ဂမုန်းကိုယ်ရံကြီး

ဝီကီပီးဒီးယား မှ

ဂမုန်းကိုယ်ရံကြီး
မျိုးရိုးခွဲခြားခြင်း
လောက:
Plantae
(unranked):
Angiosperms
(unranked):
Monocots
မျိုးစဉ်:
Asparagales
မျိုးရင်း:
Amaryllidaceae
မျိုးဇာတ်:
Amaryllideae
မျိုးဇာတ်သေး:
Crininae
မျိုးစု:
Crinum
မျိုးစိတ်:
C. asiaticum
ဒွိနာမ
Crinum asiaticum

ဂမုန်းကိုယ်ရံကြီး

Poison Bulb (ကိုယ်ရံကြီး)[ပြင်ဆင်ရန်]

  • Botany Term : Crinum asiaticm Linn
  • Species/Family : Amaryllidaceae


ပုံသဏ္ဌာန် : အပင် အရွက်များ မြေမှ ကပ်ထွက်သည်။ ပင်စည်မဲ့သည်။ ဥတက် အလွန်ကြီး၍ အဖြူရောင်ရှိသည်။ အရသာ ခါးစပ်စပ်ရှိသည်။ အရွက် ရွက်ပြား ချောသည်။ ၁၁/၂ ပေ မှ ၄ ပေထိရှည်သည်။ မြေမှစု၍ထွက်သည်။ ရွက်နားညီ၍ ရွက်ထိပ်ချွန်သည်။ လှိုင်းတွန့်အနည်းငယ်ရှိသည်။ အသားထူသည်။ စိမ်းစိုသော အရောင်ပေါ်တွင် အဝါရောင် အစင်းငယ်များ ရောထွေးနေသည်။ အရွက် ထောင်မတ်သည်။ အပွင့် အဖြူရောင် ရှိသည်။ အနံ့မွှေးသည်။ မိုးရာသီတွင် ပွင့်၏။ အသီး အနည်းငယ် လုံးဝိုင်းသည်။ အစေ့တစ်စေ့သာ ပါဝင်သည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက် ၊ ဥ ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် ပေါက်သည်။ ပေါက်ရောက်ပုံ ။ ။ အရိုင်းပင်နှင့် အသင့်အတင့် စိုက်ပျိုးပင်အဖြစ် နှစ်မျိုးလုံး တွေ့ရသည်။ အသုံးဝင်ပုံ : အာနိသင် ။ ။ မြန်မာဆေးကျမ်းများ အလိုအရ အပင်သည် ပူ စပ် ခါးသည်။ အဆိပ်ပြေစေသည်။ လေ ၊ သလိပ် ၊ ဆီး တို့ကို ကောင်းစေသည်။ အသုံးပြုပုံ-

အရွက်[ပြင်ဆင်ရန်]

၁ ။ အရွက်ကို ပြုတ်၍ ရေချိုးခြင်း ၊ အရည်ပျစ်ပျစ်သွေး၍ လိမ်းခြင်းပြုက အဖောအရောင်ရောဂါပျောက်၏။ ၂ ။ ခါးနာခြင်း ၊ ဒူးရောင်ခြင်း ရောဂါများအတွက် အရွက်ကို နွမ်းအောင် မီးခဲနှင့်ကပ်၍ အပူဓာတ်မကုန်မီ နာသော နေရာနှင် ရောင်သော နေရာများတွင် တစ်နာရီခန့် စည်းပေးက ပျောက်၏။

[ပြင်ဆင်ရန်]

၁ ။ ဥကို သွေးလိမ်းပါက အနာမီး ၊ အနာလျှံ ပျောက်၏။ သို့သော် ယား၏။ ၂ ။ အဆိပ်သင့်ပါက လျှာကို ပွတ်ရုံနှင့် ပျောက်ကင်းစေသည့် နန်းတွင်း လျှာပွတ်ဆေးတွင် ကိုယ်ရံကြီးဂမုန်းကို အထူးထည့်သွင်း အသုံးပြုကြ၏။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. EOL Crinum asiaticum။ 2009-05-23 တွင် ပြန်စစ်ပြီး။
  2. http://arogyamonline.com/commodity/materials/?raw=119[လင့်ခ်သေ]