မာတိကာသို့ ခုန်သွားရန်

ငုယင် ဖူထျောင်

ဝီကီပီးဒီးယား မှ
ငုယင် ဖူ ထျောင်
အထွေထွေအတွင်းရေးမှူး (ဗီယက်နမ်ကွန်မြူနစ်ပါတီ)
တာဝန်သက်တမ်း
၁၉ ဇန်နဝါရီ ၂၀၁၁ – ၁၉ ဇူလိုင် ၂၀၂၄
ယခင်လူNông Đức Mạnh
ဆက်ခံသူတိုလမ်း (Tô Lâm)
၉ ဆက်မြောက် ဗီယက်နမ်သမ္မတ
တာဝန်သက်တမ်း
၂၃ အောက်တိုဘာ ၂၀၁၈ – ၅ ဧပြီ ၂၀၂၁
ဝန်ကြီးချုပ်Nguyễn Xuân Phúc
ဒုတိယ သမ္မတĐặng Thị Ngọc Thịnh
ယခင်လူĐặng Thị Ngọc Thịnh
ဆက်ခံသူငုယင်စွမ်းဖု
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1944-04-14)၁၄ ဧပြီ၊ ၁၉၄၄
ဟနွိုင်းမြို့ဗီယက်နမ်နိုင်ငံ
ကွယ်လွန်၁၉ ဇူလိုင်၊ ၂၀၂၄(2024-07-19) (အသက် ၈၀)
ဟနွိုင်းမြို့ဗီယက်နမ်နိုင်ငံ
နိုင်ငံရေးပါတီဗီယက်နမ်ကွန်မြူနစ်ပါတီ
ကြင်ဖော်(များ)ငိုသီမန်
မိခင်ကျောင်းဗီယက်နမ် အမျိုးသားတက္ကသိုလ်
လူထုအုပ်ချုပ်ရေး အမျိုးသားတက္ကသိုလ်
သိပ္ပတက္ကသိုလ် (ဆိုဗီယက်)

ငုယင် ဖူထျောင် (၁၄ ဧပြီ ၁၉၄၄-၁၉  ဇူလိုင်၂၀၂၄) သည် ဗီယက်နမ်လူမျိုး နိုင်ငံရေးသမားဖြစ်သည်။ ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ သက်တမ်းရှည် အထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့သည်။[] ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် ဗီယက်နမ်သမ္မတအရာကို လည်းကောင်း၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၃ ရက်တွင် ဗီယက်နမ် နိုင်ငံခေါင်းဆောင်အဖြစ်လည်းကောင်း တင်မြှောက်ခံရသည်။

လူထုအစည်းအဝေး၏ ဥက္ကဋ္ဌအရာကို ၂၀၀၆ခုနှစ် မှ ၂၀၁၁ခုနှစ် ကာလတွင် ရပြီး ၂၀၁၁ ခုနှစ် ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ၁၁ ကြိမ်မြောက် အမျိုးသားကွန်ဂရက်တွင် အထွေထွေအတွင်းရေးမှူးအဖြစ် အရွေးခံရသည်။ ၂၀၁၆ ခုနှစ်တွင် ကျင်းပသော ၁၂ ကြိမ်မြောက် အမျိုးသားကွန်ဂရက်၌လည်း ထပ်ရွေးခံရသည်။

အထွေထွေအတွင်းရေးမှူး ရာထူးဖြင့် ပါတီ၏ အတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ဘက်ကော်မရှင်၏ အတွင်းရေးမှူးတာဝန်ကို ယူရသည်။ နိုင်ငံနှင့်ဆိုင်သော အဆုံးအဖြတ်များကို ချမှတ်သည့် နိုင်ငံရေးဗြူရို၏ ခေါင်းဆောင်လည်းဖြစ်ရာ ဗီယက်နမ်တွင် အာဏာအရှိဆုံးပုဂ္ဂိုလ် ဖြစ်နေသည်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်တွင် ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီက ထျောင်ကို နောက်သမ္မတအဖြစ် အရွေးခံမည်ဖြစ်ကြောင်း လူထုအစည်းအဝေး၌ စာရင်းသွင်းသည်။ ထိုလ ၂၃ ရက်တွင်ပင် ဗီယက်နမ်၏ ၉ ဆက်မြောက် သမ္မတအဖြစ် အရွေးခံရသည်။

ငယ်ဘဝနှင့် အစောပိုင်းလုပ်ဆောင်ချက်များ

[ပြင်ဆင်ရန်]
General Secretary Trọng arrives at Joint Base Andrews to meet President Barack Obama, 6 July 2015
President Donald Trump and President Trọng in front of a statue of Vietnamese revolutionary leader Ho Chi Minh, 27 February 2019

ထျောင်ကို ဒုံအန် ခရိုင်၊ ဒုံဟွိုင် ဘုံနယ်၌ ၁၉၄၄ ခုနှစ်၊ ဧပြီလ ၁၉ ရက်တွင် မွေးသည်။ မိဘများမှာ တောင်သူများ ဖြစ်သည်။ ၁၉၆၃ ခုနှစ် မှ ၁၉၆၈ ခုနှစ်ကာလ၌ ဟန္နိုင်းရှိ ဗီယက်နမ်အမျိုးသားတက္ကသိုလ်၌ ဒဿနိကဘာသာကို သင်ယူသည်။ ၁၉၆၈ ခု၊ ဒီဇင်ဘာလတွင် ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ပါတီဝင်ဖြစ်လာသည်။ ကွန်မြူနစ်မဂ္ဂဇင်း (Tạp chí Cộng Sản) အတွက် အလုပ်လုပ်သည်။ ၁၉၈၁ ခုနှစ် တွင် ဆိုဗီယက်သို့ သွားကာ သိပ္ပတက္ကသိုလ်သို့ တက်သည်။ ၁၈၉၃ ခုနှစ် တွင် သမိုင်းဘာသာနှင့် ဘွဲ့ရခဲ့သည်။

