စက်ရုပ် ဥပဒေ သုံးရပ်
ပုံပန်းသွင်ပြင်
စက်ရုပ် ဥပဒေ သုံးရပ်သည် စိတ်ကူးယဉ် သိပ္ပံစာရေးဆရာ အိုင်ဆက်မော၏ Runnaround ထဲမှ ကောက်နုတ်ဖော်ပြချက်ဖြစ်သည်။ ယင်းဥပဒေအား ၁၉၄၂ ခုနှစ်တွင် မိတ်ဆက်ခဲ့ပြီး ထုတ်နုတ်ဖော်ပြရလျင် အောက်ပါအတိုင်းဖြစ်သည်။
- စက်ရုပ်သည် လူသားအား ထိခိုက်အောင်မပြုလုပ်ရ။ လူသားကိုယ်တိုင်အားလည်း ထိခိုက်စေခြင်းငှာ ခွင့်မပြုရ။
- ပထမဥပဒေနှင့်ဆက်စပ်၍ ဒွိဟဖြစ်စရာကြုံသည်မှလွဲလျင် စက်ရုပ်သည် လူသားတို့ ခိုင်းစေသောအမိန့်အား နာခံရမည်။
- ပထမဥပဒေနှင့် ဒုတိယဥပဒေတို့အပေါ် ဒွိဟဖြစ်စရာ ကြုံလာသည်မှလွဲလျင် စက်ရုပ်သည် ကိုယ်ပိုင်တည်ရှိနေမှုအား ကာကွယ်ရမည်။[၁]
အိုင်စမော၏ စက်ရုပ်ဥပဒေသည် လူငယ်များနှင့် ရုပ်ရှင်ဇာတ်လမ်းများတွင် လွှမ်းမိုးခဲ့သည်။ စက်ရုပ်တို့သည် အစိုးရနှင့် ဂြိုဟ်များ လူသားမျိုးနွယ်တစ်ရပ်လုံးအား တာဝန်ယူလာရသောအခါ စာရေးဆရာက လေးခုမြောက် ဥပဒေအား ထပ်ပေါင်းခဲ့သည်။
- စက်ရုပ်သည် လူသားမျိုးနွယ်အား ထိခိုက်စေခြင်းမပြုရသကဲ့သို့ ယင်းသို့ဖြစ်မည့်အရေးအားလည်း ခွင့်မပြုရ။
ကျမ်းကိုး
[ပြင်ဆင်ရန်]- ↑ Asimov, Isaac (1950). I, Robot
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |