ဒိုင်အိုစီဇင်တော်ဝင်သံတဲကျောင်း

ဝီကီပီးဒီးယား မှ
အ.ထ.က (၁၀) ၊ မန္တလေး
ဒိုင်အိုစီဇင်တော်ဝင်သံတဲကျောင်း
လိပ်စာ
၂၂x၂၃ လမ်းကြား၊ ၈၆x၈၇ လမ်းကြား၊ သီရိမာလာအရှေ့ရပ်ကွက်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့
သတင်းအချက်အလက်
တည်ထောင်၁၈၆၉ ခုနှစ် ဇွန်လ ၄ ရက်

ဒိုင်အိုစီဇင်တော်ဝင်သံတဲကျောင်း ( အင်္ဂလိပ်: The Royal Diocesan High School ) (ယခု အ.ထ.က (၁၀)၊ မန္တလေး) သည် မင်းတုန်းမင်းတရားကြီးလက်ထက်တွင် တည်ဆောက်ခဲ့သော မြန်မာနိုင်ငံ၏ ရှေးအကျဆုံး အထက်တန်းကျောင်း ဖြစ်သည်။ ဒိုင်အိုသံတဲကျောင်းဟူ၍ လူသိများခဲ့သည်။

သမိုင်း[ပြင်ဆင်ရန်]

ကျောင်းကို မြန်မာသက္ကရာဇ် ၁၂၃၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက် (၁၈၆၉ ခုနှစ် ဇွန်လ ၄ ရက်) နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။

မင်းတုန်းမင်းလက်ထက်က သံတမန်များကို နေရာချထားပေးခဲ့သော သံဝင်းအမည်ရှိ ရပ်ကွက်တည်ရှိခဲ့ရာ ဒိုင်အို-သံတဲကျောင်း ဟု အမည်တွင်ခဲ့ပြီး ဗြိတိသျှအသိုင်းအဝိုင်းကမူ ( S.P.G Royal School) ဟု သိကြသည်။ လန်ဒန်မြို့အခြေစိုက် (S.P.G) သာသနာပြုအဖွဲ့က စေလွှတ်ခဲ့သူ ဆရာမှတ်ကြီးက ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။

မင်းတုန်းမင်းက သားတော်များအား အင်္ဂလိပ်ဘာသာ သင်ယူရန်စေလွှတ်ခဲ့သည်။ သီပေါမင်းသည် မင်းသားဘဝက သံတဲကျောင်း၌ နှစ်နှစ်ကြာမျှ အင်္ဂလိပ်ဘာသာ သင်ယူခဲ့သည်။ သီပေါမင်း၏ ကျောင်းဝင်အမှတ်မှာ ၂၇ ဖြစ်သည်။ မင်းသားများအပြင် မှူးမတ် သူဌေး သူကြွယ် ကုန်သည် တို့၏ သားများလည်း သံတဲကျောင်း၌ စာသင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်တွင် ယာယီပိတ်ခဲ့ရာမှ ပြန်လည်ဖွင့်လှစ်သည့်အခါ ဒိုင်အိုစီဇင်သံတဲအထက်တန်းကျောင်းဟု အမည်ပေးခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် တော်လှန်ရေးကောင်စီလက်ထက် ပြည်သူပိုင်သိမ်းရာ၌ ပါဝင်ခဲ့ကာ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းအဖြစ် ယနေ့တိုင် တည်ရှိလျက်ရှိသည်။ [၁]

နှစ် ၁၅၀ ပြည့်ပွဲ[ပြင်ဆင်ရန်]

ကျောင်း၏ နှစ် ၁၅၀ ပြည့်ပွဲကို ၂၀၁၉ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ကျင်းပခဲ့သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 15 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 July 2019 တွင် ပြန်စစ်ပြီး။
  2. https://www.moi.gov.mm/npe:zg/?q=article/11/03/2016/id-31696[လင့်ခ်သေ]