ဝီကီပီးဒီးယား:သင်ခန်းစာများ/ဝီကီပီးဒီးယား အချိတ်အဆက်များ

ဝီကီပီးဒီးယား မှ
မိတ်ဆက် ဘယ်လို
တည်းဖြတ်မလဲ
 ပုံစံချခြင်း အချိတ်အဆက်များ ရင်းမြစ်များကို
ကိုးကားခြင်း
 ဆွေးနွေးချက်
စာမျက်နှာများ
 မှတ်သားရန် မှတ်ပုံတင်ခြင်း အပြီးသတ်  
အချိတ်အဆက်များ ဖန်တီးခြင်း ဗီဒီယို သင်ခန်းစာ

ဝီကီပီးဒီးယား ဆောင်းပါးများ အချင်းချင်း ချိတ်ဆက်ခြင်း ဟာ အလွန်အရေးပါ ပါတယ်။ ဒါဟာ အသုံးပြုဖတ်ရှုသူတွေကို ဆက်စပ်အကြောင်းအရာတွေဆီ အလွယ်တကူ ရောက်ရှိဖတ်ရှုနိုင်လို့ပါပဲ။

ဘယ်လို ချိတ်ဆက်မလဲ

အခြား ဝီကီပီးဒီးယား စာမျက်နှာကို ချိတ်ဆက်ဖို့အတွက် (wiki link လို့ ခေါ်ပါတယ်)၊ လေးထောင့်ကွင်း နှစ်ထပ် ကို အသုံးပြုပါတယ်:

[[ဝီကီ]]

သင့်ပြင်ဆင်မှုကို သိမ်းပြီးရင် စာဖတ်သူမြင်ရမယ့် ပုံစံက : ဝီကီ

ဆောင်းပါးတစ်ခုကို ချိတ်ဆက်လိုပြီး ချိတ်ဆက်စာသားမှာ အခြားစာသားသုံးချင်တယ်ဆိုရင် "|" သင်္ကေတ (ကီးဘုတ်က SHIFT + BACKSLASH) ကို သုံးပါတယ်။ နမူနာပြရရင်:

1. :[[ပြင်ဦးလွင်မြို့|မေမြို့]] စာသားအချိတ်အဆက်အနေနဲ့ 'မေမြို့' လို့ ပြသပေးပြီး 'ပြင်ဦးလွင်မြို့' ဆောင်းပါးကို ချိတ်ဆက်ပေးထားမှာ ဖြစ်ပါတယ်။

2. :[[ဗိုလ်တထောင် သတင်းစာ|ဗိုလ်တထောင်]] နဲ့ [[ဗိုလ်တထောင်ဘုရား|ဗိုလ်တထောင်]] တို့ဟာ ဗိုလ်တထောင် လို့ပဲ အတူတူပြနေပေမယ့် မတူတဲ့ ဆောင်းပါးနှစ်ခု ကို ချိတ်ဆက်ထားတာပါ။

ဆောင်းပါးတွင်းက ခေါင်းစဉ်ခွဲဆီကိုလည်း ချိတ်ဆက်နိုင်ပါသေးတယ်:

[[Target page#Target section|display text]]

နမူနာအနေနဲ့:

[[Help:Link#Category ထည့်သွင်းခြင်း|Category]]

ဆိုရင် ဒီလိုမြင်ရမှာပါ: Category

ချိတ်ဆက်ထားတာကို စာလုံးအစောင်း ဒါမှမဟုတ် စာလုံးအထူနဲ့လဲ ပြသပေးနိုင်ပါသေးတယ်။

''[[အချိန်၏သမိုင်း အကျဉ်း]]''

ဆိုရင် ဒီလိုမြင်ရမှာပါ: အချိန်၏သမိုင်း အကျဉ်း

သင်ထည့်လိုက်တဲ့ အချိတ်အဆက်ဟာ မှန်ကန်တဲ့ ဆောင်းပါးကို ချိတ်ဆက်ထားသလားဆိုတာ စစ်ဆေးပေးပါ။ နမူနာပြရရင် မန္တလေး ဆိုတာ မြို့အကြောင်း ဆောင်းပါးဆီ ညွှန်ပြထားပြီး မန္တလေးတောင် ဆိုတာက မန္တလေးမှာရှိတဲ့ တောင်အကြောင်း ဆောင်းပါးဆီ ချိတ်ထားတာဖြစ်ပါတယ်။ ဆောင်းပါးမဟုတ်တဲ့ "သံတူကြောင်းကွဲ" စာမျက်နှာများ လည်း ရှိနေပါသေးတယ်။ မန္တလေး (သံတူကြောင်းကွဲ) လိုမျိုးကတော့ ရှင်းပါတယ်။ ဒါပေမယ့် မင်းလှမြို့ ဆိုတာက ယေဘုယျ အမည် ဖြစ်နေပါတယ်။ အဲဒီလို အခြေအနေမှာ "|" သင်္ကေတက အသုံးဝင်ပါတယ်။ ဥပမာ မင်းလှမြို့(သရက်ခရိုင်) ဆိုတာက မင်းလှမြို့ ဆိုတာထက် ဖတ်ရတာ အနည်းငယ်ကွဲပါတယ်။

