မာတိကာသို့ ခုန်သွားရန်

တရုတ်'ယုန်'စာလုံးပါ ရေးနည်း ၈-မျိုး

ဝီကီပီးဒီးယား မှ
ထာဝရ ဟု အဓိပ္ပာယ်ရပြီး ယုန် ဟုအသံထွက်သော
တရုတ်စာလုံး 永, yǒng

စုတ်ချက်စဉ်ကို ရုပ်ရှင် သရုပ်ပြထားပုံ (ဘယ်)
အမဲမှအနီရောင်သို့ အရောင်အဆင့်ခွဲပြီး သရုပ်ပြထားပုံ (ညာ)
စုတ်ချက်စဉ်ကို နံပါတ်အလိုက် စီထားသည်။
နံပါတ်နှစ်ခု ရှိနေသော နေရာများသည် စုတ်ချက်ထပ်နေသောနေရာများ ဖြစ်ပြီး
ငယ်ရာမှကြီးသောနံပါတ်သို့ ဆက်ဆွဲသွားရန်ဖြစ်သည်။
The eight strokes
စုတ်ချက်များကို စု၍ သော်လည်းကောင်း၊ ခွဲ၍ သော်လည်းကောင်း ပြထားပုံ
စုတ်ချက်စဉ်နံပါတ်နှင့် စုတ်ချက်ဦးတည်ရာတို့ကို အနီရောင်ဖြင့် ပြထားသည်။
တရုတ်'ယုန်'စာလုံးပါ ရေးနည်း ၈-မျိုး
တရုတ်永字八法

တရုတ်စာလုံးတစ်ခုကို စုတ်ချက်များစွာဖြင့် ရေးသားနိုင်ရာ မတူညီကွဲပြားသော စုတ်ချက် ၈-မျိုးကို (ထာဝရ ဟု အဓိပ္ပာယ်ရပြီး ယုန် ဟုအသံထွက်သော) စာလုံးတစ်ခုတည်းတွင် တွေ့ရှိပြီး ရှင်းပြနိုင်သည်။ ဤရှင်းပြချက်ကို ယုန် (永) စာလုံးပါ ရေးနည်း ၈-မျိုး(တရုတ်: 永字八法; ပင်ယင်: Yǒngzì Bā Fǎ, မြန်မာ: ယုန်ကျိပါးဖာ; ဂျပန်: 永字八法/えいじはっぽう, eiji happō; ကိုရီးယား: 영자팔법/永字八法, Yeongjapalbeop)ဟု ခေါ်ခြင်းဖြစ်သည်။ အစဉ်အလာအရ ဤစာလုံးကို ထပ်ခါထပ်ခါအရေးလေ့ကျင့်ခြင်းဖြင့် စုတ်ချက် ၈-မျိုးစလုံးကို ကျွမ်းကျင်ပိုင်နိုင်လာပြီး တရုတ်စာလုံးအလှရေးနည်းအခြေခံပိုင်နိုင်ကာ တရုတ်စာအရေးအသား သေသပ်လှပမှုကို ရရှိနိုင်သည်။

သမိုင်း

[ပြင်ဆင်ရန်]

အရှေ့ဂျင်မင်းဆက်တွင် ပေါ်ပေါက်သော ဝေါင်ရှီးကျီး (王羲之)မှ စတင်သည်ဟုလည်း ဆိုကြသည်။[] ထို့အပြင် ချွေးကျီယွိ ( 崔子玉)[]၊ ကျုံးယောင် (钟繇)[]၊ ကျိယုန် (智永)[]၊ ကျန်းရွှိ (张旭)[]တို့မှလာသည်ဟု ဆိုသည်များလည်း ရှိသည်။

စုတ်ချက် (笔画) တစ်ခုစီ၏ ရှင်းပြချက်

[ပြင်ဆင်ရန်]

「永」စာလုံးတွင် အောက်ပါစုတ်ချက် (笔画)များ ပါဝင်သည်။

စုတ်ချက် (笔) နံမည် တရုတ်၊ ဂျပန်နှင့် ကိုရီးယား စုတ်ချက်
CJK stroke or 笔画
「永」စာလုံးတွင် နေရာယူပုံ
1 တယမ် (ရိုးရှင်းတရုတ်: ; ရိုးရာတရုတ်: ; ပင်ယင်: diǎn) (အစက်ဟု ဘာသာပြန်နိုင်)
2 ဟိန်း (တရုတ်: ; ပင်ယင်: héng) (အလျားလိုက်ဟု ဘာသာပြန်နိုင်)
3 / ရှု (ရိုးရှင်းတရုတ်: ; ရိုးရာတရုတ်: ; ပင်ယင်: shù) (ဒေါင်လိုက်ဟု ဘာသာပြန်နိုင်)
4 ကိုး (တရုတ်: ; ပင်ယင်: gōu) (ချိတ်ဟု ဘာသာပြန်နိုင်)
5 ထီ (ရိုးရှင်းတရုတ်: ; ရိုးရာတရုတ်: ; ပင်ယင်: )/ထျောင်း (တရုတ်: ; ပင်ယင်: tiāo)(အတက်ဟု ဘာသာပြန်နိုင်)
6 ဝမ်း (ရိုးရှင်းတရုတ်: ; ရိုးရာတရုတ်: ; ပင်ယင်: wān) (အကွေ့/အကောက်ဟု ဘာသာပြန်နိုင်)
7 ဖျယ် (တရုတ်: ; ပင်ယင်: piě) (တစောင်းဟု ဘာသာပြန်နိုင်)
8 န (တရုတ်: ; ပင်ယင်: ) (အဖိဟု ဘာသာပြန်နိုင်)

ကိုးကား

[ပြင်ဆင်ရန်]

သမိုင်းကိုးကား

[ပြင်ဆင်ရန်]
  1. 李溥光《雪庵八法·八法解》:「历代以下,书者工于笔法之妙。其名世者,如魏晋之钟繇、王羲之,唐之欧(阳询)、虞(世南)、柳(公权)、颜(真卿)之辈,亦各家有书,所传之,惜乎沦没日久,真迹不存,惟羲之『永』字八法,共《三昧歌》,流传在世。」《法书苑》:「王逸少工书十五年偏攻『永』字八法,以其八法之势,能通一切。」
  2. 张怀瑾《玉堂禁经》:「八法起于隶字之始,后汉崔子玉历钟王以下,传授所用八体该于万字。」「大凡笔法,点画八体,备于『永』字。」
  3. 虞喜《志林》:「钟繇见蔡邕《笔法》于韦诞坐,苦求不与,捶胸呕血,太祖以五灵丹救之,诞死,繇盗发其墓,遂得之。」另见冯武:《书法正传》。
  4. 陈思《书菀菁华》:「隋僧智永,发其指趣,援于虞秘监世南,自兹传授遂广彰焉。」
  5. 朱长文《墨池编》。