၁၉၉၁ ခုနှစ် တွင် ကွန်မြူနစ်မဂ္ဂဇင်း၏ အယ်ဒီတာချုပ် ဖြစ်လာသည်။ ၁၉၉၈ ခုနှစ် တွင် ပါတီလှုပ်ရှားမှုတို့ကို ပိုမိုအာရုံစိုက် လုပ်ကိုင်ရာ လူသိများသော နိုင်ငံရေးအယူအဆသမား ဖြစ်လာသည်။ ဗဟိုကော်မတီ၏ အယူအဆပိုင်းဆိုင်ရာကောင်စီကို ၂၀၀၁ ခုနှစ် မှ ၂၀၀၆ ခုနှစ် အထိ ဦးဆောင်ခွင့် ရသည်။

၁၉၉၄ ခုနှစ်၊ ဇန်နဝါရီလကပင် ဗဟိုကော်မတီဝင် ဖြစ်ခဲ့သည်။ နိုင်ငံရေးဗြူရို၏ အဖွဲ့ဝင်အရာကို ၁၉၉၇ ခုတွင် ရပြီး လူထုအစည်းအဝေး၏ ဒုဥက္ကဋ္ဌအရာကို ၂၀၀၂ ခုနှစ် ၊ မေလတွင် ဆက်ခံသည်။ ၂၀၀၀ ပြည့်နှစ် ၊ ဇန်နဝါရီမှ ၂၀၀၆ ခုနှစ် ၊ ဇွန်လအထိ ပါတီ၏ ဟန္နိုင်း အမှုဆောင်ကော်မတီ၏ အတွင်းရေးမှူး ဖြစ်ပြီး မြို့တော်အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူသည်။ ၂၀၀၆ ခုနှစ် ၊ ဇွန်လ ၂၆ ရက်တွင် လူထုအစည်းအဝေး၏ ဥက္ကဋ္ဌအဖြစ် အရွေးခံရသည်။ ၂၀၁၈ ခုနှစ် ၊ အောက်တိုဘာလ ၂၃ ရက်တွင် ဗီယက်နမ် ဆိုရှယ်လစ်ပြည်ထောင်စုသမ္မတနိုင်ငံ၏ ၉ ဆက်မြောက်သမ္မတ ဖြစ်လာသည်။

၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၄ ရက်တွင် ကင်ဇန်းသို့ သွားသော ခရီးစဉ်အပြန်တွင် ဟိုချီမင်းရှိ ချိုဇေးဆေးရုံသို့ အရေးပေါ်တင်ရသည်။ ပြည်ပသတင်းများက ဦးစွာဖော်ပြကြပြီး ပြည်တွင်း၌ ဂယက်ထလာသည်။ [][] အစောပိုင်းတွင် အစိုးရဘက်က မည်သည့်မှတ်ချက်မှ မပေး။ နောက်မှ နိုင်ငံခြားရေးဝန်ကြီးဌာနက မကျန်းမာကြောင်း၊ မကြာမီ လုပ်ငန်းဆောင်တာများ ပြန်လုပ်မည်ဖြစ်ကြောင်း သတင်းထုတ်သည်။ [] ၂၀၁၉ ခု၊ မေလ ၁၄ ရက်တွင် ပြန်ပေါ်လာပြီး နောက်လုပ်မည့် ပါတီကွန်ဂရက်အတွက် ဆွေးနွေးချက်များ လုပ်သည်။ []

ဘဝနိဂုံး

[ပြင်ဆင်ရန်]

ဗီယက်နမ်နိုင်ငံ ၏ သက်တမ်းရှည် ကွန်မြူနစ်ပါတီခေါင်းဆောင် ဖြစ်သူ ငုယင် ဖူထျောင် သည် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ []

ဆုများ တံဆိပ်များ

[ပြင်ဆင်ရန်]
  • ဂျိုဆေးမာတီဆု (၂၀၁၂)[]
  • ရွှေကြယ်ဆု (၂၀၂၄)

ကိုးကား

[ပြင်ဆင်ရန်]
  1. ဗီယက်နမ်ခေါင်းဆောင် ငုယင်ဖူချောင်း အသက် ၈ဝ မှာ ကွယ်လွန်BBC Burmese (၁၉ ဇူလိုင် ၂၀၂၄)။ ၂၀ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. Sức khoẻ của TBT Nguyễn Phú Trọng không còn là bí mật 100% (in vn-VN)။ 2019-06-27 တွင် ပြန်စစ်ပြီး။
  3. PHÓNG SỰ VIỆT NAM: Nếu ông Nguyễn Phú Trọng bệnh nặng, ai sẽ là người lên thay? (in vn-VN)။ 2019-06-27 တွင် ပြန်စစ်ပြီး။
  4. Bộ Ngoại Giao nói về sức khoẻ của Tổng bí thư။ 2019-04-25 တွင် ပြန်စစ်ပြီး။
  5. Tổng bí thư trở lại làm việc và kỳ vọng "lò nóng, củi gộc'။ 12 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-07-12 တွင် ပြန်စစ်ပြီး။
  6. Vietnam Communist Party chief Nguyen Phu Trong, the country’s most powerful leader, dies at age 80AP (20 July 2024)။ 20 July 2024 တွင် ပြန်စစ်ပြီး။
  7. Trong received Order of Jose Martí။ 1 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 November 2019 တွင် ပြန်စစ်ပြီး။