LulzRaft

ဝီကီပီးဒီးယား မှ
LulzSec နှင့် မရောထွေးပါနှင့်။

LulzSec သည် ကွန်ပျူတာ ဟက်ကာအဖွဲ့ဖြစ်ပြီး ကနေဒါဝဘ်ဆိုဒ်များအား ဆက်တိုက်ဆိုသလို တိုက်ခိုက်မှုများကြောင့် ၂၀၁၁ ခုနှစ်တွင် နိုင်ငံတကာ၏ ဂရုပြုခြင်းကို ခံရသည်။ သူတို့၏ ပစ်မှတ်များတွင် Conservative Party of Canada နှင့် Husky Energy တို့ပါဝင်သည်။ ၂၀၁၁ ဇွန် ၇ တွင် LulzRaft မှ ကနေဒါ ဝန်ကြီးချုပ် စတီဖင် ဟာပါ၏ ဇာတ်ကြောင်းအမှားအား မှားယွင်းစွာ ရေးသားကာ Conservative Party of Canada ဝဘ်ဆိုဒ်အား ဟက်ခဲ့သည်။ ယင်းကဲ့သို့ မဟုတ်မမှန် သတင်းအမှားသည် တွယ်တာမှတဆင့် ပျံ့နှံ့ခဲ့သည်။ ဝန်ကြီးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်က ယင်းဇာတ်လမ်းအား ငြင်းဆိုခဲ့သည်။[၁]

LulzRaft အဖွဲ့သည် ဇွန် ၈ တွင် ပါတီအလှူရှင်များ၏ အချက်အလက်များပါဝင်သည့် database တစ်ခုအား ထပ်မံတိုက်ခိုက်ခဲ့သည်။ ယင်းတွင် အလှူရှင်များ၏ အီးမေးလ်များ အိမ်လိပ်စာများ ပါဝင်သည်။ အဖွဲ့သည် Husky Energy အားလည်း တိုက်ခိုက်ခဲ့ပြီး ဤကဲ့သို့ တိုက်ခိုက်မှုသည် ယခင်တိုက်ခိုက်မှုမှ အကျိုးဆက်ဖြစ်ပြီး ပြည်သူများအား ဓာတ်ငွေ့အား အလကားပေးသုံးကြောင်း ကတိပြုသည့်စာစောင်အား တင်ထားခဲ့သည်။[၂]

မှတ်ချက်ပေးသူအချို့က အဖွဲ့အား Conservative ပါတီအား မနှစ်သက်ကြသူများဟု ထင်ကြေးပေးကြသော်လည်း[၁][၃] LulzRaft မှ ကြေညာချက် ထုတ်ပြန်သည်မှာ သူတို့သည် နိုင်ငံရေးသမားများအား မနှစ်သက်ကြသူများဟု ဆိုသည်။[၄] အချို့က Copycat effect ကြောင့် တိုက်ခိုက်ရန် စိတ်ကူး ရလာသည်ဟုဆိုကြသော်လည်းယင်းအဖွဲ့သည် LulzSec နှင့် ဆက်နွယ်မှု ရှိလေသလား မသိရပေ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ Beltrame၊ Julian။ "Hacker without a cause scores with Harper 'breakfast incident' hoax"၊ 8 June 2011။ 8 March 2012 တွင် ပြန်စစ်ပြီး 
  2. "Online donors' data breached: Conservatives"၊ 8 June 2011။ 10 June 2011 တွင် ပြန်စစ်ပြီး 
  3. Proussalidis၊ Daniel။ "Anti-Tory hackers strike again"၊ 8 June 2011။ 9 June 2011 တွင် ပြန်စစ်ပြီး 
  4. Chase၊ Steven။ "Hackers take another jab at Tories on heels of Harper choking hoax"၊ 8 June 2011။ 10 June 2011 တွင် ပြန်စစ်ပြီး