The Dhamma Brothers
The Dhamma Brothers | |
---|---|
အခြေခံအချက်အလက် | |
ဒါရိုက်တာ | Jenny Phillips Andrew Kukura Anne Marie Stein |
ကြာမြင့်ချိန် | 76 minutes |
နိုင်ငံ | United States |
ဘာသာစကား | English |
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း | |
ဖြန့်ချိသည့်နေ့ |
|
The Dhamma Brothers သည် ၂၀၀၇ ခုနှစ်တွင် ထွက်ရှိခဲ့သည့် မှတ်တမ်းရုပ်ရှင်တစ်ခု ဖြစ်သည်။ Bessemer, Alabama အနီး Donaldson Correctional Facility ရှိ ထောင်သားများတရားအားထုတ်မှုအစီအစဉ်အကြောင်းကို ရိုက်ကူးထားသည်။ ရုပ်ရှင်တွင် လူသတ်မှုဖြင့် သေဒဏ်ချမှတ်ခံရသူများ၊ ထောင်စောင့်များ၊ ထောင်အရာရှိများ၊ ဒေသခံများနှင့် အခြားနေထိုင်သူများနှင့် တွေ့ဆုံမေးမြန်းမှုများ စသည်များပါဝင်သည်။ [၁][၂]သီချင်းအပါအဝင် အသံပိုင်းဆိုင်ရာကို Low, New Order and Sigur Rós စသည်တို့က ပါဝင်အားဖြည့်ထားသည်။[၃]
ရုပ်ရှင်ကို ဂျင်နီဖီးလစ် (Jenny Phillips) နှင့် အန်နီမာရီစတိန်း (Anne Marie Stein) က ရိုက်ကူးခဲ့သည်။ ဂျင်နီဖီးလစ် သည် စိတ်ကုထုံးဆရာဝန်၊ မနုဿဗေဒပညာရှင်၊ မှတ်တမ်းရုပ်ရှင်ဖန်တီးထုတ်လုပ်သူ ဖြစ်သည်။ အန်နီမာရီစတိန်း သည် ရုပ်ရှင်ကျောင်းတစ်ခု၏ အုပ်ချုပ်သူ ဖြစ်သည်။[၄] ၂၀၀၈ ခုနှစ်တွင် ဖီးလစ် သည် Letters from the Dhamma Brothers: Meditation Behind Bars (ISBN 1-92870-631-2) ဟူသည့် စာအုပ်ထွက်ရှိခဲ့သည်။ [၅][၃][၆]
The Dhamma Brothers ရုပ်ရှင်သည် နောက်ထပ်ထင်ရှားသည့် ရုပ်ရှင်တစ်ခု ဖြစ်သည့် Doing Time, Doing Vipassana (1997) နှင့် နှိုင်းယှဉ်ဖော်ပြခြင်း ခံခဲ့ရသည်။
တရားအားထုတ်ရေးအစီအစဉ်
[ပြင်ဆင်ရန်]ဒါရိုက်တာ ဂျင်နီဖီးလစ်၊ ဝိပဿနာတရားပြဆရာ Jonathan Crowley နှင့် Dr. Deborah Marshall တို့သည် ထောင်အတွင်း တရားအားထုတ်သည့်အစီအစဉ်အတွက် တာဝန်များစွာ ယူခဲ့ကြသည်။[၁] ဖီးလစ်သည် မက်ဆာချူးဆက်တွင် ထောင်အတွင်းယဉ်ကျေးမှုကို အရင်လေ့လာခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် သူမသည် Donaldson ရှိ ထောင်သားများသည် တရားအားထုတ်နေသည်ဟု ကြားသိခဲ့ရသည်။ [၇]ထို့နောက် သူမသည် ပထမဆုံး ၁၀ ရက်ကြတရားအားထုတ်သည့်စခန်းကို ၂၀၀၂ ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့သည်။ [၈]သူမသည် အမေရိကန်နိုင်ငံရှိ လုံခြုံရေးအမြင့်ဆုံး ထောင်တစ်ခုဖြစ်သည့် Donaldson တွင် ပထမဆုံးအကြိမ် ကျင်းပနိုင်ရမည်ဟု ယုံကြည်ခဲ့သည်။[၇] ယခင် အမေရိကန်ရှိ တရားသင်တန်းများသည် မြို့များရှိထောင်များတွင်သာ ကျင်းပခဲ့သည်။[၉]
တရားအားထုတ်မှုအစီအစဉ်တွင် ဆရာကြီး ဦးဂိုအင်ကာ သင်ကြားပြသပေးခဲ့သည့် ဝိပဿနာတရားအားထုတ်မှုများကို သင်ပေးသည်။ ၂၀၀၂ ခုနှစ် ဇန်နဝါရီလတွင် ပထမဆုံး ၁၀ ရက်တရားစခန်းကို ထောင်အတွင်း၌ ထောင်သား ၂၀ ဦးဖြင့် စတင်ခဲ့သည်။ ရုပ်ရှင်တွင် ၂၀၀၂ ခုနှစ် မေလတွင် ထောင်သား ၃၇ ဦးဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ၁၀ ရက်တနားခန်းမှ ပုံရိပ်များ ပါဝင်သည်။[၈] Each retreat consisted of 10 hours of daily meditation and was held in complete silence.[၁၀] နောက်ထပ် တတိယအကြိမ် သုံးရက်တရားစခန်းကို ၂၀၀၆ ခုနှစ် ဇန်နဝါရီလတွင် ပြလုပ်ခဲ့သည်။ ၎င်းတရားအားထုတ်မှုအကြိမ်တိုင်းတွင် တစ်နေ့လျှင် ကြာချိန် ၁၀ နာရီ တရားအားထုတ်ရပြီး ထိုအချိန်တွင် လုံးဝတိတ်ဆိတ်ကာ နေကြရသည်။[၁၁]
