တိမ်တိုက် ကွန်ပျူတာ

ဝီကီပီးဒီးယား မှ
တိမ်တိုက်ကွန်ပျူတာ ရူပကအလင်္ကာ - ကွန်ရက်ချိက်ဆက်ထားသော ကွန်ပျူတာ နှင့် စက်ပစ္စည်းများကို အသုံးပြုသူမှ တစ်ခုချင်း ကွပ်ကဲရန် မလိုပဲ ဝန်ဆောင်မှုပေးသူမှ စက်ကရိယာ နှင့် ဆော့ဖ်ဝဲရ်များ အားလုံးကို ပေါင်းစပ်၍ စနစ်တစ်ခုအဖြစ် ဝန်ဆောင်မှုပေးခြင်းကို ရုပ်လုံးသန္တာန် မကွဲပြားသော တိမ်တိုက်တစ်ခုအဖြစ် နှင့် တင်စားခေါ်ဆိုခြင်း ဖြစ်သည်။

တိမ်တိုက် ကွန်ပျူတာ (အင်္ဂလိပ်: cloud computing) ဆိုသည်မှာ သိုလှောင်မှု၊ တွက်ချက်မှု နှင့် အသုံးချမှု စွမ်းအား ကွန်ပျူတာ အရင်းအမြစ် (အင်္ဂလိပ်: system resources) များကို လူကိုယ်တိုင် တိုက်ရိုက် စီမံခန့်ခွဲရန် မလိုအပ်ဘဲ လိုအပ်လျှင် လိုအပ်သလို အလိုအလျှောက် ပေးစွမ်းနိုင်သော ကွန်ပျူတာစနစ် ဖြစ်သည်။ အင်တာနက် ပေါ်မှ လူအများသုံး နိုင်သော အချက်အလက် သိုမှီးရာ ဗဟို ဌာနကြီးများကို ရည်ညွန်းရာ တွင် တိမ်တိုက် ကွန်ပျူတာ ဟု ရည်ညွန်း သုံးနှုံးလေ့ရှိသည်။[၁][၂]

အလွန်ကြီးမားသော တိမ်တိုက် ကွန်ပျူတာ စနစ်ကြီးများကို  ကမ္ဘာ့ နေရာအနှံ့ တွင်  ဗဟိုဌာနများ ဖြန့်ခွဲ ထားရှိလေ့ရှိသည်။[၂]

တိမ်တိုက်စနစ်များ[ပြင်ဆင်ရန်]

လုပ်ငန်းဌာန တစ်ခုအတွက် ကန့်သတ် တည်ထောင်ထားသော တိမ်တိုက် ကွန်ပျူတာ စနစ် ကို လုပ်ငန်းသုံးတိမ်တိုက် (အင်္ဂလိပ်: enterprise cloud)၊  လုပ်ငန်းဌာန အများအပြား အသုံးပြု နိုင်သော တိမ်တိုက် ကွန်ပျူတာ စနစ် ကို လူထုတိမ်တိုက် (အင်္ဂလိပ်: public cloud) ဟု ခေါ်ဆိုကြသည်။ ထို တိမ်တိုက်စနစ် နှစ်မျိုး စလုံး အသုံးချနိုင်သော စနစ်ကို ပေါင်းစပ်တိမ်တိုက်  (အင်္ဂလိပ်: hybrid cloud) ဟု ခေါ်ဆိုသည်။

ကမ္ဘာ့ အကြီးမားဆုံး တိမ်တိုက် ကွန်ပျူတာ စနစ်မှာ အမေဇုံ ၏ Amazon AWS ဖြစ်သည်။ [၃]

အားသာချက်[ပြင်ဆင်ရန်]

တိမ်တိုက် ကွန်ပျူတာစနစ်၏ အဓိက အားသာချက် များမှာ

  • အသုံးပြုသူများ အတွက် စနစ်တစ်ခုစတင် တည်ထောင်ရန် ကုန်ကျစရိတ်နည်းခြင်း
  • စနစ်ကို ပေါ့ပါး သွက်လက်စွာ ပြောင်းလဲနိုင်ခြင်း
  • စနစ်ကြီးမားပါက ပို၍ စရိတ် သက်သာခြင်း
  • ထိန်းသိမ်း စရိတ် သက်သာခြင်း
  • ကွန်ပျူတာ အရင်းအမြစ် လိုအပ်ချက် များကို ကြိုတင်ခန့်မှန်းရန် မလိုခြင်း နှင့်
  • ကွန်ပျူတာစနစ် တစ်ခုကို ကမ္ဘာအနှံ့ အလွန်လျင်မြန်စွာ ဖြန့်ကျက်ချထားနိုင်ခြင်း

တို့ ဖြစ်သည်။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. Wang. "Enterprise cloud service architectures". 
  2. ၂.၀ ၂.၁ What is Cloud Computing?Amazon Web Services (2013-03-19)။ 2013-03-20 တွင် ပြန်စစ်ပြီး။
  3. https://www.zdnet.com/article/amazon-aws-everything-you-should-know-about-the-largest-cloud-provider/