Post-hardcore

ဝီကီပီးဒီးယား မှ

Post-hardcore သည် Hardcore punk ဂီတအမျိုးအစား၏ မျိုးပွားတစ်မျိုးဖြစ်ပြီး Punk rock လှုပ်ရှားမှုတွင် ပျံ့နှံစေခဲ့သည်။ hardcore punk ဖြစ်ရပ်မှ ပေါ်ထွက်လာခဲ့ပြီး hardcore မှ ညဏ်ကွန့်မြူးမှုများကို ယူထားသည်။ အမျိုးအစားသည် ၁၉၈၀ အလယ်မှ နောက်ပိုင်းအထိ hardcore punk ဖြစ်ရပ်များ စတင်ခဲ့သည့် မြို့များမှ တီးဝိုင်းများမှ တစ်ဆင့် ဖြန့်ချိ၍ ပုံသဏ္ဌာန်ပေါ်လာသည်။ အထူးသဖြင့် Washington D.C မှ ဖြစ်ရပ်ဖြစ်သည်။ Fugazi, Big Blackနှင့် Jawbox တို့ဖြစ်ပြီး post-hardcore ၏ အရင်းအမြစ်ဖြစ်သော noise rock ဆီသို့ နီးစပ်စေခဲ့သည်။

ဝိသေသလက္ခဏာ[ပြင်ဆင်ရန်]

hardcore punk သည် အလွန်မြန်သော tempo များ ကျယ်လောင်သော အသံများနှင့် heavy bass levels များပါဝင်သည်။ တီးဝိုင်းများ၏ အဆိုရှင်များသည် လေချွန်သံနှင့်အတူ ကြမ်းရမ်းစွာ အော်ဟစ်ကြသည်။ Allmusic က ထောက်ခံထားသည်မှာ post-hardcore တီးဝိုင်းများသည် တည်ဆောက်ရန် ဖန်တီးရန် နည်းလမ်းများရှာဖွေကြသည်။ punk rock စွမ်းအားအတွက် ထွက်ပေါက်များကို ပေါင်းစပ်ထားသည်။ ၁၉၇၀နောက်ပိုင်းနှင့် ၁၉၈၀အစောပိုင်း ဗြိတိန် post-punkသည် post-hardcore တီးဝိုင်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို လွှမ်းမိုးစေခဲ့သည်။ အမျိုးအစားတိုးတက်လာသကဲ့သို့ ထိုအုပ်စုသည် soul, club, funk, jazzနှင့် dance-punk များကို စမ်းသပ်လေ့လာခဲ့သည်။ post-hardcore punk ဘဝတွင် အစပြုခဲ့သူများဖြစ်သည်။ သူတို့ထဲမှတချို့သည် သူတို့၏အသံများ ကျယ်ပြန့်လာစေပြီး ကျွမ်းကျင်သော ဂီတသမားများဖြစ်လာသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

Saccharine Trust, Naked Raygun နှင့် The Effigies စသော တီးဝိုင်းများသည် ၁၉၈၀ အစောပိုင်းတွင် နိုးကြွလာပြီး post-hardcore အမျိုးအစား၏ရှေ့ပြေးဟု ယူဆရသည်။ Naked Raygun သည် ချီကာဂိုမှဖြစ်ပြီး ၁၉၈၁တွင် တည်ထောင်ခဲ့သည်။ post-punk လွှမ်းမိုးမှုများကို ပေါင်းစပ်ထားပြီး လွှမ်းမိုးခဲ့သည့်တီးဝိုင်းများမှာ Wireနှင့် Gang of Four တို့ဖြစ်သည်။ စာရေးဆရာ Steven Blush သတိပြုမိသည်မှာ တိုက်ရိုက်မဟုတ်သော စာသားများနှင့် တောင့်တင်းခိုင်မာသော post-punk သံစဉ်များကို တီးဝိုင်းက အသုံးပြုထားခြင်းဖြစ်သည်။ ချီကာဂိုဖြစ်ရပ်မှ The Effigies တီးဝိုင်းသည် ဂီတကို ဖန်တီးခဲ့ပြီး hardcore အုပ်စု Minor Threat နှင့် ဗြိတိန် post-punk တီးဝိုင်းများဖြစ်သည့် Stranglers, Killing Joke နှင့် The Rats စသော တီးဝိုင်းများလွှမ်းမိုးထားသည်။ ၁၉၈၀အစောပိုင်းမှ အလယ်အတောအတွင်းတွင် hardcore ၏ပုံစံပြားများကို စမ်းသပ်လေ့လာရန် ဂီတသမားများဆီသို့ ပျံ့နှံစေခဲ့သည်။ အမျိုးအစားနှင့်ဆက်နွယ်နေပြီး ပြင်းထန်စွာ အမြစ်တွယ်ခဲ့သည်။ ထိုအုပ်စုများသည် ၈၀s noise rock ဖြစ်ရပ်မှ စိတ်ကူးညဏ်များ ယူဆောင်ခဲ့သည်။ တချို့တီးဝိုင်းများသည် independent label ဖြစ်သည့် Homestead Record သို့ လက်မှတ်ရေးထိုးခဲ့သည်။ Squirrel Beat, Big Black, Rapeman နှင့် Shellac တို့ပါဝင်သည်။ post-hardcore နှင့်လည်း ဆက်နွယ်နေသည်။ Big Black သည် သူတို့၏ DIY ethic ကြောင့် လူသိများသည်။ တီးဝိုင်း၏ဂီတပုံစံကို drum machine ဖြင့် ဝါကျခွဲထားသည်။ industrial rock တွင်လည်း တွေ့မြင်နိုင်သည်။ အမေရိကန်အပြင်ဘက်တွင် ကနေဒါတီးဝိုင်း Nomeansno ကြောင်း အမျိုးအစားသည် ပုံသဏ္ဌာန်ပေါ်လာခဲ့သည်။ ၁၉၇၉ကတည်းက နိုးကြွခဲ့သည်။ ၁၉၈၉တွင် အဖွဲ့၏ “Wrong” album ထွက်လာပြီး ထို album သည် post-hardcore ထဲတွင် ရန်လို၍ ပြင်းထန်သော အနုပညာ စီးကုံးချက်များထဲမှ တစ်ခုဖြစ်သည်။