးခြင်းနှင့် ထိုစဉ်က အဓိကကျောင်း ပင်မအဆောက်အဦးဖြစ်သည့် နော့သ်စပိုင်း(မြောက်ကျောရိုး သို့ North Spine)ကို ဗိသုကာပညာ ပရစ်စကာဆု(၁၉၈၇)ရရှိခဲ့သည့် ကမ္ဘာကျော်ဂျပန်ဗိသုကာပညာရှင် တန်ဂေးကဲန်ဇိုမှ ဒီဇိုင်းပြုလုပ်ထားသည်။[၁၄] ၎င်းနော့သ်စပိုင်းကို ၁၉၈၆-ခုနှစ်မှ ဆောက်လုပ်ပြီးစီးခဲ့ပြီး တရားဝင်ဖွင့်လင့်ခဲ့သည်။[၁၅]

နော့သ်စပိုင်း(North Spine)ထိပ်ပိုင်းမြင်ကွင်း (လီဝီးနမ်စာကြည့်တိုက်ရှိရာနေရာ)

ယူနန်ပန်းခြံနယ်မြေ (ပင်ရင်းနယ်မြေ)[ပြင်ဆင်ရန်]

ဘွဲ့ကြိုကျောင်းသား နေထိုင်ဆောင်များ[ပြင်ဆင်ရန်]

နန်ယန်းနည်းပညာတက္ကသိုလ်တွင် ဘွဲ့ကြိုကျောင်းသားများ နေထိုင်ရန်အတွက် ကျောင်းဆောင်ပေါင်း ၂၄-ဆောင်ရှိပြီး၊ တစ်ဆောင်လျှင် ကျောင်းသားဦးရေ ၅၀၀ မှ ၆၅၉-ဦးအထိ ဆန့်သည်။ ဒေသခံနှင့် နိုင်ငံတကာကျောင်းသားစုစုပေါင်း ၁၄,၀၀၀ အထိ နေရာထိုင်ခင်းပေးနိုင်သည်။[၁၆]

NTU ကျောင်းသား နေထိုင်ဆောင်တစ်ခု

ကိုးကား[ပြင်ဆင်ရန်]

  1. Post-secondary education။ Ministry of Education, Singapore။ 2008-04-05 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 June 2015 တွင် ပြန်စစ်ပြီး။
  2. Nanyang Technological University: A Stellar Year Annual Report 2012။ Nanyang Technological University (Feb 2013)။ 15 January 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 August 2020 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Facts and Figures: 2018 Faculty and Staff population။ Nanyang Technological University။ 16 September 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 August 2020 တွင် ပြန်စစ်ပြီး။
  4. Nanyang Technological University (NTU)။ sguni။ 30 December 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 December 2013 တွင် ပြန်စစ်ပြီး။
  5. QS Top 50 Under 50 2021 (2020-06-24)။ 2020-07-31 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-08-04 တွင် ပြန်စစ်ပြီး။
  6. ၆.၀ ၆.၁ Nanyang Technological University, Singapore (NTU) : Rankings, Fees & Courses Details | Top Universities (2020-07-03)။ 2020-06-12 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-08-04 တွင် ပြန်စစ်ပြီး။
  7. Colleges & Schools။ 2020-07-23 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-08-03 တွင် ပြန်စစ်ပြီး။
  8. Institutes & Centers။ 2020-07-23 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-08-04 တွင် ပြန်စစ်ပြီး။
  9. Check In to Check Out။ 7 July 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 August 2020 တွင် ပြန်စစ်ပြီး။
  10. Stirling Kelso (2012-08-12)။ World's Most Beautiful Universities | Travel + Leisure။ 2020-07-12 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-08-06 တွင် ပြန်စစ်ပြီး။
  11. Zhangxin Zheng (2019-09-07)။ Timothy Seow။ 2020-01-08 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-08-04 တွင် ပြန်စစ်ပြီး။
  12. The 10 most beautiful universities in East Asia | Times Higher Education (2018-03-30)။ 2019-07-18 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-08-06 တွင် ပြန်စစ်ပြီး။
  13. Mark၊ Laura (2015-03-10)။ Heatherwick's Singapore Uni Learning Hub opensArchitects' Journal။ 2019-07-19 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  14. Nanyang Technological University is established - Singapore History (February 2015)။ 20200119 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-08-04 တွင် ပြန်စစ်ပြီး။
  15. Pattarin Kusolpalin။ Nanyang Technological University။ 2020-05-26 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-08-10 တွင် ပြန်စစ်ပြီး။
  16. Halls။ 4 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 August 2020 တွင် ပြန်စစ်ပြီး။