ကိုကြီး၊ ဗိုလ်ချုပ် (အငြိမ်းစား)

ဝီကီပီးဒီးယား မှ

ဗိုလ်ချုပ်ကိုကြီး (လေ-၁၀၅၉) သည် ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့တွင် တပ်မတော် (လေ) သို့စတင် ဝင်ရောက်ခဲ့သည်။ ၁၉-၃-၉၈ မှ ၃-၁၁-၈၅ ရက်နေ့ထိ ဒုတိယကာကွယ်ရေးဦးစီးချုပ် (လေ)၏ တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၈၆ ခု၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် တပ်မတော်မှ အငြိမ်းစားယူပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီအဖြစ်နှင့် ပြည်သူ့တရားသူကြီးအဖွဲ့ အဖွဲ့ဝင်အဖြစ် ၁၉၈၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သည်။

ဗိုလ်ချုပ်ကိုကြီး (ငြိမ်း)သည် အမှတ် (၇၀/ မ) ငွေဝတ်မှုန်ရိပ်သာ၊ ရွှေတောင်ကြား (၁)ရပ်ကွက်၊ ဗဟန်းမြို့နယ်၌ ၁၉၉၉၊ ဧပြီ (၁၉) တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန် ၌ ဇနီး ဒေါ်တင်တင်ညိုနှင့် သားသမီးများ ကျန်ရစ်ခဲ့သည်။

ကျမ်းကိုးစာရင်း[ပြင်ဆင်ရန်]

  • (က) (၄၆) နှစ်မြောက် တပ်မတော် (လေ) နှစ်လည်မဂ္ဂဇင်း (၁၉၉၃)၊ စာ-၂၆
  • (ခ) ကြေးမုံ (၂၀-၄-၉၉)