စက်ရုပ် ဥပဒေ သုံးရပ်

ဝီကီပီးဒီးယား မှ
I, Robot ဟူသော စာအုပ်မျက်နှာဖုံးတွင် စက်ရုပ် ဥပဒေ သုံးရပ်အား ဖော်ပြထားသည်။

စက်ရုပ် ဥပဒေ သုံးရပ်သည် စိတ်ကူးယဉ် သိပ္ပံစာရေးဆရာ အိုင်ဆက်မော၏ Runnaround ထဲမှ ကောက်နုတ်ဖော်ပြချက်ဖြစ်သည်။ ယင်းဥပဒေအား ၁၉၄၂ ခုနှစ်တွင် မိတ်ဆက်ခဲ့ပြီး ထုတ်နုတ်ဖော်ပြရလျင် အောက်ပါအတိုင်းဖြစ်သည်။

  • စက်ရုပ်သည် လူသားအား ထိခိုက်အောင်မပြုလုပ်ရ။ လူသားကိုယ်တိုင်အားလည်း ထိခိုက်စေခြင်းငှာ ခွင့်မပြုရ။
  • ပထမဥပဒေနှင့်ဆက်စပ်၍ ဒွိဟဖြစ်စရာကြုံသည်မှလွဲလျင် စက်ရုပ်သည် လူသားတို့ ခိုင်းစေသောအမိန့်အား နာခံရမည်။
  • ပထမဥပဒေနှင့် ဒုတိယဥပဒေတို့အပေါ် ဒွိဟဖြစ်စရာ ကြုံလာသည်မှလွဲလျင် စက်ရုပ်သည် ကိုယ်ပိုင်တည်ရှိနေမှုအား ကာကွယ်ရမည်။[၁]

အိုင်စမော၏ စက်ရုပ်ဥပ​ဒေသည် လူငယ်များနှင့် ရုပ်ရှင်ဇာတ်လမ်းများတွင် လွှမ်းမိုးခဲ့သည်။ စက်ရုပ်တို့သည် အစိုးရနှင့် ဂြိုဟ်များ လူသားမျိုးနွယ်တစ်ရပ်လုံးအား တာဝန်ယူလာရသောအခါ စာရေးဆရာက လေးခုမြောက် ဥပဒေအား ထပ်ပေါင်းခဲ့သည်။

  • စက်ရုပ်သည် လူသားမျိုးနွယ်အား ထိခိုက်စေခြင်းမပြုရသကဲ့သို့ ယင်းသို့ဖြစ်မည့်အရေးအားလည်း ခွင့်မပြုရ။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. Asimov, Isaac (1950). I, Robot