Honky-tonk

ဝီကီပီးဒီးယား မှ
(Honky tonk မှ ပြန်ညွှန်းထားသည်)
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Honky-tonk အမျိုးအစား၌ တီးလုံးနှစ်ခုနှင့် နောက်ခံတီးလုံး အပါအဝင် စည်းဝါးကျကျတီးခြင်းများပါဝင်သည်။ စတီးဂီတာနှင့် တယောများ အဓိက စိုးမိုးထားသည်။ ပထမဆုံးဂီတအမျိုးအစားကို honky-tonk ဂီတဟုအသိများပြီး piano ၏ပုံစံတစ်မျိုးဖြစ်ပြီး တေးသွားများနှင့် စည်းဝါးထက် ရိုင်သမ်ကို ဦးစားပေးထားသည်။ ထိုပုံစံသည် piano များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။

Honky-tonkဂီတသည် boogie-woogie ၏ပုံစံကို လွှမ်းမိုးထားသည်။ Jelly Roll Morton ၏ ၁၉၃၈ မှတ်တမ်းတွင် Honky tonk ဂီတနှင့် Meade Lux Lewis ၏ honky tonk Train Blues ဟု ဖော်ပြထားသည်။ Lewis သည် ၁၉၂၇ မှ ၁၉၅၀ အထိ အကြိမ်ပေါင်းများစွာ မှတ်တမ်းတင်ခဲ့သည်။ သီချင်းကို Oscar Peterson အပါအဝင် အခြားဂီတသမားများပြန်ဆိုခဲ့ကြသည်။

Honk tonk ၏ပုံစံသည် အစောပိုင်း Rock and roll ပုံစံနှင့် ဆင်တူသည်။ New Orleans မှ Fats Domino သည် honky tonk piano သမားဖြစ်ပြီး သူ၏ Blueberry Hill နှင့် Walking to Orleans ဂီတသီချင်းစာရင်းတွင် ကျော်ကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်မတိုင်မီနှစ်များတွင် ဂီတစက်မှုဇုံက Texas နှင့် Okalahoma မှ honky-tonk ဂီတကို hibilly ဂီတဟုရည်ညွန်းခဲ့သည်။ မကြာသေးမီက ဤဝေါဟာရကို country ဂီတမှ အဓိကသီချင်းများကိုရည်ညွန်းရာမှ ပေါ်လာခဲ့သည်။ western swing စသောဂီတများ ဖွံ့ဖြိုးလာခဲ့သည်။ ထူးခြားချက်မှာ ဂီတ၊ တယော၊ ဘေ့စ်ဂီတာနှင့် စတီးဂီတာများပါဝင်သည်။ အဆိုပုံစံသည် ကြမ်းတမ်း၍နှာသံပါသည်။ Floyd Tillman နှင့် Hank Williams စသောအဆိုတော်သီချင်းရေးဆရာများသည် နမူနာဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် အသံများရှင်းလင်း၍ စူးရှလာခဲ့သည်။ စာသားများသည် အချစ်ကို ဆုံးရှုံးခြင်း၊ သားမယားကို ပြစ်မှားခြင်း၊ အထီးကျန်မှု၊ အရက်စွဲလမ်းခြင်းများနှင့် ဆက်စပ်နေသည်။

၁၉၄၁တွင်ဖြန့်ချိခဲ့သော walking the floor Over You(Ernest Tubb) သည် honky-tonk တည်ဆောက်ရာ၌ အထောက်အကူဖြစ်စေခဲ့သည်။ Tubb သည် ရှေ့ဆုံးမှ ပါဝင်လာခဲ့သည်။ Tubb သည် Texas မှဖြစ်ပြီး Jimmie Rodgers ၏ဝါသနာရှင်ဖြစ်ကာ western swing ကိုရောနှောခဲ့သည်။ လျှပ်စစ်ဂီတာများကို နှစ်အတော်ကြာတီးခတ်ခဲ့သည်။ သူသည် Nashville သို့ ထိုသံစဉ်ကို ယူဆောင်ခဲ့သည်။ သူသည် Grand Ole Opry ၌ လျှပ်စစ်ဂီတာတီးခတ်သော ပထမဆုံးဂီတပညာရှင်ဖြစ်လာခဲ့သည်။ ၁၉၅၀တွင် honky tonk သည် ရွှေခေတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ Webb Pierce, Hank Lockln, Leffy Frizzell, Faron Young, George Jones နှင့် Hank Williams တို့နှင့်အတူ ကျော်ကြားလာခဲ့သည်။ ၁၉၅၀အလယ်မှ နောက်ပိုင်းတွင် rockabillyနှင့် Nashville sound တို့သည် honky tonk ၏လွှမ်းမိုးမှုကို အဆုံးသတ်စေခဲ့သည်။

The Rolling Stone ၏ Honky Tonk Women (၁၉၆၉) သည် honky tone ပုံစံကို အခြေခံထားသည်။ honky tonk အရက်ဆိုင်၏ ဂုဏ်သတင်းကျော်စောခြင်းကို ရည်ညွန်းထားသည်။ ၁၉၇၀တွင် outlaw country အမျိုးအစားကို Gary Steward, Waylon Jennings, Willie Nelson, David Allan Coe နှင့် Billy Joe Shaver တို့က ကိုယ်စားပြုခဲ့သည်။