Scottish Gaelic punk

ဝီကီပီးဒီးယား မှ

Scottish gaelic punk သည် Punk rock ၏မျိုးကွဲတစ်မျိုးဖြစ်ပြီး တီးဝိုင်းများသည် စကော့တလန်တွင် သုံးသော Scottish gaelic ဘာသာစကားနှင့် ယဉ်ကျေးမှုအနည်းစု၏ တန်ဖိုးကို အခိုင်အမာပြောဆိုသည်။ Gaelic punk တီးဝိုင်းနိုင်ငံရေးဆင်ခြင်သုံးသပ်ချက်များကို ဖော်ပြထားသည်။ အထူးသဖြင့် မင်းမဲ့ဝါဒနှင့် သဘာဝပတ်ဝန်းကျင်များနှင့် ဆက်နွယ်နေသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

Welsh ဘာသာစကားရှိ punk သည် အထူးသဖြင့် တီးဝိုင်းများသည် Anhrefn record label နှင့် ဆက်စပ်နေသည်။ စကော့တလန်ရှိ gaelic punk ဖြစ်ရပ်ကို လှုံ့ဆော်နိုင်ခဲ့သည်။ ၁၉၇၈မှ စကော့တလန် rock တီးဝိုင်း Runrig ၏ ပထမဆုံးalbum (Play Gaek) သည် အမှတ်ရစရာ ခေတ်ပေါ်စကော့တလန် gaelic-language ဂီတ album Lament ၏ သီချင်း Man of Two Worlds ၏သီချင်းတွင် gaelic စာသားများပါရှိ်သည် ၁၉၉၀အလယ် Tomintou မှ grindcore တီးဝိုင်း Scatha ၏ထူးခြားချက်မှာ သီချင်းများတွင် gaelic ဘာသာစကားဖြင့် ထူးခြားသည်။ ၂၀၀၅ခုနှစ်မတိုင်မီ အခြား ခေတ်ပေါ်ဂီတများမရှိမှီဖြစ်သည်။ Oil Polloi နှင့် Mill a h-Uile Rud တီးဝိုင်းများသည် gaelic EPS album များထုတ်လွှင့်ခဲ့သည်။ Mill a h-Uile Rud တီးဝိုင်းသည် အမေရိကန်ရှိဆက်တယ်မြို့တွင် အခြေစိုက်ထားပြီး စကော့တလန်တွင် အခြေစိုက်ထားသည်။ သူတို့သည် အမေရိကန်တွင် ရှိသကဲ့သို့ ဥရောပတဝိုက်ရှိ ဖျော်ဖြေ ပွဲများ ကျင်းပရာတီးခတ်ခဲ့သည်။ စကော့တလန်မှ ဧဒင်ဘာမှ Oi Polloi တီးဝိုင်းသည် ၁၉၈၁တွင် အင်္ဂလိပ်ဘာသာဖြင့် စတင်ဖျော်ဖြေခဲ့သည်။ သူတို့သည် ၂၀၀၅ခုနှစ်တွင် gaelic EP “Carson” ကို ဖြန့်ချိခဲ့သည်။ ဆက်လက်၍ ၂၀၀၆ခုနှစ်တွင် all-gaelic LP, Ar Ceol, Ar Canan, Ar-a-mach တို့ထွက်ရှိခဲ့သည်။ ၂၀၁၂တွင် all-Gaelic LP Duisg ထွက်ရှိခဲ့သည်။ သူတို့၏ ထူးခြားချက်မှာ သူတို့သည် စကော့တလန်ရှိ gaelic ဘာသာကိုဂရုစိုက်သော်လည်း အင်္ဂလိပ်နှင့် gaelic ဘာသာကို ရောက်နှေထားသည်။ မျိုးခွဲများထဲမှ ဂီတသမားများမှာ ကွဲပြားခြားနားသည်။ gaelic ဘာသာစကားပြောသော တီးဝိုင်းများထူးခြားချက်မှာ Isle of Skye (စကော့တလန်မှ ကျွန်း) ရှိ gaelic ကောလိပ်ဖြစ်သော Sabhal Mor Ostaig ကျောင်းထွက်များဖြစ်ကြသည်။ gaelic ဘာသာစကားကို အဓိကထား၍ သင်ယူ ခဲ့ကြသည်။ Gaelic punk တီးဝိုင်း Mill a h-Uile Rud သည် BBC တွင်ဖော်ပြခြင်းခံရသည်။ သူတို့သည် ဥရောပတဝိုက်တွင် ဖျော်ဖြေခဲ့ကြသည်။ The Scotman သတင်းစာသည် gaelic punk ဖြစ်ရပ်များကို ပုံမှန်တင်ပြလေ့ရှိပြီး အမေရိကန် Maximan Rocknroll မဂ္ဂဇင်းနှင့် punk planet မဂ္ဂဇင်းတို့သည် ထူးခြားသည့် မျိုးခွဲများအကြောင်းကို ယူဆောင်လာခဲ့သည်။