စီခွန်ခမ်ကျောင်းတော်
Wat Si Khom Kham | |
---|---|
Phra Chao Ton Luang | |
အချက်အလက်များ | |
တည်နေရာ | Phayao, Phayao Province |
ကိုဩဒိနိတ် | 19°10′36″N 99°53′23″E / 19.17667°N 99.88972°Eကိုဩဒိနိတ်: 19°10′36″N 99°53′23″E / 19.17667°N 99.88972°E |
ဘာသာရေး နှီးနွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
နိုင်ငံ | ထိုင်းနိုင်ငံ |
ဗိသုကာ | |
ပြီးစီး | ၁၂ ရာစု |
စီခွန်ခမ်ကျောင်းတော်သည် ထိုင်းနိုင်ငံ၊ Phayao ဒေသ၊ Phayao မြို့တွင် တည်ရှိသည့် ဗုဒ္ဓကျောင်းတော်တစ်ခု ဖြစ်သည်။ နိုင်ငံအတွင်းတွင် Chiang Saen ခေတ်က အကြီးဆုံးဗုဒ္ဓရုပ်ပွားတော် တည်ရှိရာနေရာလည်း ဖြစ်သည်။ Phayao ကန်၏ ကမ်းစပ်တွင် တည်ရှိသည်။
သမိုင်း
[ပြင်ဆင်ရန်]စတင်တည်ထောင်ခဲ့သည့် ရက်စွဲသည် ၁၂ ရာစုတွင် ဖြစ်သည်ဟု တစ်ခါတရံ တွေ့ရသည်။ လက်ရှိအချိန်တွေ့မြင်နေရသည့် ပုံစံမှာမူ ၁၉၂၃ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ခြင်း ဖြစ်သည်။ ကျောင်းတော်၏ အဓိကဖြစ်သည့် ဗုဒ္ဓရုပ်ပွားတော်သည် ၁၄၉၁ နှင့် ၁၅၂၄ ခုနှစ်များအတွင်းက သွန်းလုပ်ခဲ့ခြင်း ဖြစ်သည်။
ဗိသုကာနှင့် အနုပညာ
[ပြင်ဆင်ရန်]Phra Chao Ton Luang ဗုဒ္ဓရုပ်ပွားတော်သည် ၁၄ မီတာ (၄၆ ပေ) အကျယ်ရှိကာ ၁၆ မီတာ (၅၂ ပေ) အမြင့် ရှိ၏။ ၁၅ ရာစု နှင့် ၁၆ ရာစုကာလများက တည်ထားကိုးကွယ်သည့် ပုံစံ ဖြစ်သည်။
အမည်တွင်ပုံ
[ပြင်ဆင်ရန်]ဗုဒ္ဓသည် စီခွန်ခမ်ကျောင်းတော်နေရာကို ကိုယ်တိုင်ရွေးချယ်ခဲ့သည်ဟူသည့် ဒဏ္ဍာရီများ ရှိခဲ့သည်။ ဗုဒ္ဓသည် နေရောင်မှ အရိပ်ရစေရန် ရှာဖွေရာ ကြီးထွားကာပေါက်ရောက်နေသည့် သစ်ပင်ကို သူ၏ မြင်ကွင်းတွင် တွေ့ခဲ့သည်။ ထိုသစ်ပင်ကို ငှက်တစ်ကောင်သည် သစ်စေ့မှ စိုက်ပျိုးထားသည်ဟု ဆိုသည်။