ဂမုန်းကိုယ်ရံကြီး
ဂမုန်းကိုယ်ရံကြီး | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae
|
(unranked): | Angiosperms
|
(unranked): | Monocots
|
မျိုးစဉ်: | Asparagales
|
မျိုးရင်း: | Amaryllidaceae
|
မျိုးဇာတ်: | Amaryllideae
|
မျိုးဇာတ်သေး: | Crininae
|
မျိုးစု: | Crinum
|
မျိုးစိတ်: | C. asiaticum
|
ဒွိနာမ | |
Crinum asiaticum L.[၁]
|
ဂမုန်းကိုယ်ရံကြီး
Poison Bulb (ကိုယ်ရံကြီး)
[ပြင်ဆင်ရန်]- Botany Term : Crinum asiaticm Linn
- Species/Family : Amaryllidaceae
ပုံသဏ္ဌာန် : အပင် အရွက်များ မြေမှ ကပ်ထွက်သည်။ ပင်စည်မဲ့သည်။ ဥတက် အလွန်ကြီး၍ အဖြူရောင်ရှိသည်။ အရသာ ခါးစပ်စပ်ရှိသည်။
အရွက် ရွက်ပြား ချောသည်။ ၁၁/၂ ပေ မှ ၄ ပေထိရှည်သည်။ မြေမှစု၍ထွက်သည်။ ရွက်နားညီ၍ ရွက်ထိပ်ချွန်သည်။ လှိုင်းတွန့်အနည်းငယ်ရှိသည်။ အသားထူသည်။ စိမ်းစိုသော အရောင်ပေါ်တွင် အဝါရောင် အစင်းငယ်များ ရောထွေးနေသည်။ အရွက် ထောင်မတ်သည်။
အပွင့် အဖြူရောင် ရှိသည်။ အနံ့မွှေးသည်။ မိုးရာသီတွင် ပွင့်၏။
အသီး အနည်းငယ် လုံးဝိုင်းသည်။ အစေ့တစ်စေ့သာ ပါဝင်သည်။
အသုံးပြုနိုင်သည့်
အစိတ်အပိုင်းများ : အရွက် ၊ ဥ ။
မြန်မာနိုင်ငံတွင်
တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် ပေါက်သည်။
ပေါက်ရောက်ပုံ ။ ။ အရိုင်းပင်နှင့် အသင့်အတင့် စိုက်ပျိုးပင်အဖြစ် နှစ်မျိုးလုံး တွေ့ရသည်။
အသုံးဝင်ပုံ : အာနိသင် ။ ။ မြန်မာဆေးကျမ်းများ အလိုအရ အပင်သည် ပူ စပ် ခါးသည်။ အဆိပ်ပြေစေသည်။ လေ ၊ သလိပ် ၊ ဆီး တို့ကို ကောင်းစေသည်။
အသုံးပြုပုံ-
အရွက်
[ပြင်ဆင်ရန်]၁ ။ အရွက်ကို ပြုတ်၍ ရေချိုးခြင်း ၊ အရည်ပျစ်ပျစ်သွေး၍ လိမ်းခြင်းပြုက အဖောအရောင်ရောဂါပျောက်၏။ ၂ ။ ခါးနာခြင်း ၊ ဒူးရောင်ခြင်း ရောဂါများအတွက် အရွက်ကို နွမ်းအောင် မီးခဲနှင့်ကပ်၍ အပူဓာတ်မကုန်မီ နာသော နေရာနှင် ရောင်သော နေရာများတွင် တစ်နာရီခန့် စည်းပေးက ပျောက်၏။
ဥ
[ပြင်ဆင်ရန်]၁ ။ ဥကို သွေးလိမ်းပါက အနာမီး ၊ အနာလျှံ ပျောက်၏။ သို့သော် ယား၏။ ၂ ။ အဆိပ်သင့်ပါက လျှာကို ပွတ်ရုံနှင့် ပျောက်ကင်းစေသည့် နန်းတွင်း လျှာပွတ်ဆေးတွင် ကိုယ်ရံကြီးဂမုန်းကို အထူးထည့်သွင်း အသုံးပြုကြ၏။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ EOL Crinum asiaticum။ 2009-05-23 တွင် ပြန်စစ်ပြီး။
- ↑ http://arogyamonline.com/commodity/materials/?raw=119[လင့်ခ်သေ]