ပိုမိုသိရှိလိုပါက Help:Link ကို ဖတ်ပါ

ဘယ်အချိန်မှာ ချိတ်ဆက်မလဲ

ဆောင်းပါးတစ်ခုအတွင်းမှာ အချိတ်အဆက်တွေ ထည့်တာက ကောင်းပါတယ်။ ဒါပေမယ့် အရမ်းများနေရင်လဲ အာရုံနောက်ပါတယ်။ အချိတ်အဆက်တွေ ထပ်နေတာကို ရှောင်ကြဉ်ဖို့ သင့်အနေနဲ့ ဆောင်းပါးတစ်ခုမှာ စာသား ဒါမှမဟုတ် စကားစုဟာ ပထမဆုံး အသုံး နေရာမှာပဲ ချိတ်ဆက်သင့်ပါတယ် (အဲဒါကြောင့် နိဒါန်းစာပိုဒ်မှာ ကျန်တဲ့ အပိုဒ်တွေထက် ချိတ်ဆက်တွေ ပိုများနေတတ်ပါတယ်)။ သင့်အနေနဲ့ ယေဘုယျအသုံး စကားလုံးတွေဖြစ်တဲ့ "ကမ္ဘာ" နဲ့ "ပြည်နယ်" စတာတွေအတွက် ဝီကီပီးဒီးယားမှာ ဆောင်းပါးရှိနေပေမယ့်လည်း ဆောင်းပါးတွင်းမှာ ဒီစာလုံးတွေက အဓိကမကျနေရင် မချိတ်ဆက်သင့်ပါဘူး။

ပိုမိုသိရှိလိုပါက Wikipedia:Manual of Style/Linking ကို ဖတ်ပါ

ကဏ္ဍများ

ဆောင်းပါးတစ်ပုဒ်ကို သူနဲ့ဆက်စပ်ခေါင်းစဉ်အောက်မှာ ကဏ္ဍတစ်ခု အနေနဲ့ ထည့်သွင်းနိုင်ပါတယ်။ ဆောင်းပါးရဲ့ အောက်ဆုံးနားမှာ [[Category:]] ဆိုတာ ရိုက်ထည့်ပြီး ":" နဲ့ ထောင့်ကွင်းအကြားမှာ ကဏ္ဍအမည်ကို ထည့်သွင်းနိုင်ပါတယ်။ နမူနာအနေနဲ့ [[Category:ဝီကီပီးဒီးယား သင်ခန်းစာများ]] လို ဖြစ်ပါတယ်။

အခြားလူတွေအတွက် ရှာဖွေရာမှာ လွယ်ကူစေတဲ့အတွက် မှန်ကန်တဲ့ ကဏ္ဍတွင်းကို ထည့်သွင်းခြင်းက အရေးကြီးလှပါတယ်။ ဘယ်ကဏ္ဍထဲ ထည့်မလဲဆိုတာအတွက် အလွယ်ကူဆုံးက ဆင်တူစာမျက်နှာတွေ လိုက်ကြည့်ပြီး သူတို့ ဘယ်ကဏ္ဍကို သုံးထားသလဲ ကြည့်ပါ။

ပိုမိုသိရှိလိုပါက Wikipedia:ကဏ္ဍခွဲခြင်း ကို ဖတ်ပါ

ပြင်ပအချိတ်အဆက်များ အပိုင်း

ဝီကီပီးဒီးယား ဆောင်းပါးအတော်များများမှာ ပြင်ပလင့်ခ်များ ဆိုတဲ့ အပိုင်းပါဝင်လေ့ရှိပါတယ်။ အဲဒီအပိုင်းဟာ ဆောင်းပါးခေါင်းစဉ်နဲ့ ဆက်စပ်တဲ့ အားထားနိုင်မယ့် သတင်းအချက်အလက်တွေရှိတဲ့ ဝက်ဘ်ဆိုဒ်တွေအတွက် ဖြစ်ပါတယ်။ နည်းနည်းနဲ့ တကယ်အားထားရမယ့် ပြင်ပအချိတ်အဆက်တွေကိုပဲ အဲဒီအပိုင်းမှာ ထည့်သွင်းသင့်ပါတယ်။ အသေးစိတ် လမ်းညွှန်ချက်တွေအတွက် Wikipedia:External links ကို ဖတ်ရှုပါ။

ပြင်ပအချိတ်အဆက်တစ်ခု ထည့်သွင်းဖို့အတွက် လေးထောင့်ကွင်း တစ်စုံစီအတွင်းမှာ URL အပြည့်အစုံနဲ့ ရေးသားနိုင်ပါတယ်။ နမူနာပြရရင် :

[http://www.example.com/ တရားဝင် ဝက်ဘ်စာမျက်နှာ]

ဆိုရင် :

တရားဝင် ဝက်ဘ်စာမျက်နှာ

လို့ မြင်ရမှာ ဖြစ်ပါတယ်။

ပိုမိုသိရှိလိုပါက Wikipedia:External links ကို ဖတ်ပါ


ရင်းမြစ်များကို ကိုးကားခြင်း သင်ခန်းစာကို ဆက်သွားမယ်