အသုံးပြုသူ:AungLinNaing749
မြန်မာစာပေ မြန်မာစကား စာပေခရီး
စပေဟုဆိုလိုက်သည်နှင့် အကြမ်းအားဖြင့်နှစ်မျိုးသာရှိသည် ၊ထိုနှစ်မျိုးမှာ ရသစာပေနှင့်သုတစာပေတို့သာဖြစ်သည်။
ရသစာပေမှာကဗျာဝတ္ထုစာစီစာကုံး ပုံပြင် ဟာသ
ပြဇာတ် တို့ ဖြစ်သည် ။သုတစာပေမှာ သတင်းဆောင်းပါး အ တွေးအမြင် ဘာသာရေး အတ္ထုပ္ပတ္တိ စကားပုံ သမိုင်း ဆုံးမစာ ဆေကျမ်း သိပ္ပံနည်းပညာနှင့် အထွေထွေဗဟုသုတစာပေများသာဖြစ်သည်။သုတနှင့်ရသဆိုပြီးခွဲခြားထားသော်လည်း တစ်မျိုးနဲ့တစ်မျိုးဆက်နွယ်နေပါသည်။သုတစပေပြီး ရသမနှီးနွယ်ဘဲရေးမည်ဆိုလျှင် စာဖတ်သူများ ငြီး
ငွေနိုင်သလို ရသစာပေထဲတွင် သုတမပါလျှင်လည်း ဟင်းခတ်မှုန့်သာထည့်ပြီး ဆားမပါတဲ့ဟင်းတစ်ခွက်သာဖြစ်ပေလိမ့်မည့်။ သူ့နေရာနှင့်သူ အချိုးကျကျညီမျှအောင် ရောမွှေခြင်းကသာလျှင် လျှာရင်းမြတ်သောဟင်းတစ်ခွက်နှင့်တူသည့်စာကောင်းတစ်ပုဒ်ဖြစ်ပေလိမ့်မည်။
အပိုင်း[၂] လာမည်
အပိုင်း[၂]
➳ ➳ ➳ ကဗျာ➳ ➳ ➳
~ကဗျာ~ဟူသောဝေါဟာရကို လင်္ကာ ဟူသောဝေါ
ဟရနှင့် တွဲဖက်ခေါ်ဝေါ်ကြသည်။ကဗျာဟာ သက္ကဋဘာသာ ကာပျမှမှဆင်းသက်လာပြီး အနက်ပဓိပ္ပါယ်ရှိရှိ ဒေါသမငြိဂုဏ်ရသပါပါနည်းနာကျကျနှင့်
ရေးဖွဲ့ထားခြင်းဟုဆိုပါသည် ပါဠိမှာတော့ ကဗျ
ဟာအကြာင်းအရာတစ်ခုကို သတ်မှတ်ပြီးစည်းကမ်းနှင့်ကာရန်နှင့် ညီညွှတ်အောင်ရေူဖွဲ့ထားသော
စာဟု အဓိပ္ပါယ်ဖွင့်ဆိုထားပြီး ရှေးပညာရှိတို့ကလည်း ကဗျာ ဟူသည် ကဝိ တို့၏ပစ္စည်းဥစ္စာဟုဝိဂြိုလ်ပြုခဲ့ပါသည်။
၁၉၃၀ ပတ်ဝန်းကျင်ကရန်ကုန်တက္ကသိုလ်မှကဗျာဆရာများသည် လေးလုံးစပ်လင်္ကာနှင့်သံချိုကဗျာများကို အခြေခံသည့် ခေတ်စမ်းကဗျာများရေးဖွဲ့လကြသည် ခေတ်ကိုစမ်းသည့်ဘောဖြင့်ကဗျာစပ်ထုံကိုတိုးချဲ့ဖန်တီးကြသည်။ အကြောင်းအရာကိုလည်းပတ်ဝန်းကျင်မှရွေးထုက်လာကြသည်။
မယ်ဘွဲ့၊မောင်ဘွဲ့၊ဘုန်းတော်ဘွဲ့တွေကနေ တစ်ကျုယ်ရည်ခံစားမှုလူ့ပတ်ဝန်းကျင် ခေတ်အမြင်နှင့်
အမီုးသားရေးအဖွဲ့များရေးလာကြသည်။
၁၉၅၀ေ နာက်ပိုင်း ကဗျာဖွဲ့ထုံးတွင် အသံအဓိက
ထားရေးဖွဲ့လာကြပြီးကာရန်ယူဟန်မှာလည်းအ
နောက်တိုင်းကဗျာကာ ရန်န ည်းကိုအခြေပြုရေးဖွဲ့လာကြသည်။ကဗျာနှင့်ပတ်သက်သောအယူအဆများသည် ပိုမိုထွန်ကားလာခဲ့ပြီး ကဗျာသည်
ပြည်သူထဲကပါက်ဖွားလာသောပြည်သူ့အသံနှင့်
ပြည်သူ့ခံစားမှုဖြစ်ရမည်ဟုယူဆလာကြသည်။
ရှေးအခါက ကဗျာလေ့လာရေးတွင် ဆန်း ၊ဂိုဏ်း၊
ဒေါသ၊ဂုဏ်အလင်္ကာ၊ရသ၊ စသည်ကိုလေ့လာမှုပုံစံဖြင့်သတ်မှတ်လေ့လာပြီး ၁၉၇၀ တစ်ဝိုက်တွင်
ကဗျာလေ့လာမှုနှင့်ပတ်သက်၍ နိမိတ်ပုံ တွဲဖက်အနက် သင်္ကေတတို့ကို စံအဖြစ်သတ်မှတ်ရန်ရေးသားလာခဲ့သည်။၁၉၇၀ အလွန်တွင် ကာရန်ယူရေးစပ်ခြင်းမျိုးမပြုကြတော့ဘဲ ကဗျာကိုကာရန်မဲ့ရေးစပ်လာ
ကြသည်။အချို့ကနရီကိုယူပြီး ရေးဖွဲ့လာကြသည်ဟုဆိုသည်။ယခုခေတ်မှာဆိုလျှင် မော်ဒန် ၊ပို့ စ်
မော်ဒန်၊ သိစိတ်အလျှဉ်ရေးနည်း၊နီယွန်မော်ဒန်
နှင့် အခြားသောဆန်းသစ်တီထွင်းများရေးလာကြ
သည်။
အပိုင်း [၃] လာမည်
❆ ❆ ❆ ❆ ❆ ❆ ➳ အောင်လင်းနိုင်❆ ❆ ❆ ❆ ❆