Home Alone (ရုပ်ရှင်)
Home Alone | |
---|---|
![]() ရုပ်ရှင်ပိုစတာ | |
ဒါရိုက်တာ | Chris Columbus |
ထုတ်လုပ်သူ | John Hughes |
စာရေးသူ | John Hughes |
သရုပ်ဆောင် | |
ဂီတမှူး | John Williams |
ဓာတ်ပုံ | Julio Macat |
တည်းဖြတ် | Raja Gosnell |
ထုတ်လုပ်ရေး ကုမ္ပဏီ | Hughes Entertainment |
ထုတ်ဝေသူ | 20th Century Fox |
ဖြန့်ချိသည့်နေ့ |
|
ကြာမြင့်ချိန် | 103 minutes[၁] |
နိုင်ငံ | United States |
ဘာသာစကား | English |
ကုန်ကျငွေ | $18 million[၂] |
Box office | $476.7 million[၂] |
ရောင်းရငွေ | $476.7 million[၂] |
Home Alone ရုပ်ရှင်သည် ၁၉၉၀ ခုနှစ်က ထုတ်လုပ်သော အမေရိကန်ဟာသဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ခရစ္စမတ်ပိတ်ရက်တွင် မိသားစုခရီးမှ အိမ်တွင်ကျန်ရစ်ခဲ့သော ကလေးလေးမှ သူ့အိမ်ကို သူခိုးများရန်မှ ကာကွယ်သောအကြောင်းဖြစ်သည်။
အကျဉ်းချုပ်[ပြင်ဆင်ရန်]
McCallister မိသားစုသည် ခရစ္စမတ်ပိတ်ရက်အတွက် ပဲရစ်သို့ ခရီးထွက်ရန် ချီကာကိုအနီးရှိ ပီတာနှင့်ကိတ်တို့ ဇနီးမောင်နှံ၏ အိမ်တွင် မထွက်ခွာမီညတွင် လာနေကြသည်။ သူတို့၏အငယ်ဆုံးသား ကယ်ဗင်မှာ သူ့အိမ်တွင် လူများစွာရောက်နေ၍ စိတ်ရှုပ်ထွေးလာသည်။ ပီဇာစားသောက်ရာမှ သူ၏အစ်ကို ဘတ်ဇ်နှင့်စကားများရာ သူ့ကိုအိမ်ထပ်ခိုးပေါ်သို့သွားနေရန် ဒဏ်ပေးခံရသည်။ ထို့ကြောင့် သူ့မိသားစုများ ပျောက်ကွယ်သွားလျှင်ကောင်းမည်ဟု တွေးခဲ့သည်။ သူတို့၏ဘေးအိမ်တွင် အသက်ကြီးလှသော အဘိုးကြီးတစ်ဦးမှာ သူ့မိသားစုကို ဂေါ်ပြားဖြင့် ရိုက်သတ်ခဲ့သူ၊ ဓားပြတစ်ဦး စသည်ဖြင့် ကောလဟာလထွက်နေသော အဘိုးကြီးဖြစ်၍ ကယ်ဗင်မှာ ထိုလူအား ကြောက်ရွံ့လှသည်။ ထိုညတွင် လေတိုက်၍ ဓာတ်ကြိုးများ ပြတ်ကျကာ လျှပ်စစ်မီး ယာယီပြတ်တောက်သွားသည်။ လျှပ်စစ်ဖြင့် အလုပ်လုပ်သော နာရီမှာအလုပ်မလုပ်ဘဲ နှိုးစက်အသံ မြည်မလာချေ။ ထို့ကြောင့်အိမ်သားအားလုံး အိပ်ရာထနောက်ကျကြသည်။ လေယာဉ်အချိန်မီရန် ကပျာကယာ ပြင်ဆင်ရင်း ကယ်ဗင်ကိုမေ့ခဲ့ကြသည်။
ကယ်ဗင်နိုးလာသောအခါ တစ်အိမ်လုံး မရှိကြတော့ချေ။ ထိုအခါ သူ၏ဆန္ဒများပြည့်ဝသွား၍ ပျော်ရွှင်စွာဖြင့် ခုန်ပေါက်နေခဲ့သည်။ သို့သော် မကြာမီတွင် သူ့တွင် ကြောက်စိတ်များ ဝင်လာခဲ့သည်။ ကယ်ဗင်မှာ နှင်းများနှင့်ကစားရင်း ဘေးအိမ်မှ အဘိုးကြီးနှင့်တွေ့ကာ အိမ်ထဲတွင်ပုန်းနေခဲ့သည်။