ရရှိမှု
[ပြင်ဆင်ရန်]Valley Advocate သတင်းစာ၏ ဂျက်ဘရောင်း (Jack Brown) သည်ဤရုပ်ရှင်ကို စတားလေးခု ပေးခဲ့သည်။ [၁၂]
ဆုများ
[ပြင်ဆင်ရန်]- Tied for Best Feature Documentary at the Woods Hole Film Festival 2007[၇]
- NCCD PASS Award Winner 2007[၁၃]
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- တရားဝင် ဝက်ဘ်ဆိုဒ်
- အိုင်အမ်ဒီဘီပေါ်ရှိ The Dhamma Brothers
- North American Vipassana Prison Trust Archived 19 June 2019 at the Wayback Machine.
- Watch The Dhamma Brothers at Culture Unplugged
- The Dhamma Brothers: Vipassana Meditation in Prison, audio interview on Buddhist Geeks
- Grady Bankhead's Personal Web Site
- ↑ ၁.၀ ၁.၁ The Dhamma Brothers။ The Hollywood Reporter (2008-04-15)။
- ↑ About.com movie review of The Dhamma Brothers။ Worldfilm.about.com။ 13 April 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-11-27 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ TV Guide review of The Dhamma Brothers by Ken Fox။ Tvguide.com။ 2011-11-27 တွင် ပြန်စစ်ပြီး။
- ↑ Scheib၊ Ronnie (2008-04-08)။ Variety review by Ronnie Scheib။ Variety.com။ 2018-05-02 တွင် ပြန်စစ်ပြီး။
- ↑ Publishers press release about the upcoming book။ Pariyatti.com။ 2011-11-27 တွင် ပြန်စစ်ပြီး။
- ↑ TV Guide review of Doing Time, Doing Vipassana by Ken Fox။ Tvguide.com။ 12 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-11-27 တွင် ပြန်စစ်ပြီး။
- ↑ ၇.၀ ၇.၁ ၇.၂ Joiner၊ Whitney (2007-09-13)။ New York Times review of The Dhamma Brothers by Whitney Joiner။ Nytimes.com။ 2011-11-27 တွင် ပြန်စစ်ပြီး။
- ↑ ၈.၀ ၈.၁ Publishers press release about the film
- ↑ "Vipassana Meditation In American Prisons" Archived 26 December 2017 at the Wayback Machine., North American Vipassana Prison Project
- ↑ From Murder to Meditation။ Khabar Magazine။ February 2, 2020 တွင် ပြန်စစ်ပြီး။
- ↑ New York Times review of The Dhamma Brothers by Jeannette Coutsoulis, April 11, 2008
- ↑ Brown, Jack. "Cinema Dope: Fedora the Explorer Archived 29 July 2014 at the Wayback Machine.." Valley Advocate. Thursday May 29, 2008. Retrieved on October 9, 2010.
- ↑ 2007 Pass Award Winners (PDF)။ National Council on Crime and Delinquency။ 11 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 24, 2016 တွင် ပြန်စစ်ပြီး။