မာတိကာသို့ ခုန်သွားရန်

အသုံးပြုသူ:AungLinNaing749

ဝီကီပီးဒီးယား မှ

မြန်​မာစာ​ပေ မြန်​မာစကား စာ​ပေခရီး

စ​ပေဟုဆိုလိုက်​သည်​နှင့်​ အကြမ်းအားဖြင့်​နှစ်​မျိုးသာရှိသည်​ ၊ထိုနှစ်​မျိုးမှာ ရသစာ​ပေနှင့်​သုတစာ​ပေတို့သာဖြစ်​သည်​။

ရသစာ​ပေမှာကဗျာဝတ္ထုစာစီစာကုံး ပုံပြင်​ ဟာသ

ပြဇာတ် တို့ ဖြစ်​သည်​ ။သုတစာ​ပေမှာ သတင်း​​ဆောင်းပါး​ အ ​တွေးအမြင်​ ဘာသာ​ရေး အတ္ထုပ္ပတ္တိ စကားပုံ သမိုင်း ဆုံးမစာ ​ဆေကျမ်း သိပ္ပံနည်းပညာနှင့်​ အ​ထွေ​ထွေဗဟုသုတစာ​ပေများသာဖြစ်​သည်​။သုတနှင့်​ရသဆိုပြီးခွဲခြားထား​သော်​လည်း တစ်​မျိုးနဲ့တစ်​မျိုးဆက်​နွယ်​​နေပါသည်​။သုတစ​ပေပြီး ရသမနှီးနွယ်​ဘဲ​ရေးမည်​ဆိုလျှင်​ စာဖတ်​သူများ ငြီး

ငွေနိုင်သလို ရသစာ​ပေထဲတွင်​ သုတမပါလျှင်​လည်း ဟင်းခတ်​မှုန့်​သာထည့်​ပြီး ဆားမပါတဲ့ဟင်းတစ်​ခွက်​သာဖြစ်​​ပေလိမ့်​မည့်​။ သူ့​နေရာနှင့်​သူ အချိုးကျကျညီမျှ​အောင်​ ​ရော​မွှေခြင်းကသာလျှင်​ လျှာရင်းမြတ်​​သောဟင်းတစ်​ခွက်​နှင့်​တူသည့်​စာ​ကောင်းတစ်​ပုဒ်​ဖြစ်​​ပေလိမ့်​မည်​။

အပိုင်း[၂] လာမည်

အပိုင်း[၂]

➳ ➳ ➳ ကဗျာ➳ ➳ ➳ 

~ကဗျာ~ဟူ​သော​ဝေါဟာရကို လင်္ကာ ဟူ​သော​ဝေါ

ဟရနှင့်​ တွဲဖက်​​ခေါ်​ဝေါ်ကြသည်​။ကဗျာဟာ သက္ကဋဘာသာ ကာပျမှမှဆင်းသက်​လာပြီး အနက်​ပဓိပ္ပါယ်​ရှိရှိ ​ဒေါသမငြိဂုဏ်​ရသပါပါနည်းနာကျကျနှင့်

ရေးဖွဲ့ထားခြင်းဟုဆိုပါသည်​ ပါဠိမှာ​တော့ ကဗျ

ဟာအ​​​ကြာင်းအရာတစ်​ခုကို သတ်​မှတ်​ပြီးစည်းကမ်းနှင့်​ကာရန်​နှင့်​ ညီညွှတ်​​အောင်​​ရေူဖွဲ့ထား​သော

စာဟု အဓိပ္ပါယ်​ဖွင့်​ဆိုထားပြီး ​ရှေးပညာရှိတို့ကလည်း ကဗျာ ဟူသည်​ ကဝိ တို့၏ပစ္စည်းဥစ္စာဟုဝိဂြိုလ်​ပြုခဲ့ပါသည်​။

၁၉၃၀ ပတ်​ဝန်းကျင်​ကရန်​ကုန်​တက္ကသိုလ်​မှကဗျာဆရာများသည်​ ​လေးလုံးစပ်​လင်္ကာနှင့်​သံချိုကဗျာများကို အ​ခြေခံသည့်​ ​ခေတ်​စမ်းကဗျာများ​ရေးဖွဲ့လကြသည်​ ​ခေတ်​ကိုစမ်းသည့်​​ဘောဖြင့်​ကဗျာစပ်​ထုံကိုတိုးချဲ့ဖန်​တီးကြသည်​။ အ​ကြောင်းအရာကိုလည်းပတ်​​ဝန်းကျင်​မှ​ရွေးထုက်​လာကြသည်​။

မယ်​ဘွဲ့၊​မောင်​ဘွဲ့၊ဘုန်း​တော်​ဘွဲ့​တွေက​နေ တစ်​ကျုယ်​ရည်​ခံစားမှုလူ့ပတ်​ဝန်းကျင်​ ​ခေတ်​အမြင်​နှင့်

အမီုးသား​ရေးအဖွဲ့များ​ရေးလာကြသည်​။

၁၉၅၀ေ နာက်​ပိုင်း ကဗျာဖွဲ့ထုံးတွင်​ အသံအဓိက

ထား​ရေးဖွဲ့လာကြပြီးကာရန်​ယူဟန်​မှာလည်းအ

နောက်​တိုင်းကဗျာကာ ရန်န ည်းကိုအ​ခြေပြု​ရေးဖွဲ့လာကြသည်​။ကဗျာနှင့်​ပတ်​သက်​​သောအယူအဆများသည်​ ပိုမိုထွန်​ကားလာခဲ့ပြီး ကဗျာသည်

ပြည်​သူထဲက​​​​ပါက်ဖွားလာ​​သောပြည်​သူ့အသံနှင့်

ပြည်​သူ့ခံစားမှုဖြစ်​ရမည်​ဟုယူဆလာကြသည်​။

ရှေးအခါက ကဗျာ​လေ့လာ​ရေးတွင်​ ဆန်း ၊ဂိုဏ်း၊

ဒေါသ၊ဂုဏ်​အလင်္ကာ၊ရသ၊ စသည်​ကို​လေ့လာမှုပုံစံဖြင့်​သတ်​​မှတ်​​လေ့လာပြီး ၁၉၇၀ တစ်​ဝိုက်​တွင်

ကဗျာ​လေ့လာမှုနှင့်​ပတ်​သက်​၍ နိမိတ်​ပုံ တွဲဖက်​အနက်​ သ​င်္ကေတတို့ကို စံအဖြစ်​သတ်​မှတ်​ရန်​​ရေးသားလာခဲ့သည်​။၁၉၇၀ အလွန်​တွင်​ ကာရန်​ယူ​ရေးစပ်​ခြင်းမျိုးမပြုကြ​တော့ဘဲ ကဗျာကိုကာရန်​မဲ့​ရေးစပ်​လာ

ကြသည်​။အချို့ကနရီကိုယူပြီး ​ရေးဖွဲ့လာကြသည်​ဟုဆိုသည်​။ယခု​ခေတ်​မှာဆိုလျှင်​ ​မော်​ဒန်​ ၊ပို့ စ်

မော်​ဒန်​၊ သိစိတ်​အလျှဉ်​​ရေးနည်း၊နီယွန်​​မော်​ဒန်

နှင့် အခြား​​​​သောဆန်းသစ်​တီထွင်းများ​ရေးလာကြ

သည်​။ 

အပိုင်း [၃] လာမည်

❆ ❆ ❆ ❆ ❆ ❆ ➳ ​အောင်​လင်းနိုင်​❆ ❆ ❆ ❆ ❆ 