သူ့အမေကိတ်မှာ ကယ်ဗင်ပျောက်နေကြောင်းကို လေယာဉ်ပေါ်ရောက်မှ သတိရကာ ပဲရစ်သို့ရောက်ရောက်ခြင်း လေကြောင်းများ လိုက်ရှာသော်လည်း နောက် ၂ ရက်အထိ ခရီးစဉ်များအားလုံး ပြည့်နေသည်။ ပီတာနှင့်ကျန်သူများမှာ မြို့ထဲရှိ သူ့အစ်ကိုအိမ်ရာတွင် သွားရောက်နေထိုင်ကြပြီး ကိတ်မှာ လေယာဉ်လက်မှတ်ရရန် ကြိုးပမ်းနေသည်။ အမေရိကန်သို့ လေယာဉ်များတွင် ကံကောင်းစွာနှင့် အဘိုးကြီးအဘွားကြီးစုံတွဲထံမှ စခရာတွန်မြို့သို့ လေယာဉ်လက်မှတ် ရခဲ့သည်။ ချီကာကိုကို လေယာဉ်လက်မှတ် ထပ်ဝယ်သော်လည်း မရသဖြင့် တီးဝိုင်းတစ်ခု၏ ဗင်ကားဖြင့် လိုက်ခဲ့ရသည်။
ထိုအတောအတွင်း သူခိုး၂ယောက်ဖြစ်သော ဟယ်ရီနှင့် မာ့ဗ်မှာ ကယ်ဗင်တို့အိမ်အနီးရှိ ခရီးသွားသောအိမ်များအား ဖောက်ထွင်းကြသည်။ ကယ်ဗင်မှာ ထိုအကြောင်းများကို သိရှိခဲ့သည်။ ခရစ္စမတ်အကြိုညတွင် ဘုရားရှိခိုးကျောင်း၌ ဘေးအိမ်မှ အဘိုးကြီးနှင့်တွေ့ကာ ထိုသူမှာ သူထင်သလိုမဟုတ်ကြောင်း၊ သူ၏သားနှင့် စကားများထားခြင်းသာဖြစ်ကြောင်း သိခဲ့ရပြီး သူ့အိမ်ကို ကြိုတင်ကာကွယ်ရန် ပြင်ဆင်ခဲ့သည်။ အိမ်တွင် ကယ်ဗင်တစ်ယောက်ထဲရှိသည်ကို သိသွားသော သူခိုး ၂ ယောက်မှာ လာရောက်ဖောက်ထွင်းသော်လည်း ကယ်ဗင်၏ ထောင်ချောက်များ မိခဲ့ကြသည်။ ထိုအတောအတွင်း သူကရဲများကို အကြောင်းကြားခဲ့သည်။
ခရစ္စမတ်နေ့တွင် သူ၏မိသားစုများ ပြန်လာရန် မျှော်လင့်ခဲ့သော်လည်း ရောက်မလာ၍ စိတ်ပျက်သွားသည်။ သို့သော်ခဏအကြာတွင် သူ့နားထဲတွင် သူ့အမေ၏ခေါ်သံကိုကြားလိုက်ရပြီး သူ့အမေပြန်ရောက်လာသည်။ မကြာမီတွင် သူ၏မိသားစုအားလုံး ပြန်ရောက်လာကြသည်။ သို့သော် သူက သူခိုး ၂ ယောက်အကြောင်း ပြောမပြခဲ့ပေ။ ထို့အပြင် ဘေးအိမ်မှအဘိုးကြီးမှာ သူ၏သားနှင့်ပြန်ခေါ်သွားကြသည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ HOME ALONE (PG)။ en:British Board of Film Classification (November 16, 1990)။ November 10, 2015 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ Home Alone (1990)။ Box Office Mojo။ November 19, 2011 တွင် ပြန်စစ်ပြီး။