OneHalf (ကွန်ပျူတာ ဗိုင်းရပ်စ်)

ဝီကီပီးဒီးယား မှ

OneHalf ဗိုင်းရပ်စ် သည် DOS အခြေပြု ဆင့်ပွား ကွန်ပျူတာ ဗိုင်းရပ်စ်ဖြစ်သည်။ ၁၉၉၄ ခုနှစ် အောက်တိုဘာလတွင် တွေ့ရှိခဲ့သည်။ Slovak Bomber, Freelove or Explosion-II ဟုလည်း ခေါ်ဆိုကြသည်။ ၎င်း ဗိုင်းရပ်စ်သည် ကွန်ပျူတာ စတင်ဖွင့်သည်နှင့် ဟာ့ဒ်ဒစ် ၏ ဆလင်ဒါနေရာနှစ်ခုကို ပုံပြောင်းလိုက်သည်။ ပြီးနောက် ပုံမှန်အနေအထားရောက်အောင် ပြန်ဖြည်ပေးသည်။ ကွန်ပျူတာ ဟာ့ဒ်ဒစ် ၏ master boot record ဖိုင်များ(.COM, .SCR and .EXE)ကို ဖျောက်ခြင်းဖြင့် တိုက်ခိုက်သည်။ ဖိုင်များကို ပုံသေမဟုတ်သောXOR (လော့ဂျစ်) အစီအစဉ် ပြုလုပ်ပြီး တိုက်ခိုက်ခြင်းဖြစ်သည်။ ၎င်းသည် ဖိုင်များကို XOR နည်းဖြင့် ပုံစံပြောင်းလိုက်ပြီ အချိန်အနည်းငယ်အတွင်း မူလဖိုင်ရအောင် ပြန်ဖြည်ပေးသောကြောင့် ဗိုင်းရပ်စ်ရှိမှန်း မသိလိုက်ပေ။ သို့သော်လည်း မူလဖိုင်ပြန်လည်ရရှိရန် မှားယွင်းသော ဖြည်နည်းကို အသုံးပြုလိုက်ပါက အချက်အလက်များဆုံးရှုံးနိုင်သည်။ ထိုဗိုင်းရပ်စ်ကို ဖယ်ထုတ်ရန်အတွက် SAC (Slovak Antivirus Center) မှ ဖယ်ရှားရေး ဆော့ဖ်ဝဲတီထွင်ပေးခဲ့သည်။ မည်သည့်လတွင်မဆို ၄ ၊ ၈ ၊ ၁၀ ၊ ၁၄ ၊၁၈ ၊ ၂၀ ၊ ၂၄ ၊ ၂၈ ၊ ၃၀ ရက်များတွင် လုပ်ငန်းလုပ်ဆောင်သည်။ ထိုဗိုင်းရပ်စ်တွင်

Dis is one half.

Press any key to continue ...[၁]

ဟူသော စာကြောင်းများ တွေ့ရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. One_Half။ Symantec။ 13 February 2013 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]