မာတိကာသို့ ခုန်သွားရန်

ကမ္ဘောဒီးယားနိုင်ငံ၏ အလံတော်

ဝီကီပီးဒီးယား မှ
Cambodia
အမည် ခမာ: ទង់ជាតិកម្ពុជា
(The national flag of Cambodia)
အသုံးပြုခြင်း နိုင်ငံတော်အလံ and ensign
အချိုးအစား 16:25
ရွေးချယ်ခြင်း 1993 (previously used 1948–1970)
ဒီဇိုင်း Three horizontal bands of blue, red (double width) and blue, with a depiction of Angkor Wat in white centred on the red band.

ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတော်အလံ (ခမာ: ទង់ជាតិកម្ពុជា Tung-Cheat) သည် လက်ရှိပုံစံကို ၁၉၄၈ တွင် စတင်အသုံးပြုခဲ့ပြီး ၁၉၉၃ ခုနှစ် ရွေးကောက်ပွဲအပြီးနှင့် ဘုရင်စနစ် ပြန်လည်ထိန်းသိမ်းခြင်းများပြီးနောက် ၁၉၉၃ ခုနှစ်တွင် ပြန်လည်အသုံးပြုခဲ့သည်။

သင်္ကေတ

[ပြင်ဆင်ရန်]
သင်္ကေတ အဓိပ္ပာယ် ကိုယ်စားပြု
အန်ကောဝပ် တည်ကြည်မှု၊ တရားမျှတမှုနှင့် ယဉ်ကျေးမှုအမွေ ဘာသာတရား
အပြာ လွတ်လပ်ခြင်း၊ ပူးပေါင်းခြင်းနှင့် မောင်ရင်းညီအစ်ကို စိတ်ဓာတ် ဘုရင်
အနီ ရဲရင့်ခြင်း နိုင်ငံ


တော်ဝင်အလံတော်

[ပြင်ဆင်ရန်]
ကမ္ဘောဒီယားနိုင်ငံတော်ဝင်အလံတော်
ရွေးချယ်ခြင်း ၁၉၉၃
ဒီဇိုင်း azure, the royal arms or

ကမ္ဘောဒီးယား ဘုရင်၏ တော်ဝင်စံသတ်မှတ်ချက် (ခမာ: ទង់ព្រះមហាក្សត្រ; "ဘုရင့်အလံ") သည် ကမ္ဘောဒီးယား သက်ဦးဆံပိုင်ဘုရင်စနစ်၏ ကိုယ်ပိုင်အလံ ဖြစ်သည်။ ယင်းကို ၁၉၉၃ ခုနှစ်တွင် တရားဝင် အသုံးပြုခဲ့သော်လည်း ၁၉၄၁ ခုနှစ်ကတည်းက စတင်အသုံးပြုမှုများ ရှိခဲ့သည်။ ယင်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတော် အထိမ်းအမှတ် သင်္ကေတ တစ်ခုလည်း ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံ၏ အလံ၏ အလျားလိုက်ပုံ

သမိုင်းဝင် နိုင်ငံတော် အလံများ

[ပြင်ဆင်ရန်]
အလံ ကာလ အသုံးပြုခြင်း
Pre-1863 ခမာအင်ပါယာ၏ အလံ
၁၈၆၃ – ၁၉၄၈ ပြင်သစ်ထိန်းသိမ်းခံကာလ (၁၈၆၃ - ၁၉၄၁၊ ၁၉၄၅ - ၁၉၄၈) အတွင်း နှင့် ဂျပန်ကိုလိုနီကာလ (၁၉၄၁ - ၁၉၄၅) ကမ္ဘောဒီးယား ဘုရင့်နိုင်ငံ၏ အလံ။
မတ်–အောက်တိုဘာ ၁၉၄၅ ဂျပန်ကိုလိုနီကာလ ကမ္ဘောဒီးယားနိုင်ငံ၏ အလံဟု သံသယဖြစ်ဖွယ် ဆိုကြသည်။[]
၁၉၄၈–၁၉၇၀၊ ၁၉၉၃–လက်ရှိ ပြင်သစ်အထိန်းသိမ်းခံကာလ (၁၉၄၈ - ၁၉၅၃) နှင့် ပြင်သစ်မှ လွတ်လပ်ရေးရပြီး (၁၉၅၃ - ၁၉၇၀) နှင့် ၁၉၉၃ တွင် ဘုရင်စနစ်ပြန်လည်ထိန်းသိမ်းခြင်းမှ စ၍ အသုံးပြုသော အလံ
၁၉၇၀–၁၉၇၅ ခမာသမ္မတနိုင်ငံ၏ အလံ
၁၉၇၅–၁၉၇၆၊ ၁၉၉၀-၁၉၉၃ ဒီမိုကရက်တစ် ကမ်ပူချား နှင့် ကမ္ဘောဒီးယား နိုင်ငံတော် အစိုးရ၏ အလံ
၁၉၇၆–၁၉၉၂ ဒီမိုကရက်တစ် ကမ်ပူချား နှင့် ဒီမိုကရက်တစ် ကမ်ပူချား ညွန့်ပေါင်းအစိုးရ၏ အလံ
၁၉၇၉–၁၉၈၉ ကမ်ပူချားပြည်သူ့သမ္မတနိုင်ငံ၏ အလံ
၁၉၈၉–၁၉၉၁ ကမ္ဘောဒီးယားပြည်၏ အလံ[]
၁၉၉၂–၁၉၉၃ ကမ္ဘောဒီးယား အကူးအပြောင်းကာလ ကုလသမဂ္ဂ အာဏာပိုင်အဖွဲ့၏ အလံ


ကိုးကား

[ပြင်ဆင်ရန်]
  1. Cambodia - Japanese Occupation of World War II။ Crwflags.com။ 2017-12-21 တွင် ပြန်စစ်ပြီး။ မှတ်ချက်။ အခြားရင်းမြစ်များက ဤအလံတည်ရှိမှုသည် အငြင်းပွားဖွယ် ဖြစ်သည်။
  2. Cambodian Flag History။ Crwflags.com။ 2017-12-21 တွင် ပြန်စစ်ပြီး။