HTTP cookie

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

HTTP ကွတ်ကီး ( ဝဘ်ကွတ်ကီးအင်တာနက်ကွတ်ကီးဘရောက်ဆာကွတ်ကီး သို့မဟုတ် ရိုးရှင်းစွာဖြင့် ကွတ်ကီး ဟုလည်းခေါ်သည်။) သည် အသုံးပြုစဉ် အသုံးပြုသူ၏ ဝဘ်ဘရောက်ဆာတွင် သိမ်းဆည်းထားသည်များ နှင့် ဝဘ်ဆိုက်မှ ပို့လိုက်သည့် သေးငယ်သည့် အချက်အလက်အပိုင်းအစတစ်ခု ဖြစ်သည်။ ဝဘ်ဆိုက်များတွင် စိတ်ချယုံကြည်ရသည့် ယန္တရားတစ်ခု ဖြစ်စေရန် ကွတ်ကီးကို အသုံးပြုကြသည်။ ကွတ်ကီးသည် ဝဘ်ဆိုက်များကို အချက်အလက်များ၊ ဈေးဝယ်ကဒ်များ၊ အသုံးပြုသူ၏ လုပ်ဆောင်ချက်များ၊ ယခင်က ကြည့်ရှုဖူးသည့် စာမျက်နှာများစာမျက်နှာများ စသည်တို့ကို မှတ်သားထားသည်။ ထိုပြင် အသုံးပြုသူ၏ ယခင်ကထည့်သွင်းခဲ့သည့် အမည်၊ လိပ်စာ၊ စကားဝှက်၊ အကြွေးဝယ်ကဒ်နံပါတ် စသည့်အချက်အလက်များကို လိုချင်သလို မှတ်သားထားနိုင်သည်။

အခြားကွတ်ကီးအမျိုးအစားတို့သည် ခေတ်သစ်ဝဘ်နည်းပညာတွင် အရေးပါသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်သည်။ အထောက်အထားသက်သေပြကွတ်ကီးများ (Authentication Cookies) သည် ဝဘ်ဆာဗာများမှ အသုံးအများဆုံးအသုံးအများဆုံး ကွတ်ကီးများ ဖြစ်သည်။ ၎င်းတို့ကို အသုံးပြုသူ၏ လော့အင်ဝင်ရောက်နေခြင်း ရှိမရှိကို သိရှိနိုင်ရန် အသုံးပြုသည်။ ထိုကဲ့သို့သော နည်းလမ်းကို အသုံးပြုခြင်းမရှိပါက ဝဘ်ဆိုက်သည် အသုံးဝင်သည့်အချက်အလက်များ၊ အသုံးပြုသူ၏ လော့အင်ဝင်ရောက်ခြင်းရှိမရှိကို သိနိုင်လိမ့်မည် မဟုတ်ပေ။ ထိုထောက်အထားသက်သေပြကွတ်ကီးများ၏ လုံခြုံမှုသည် ဝဘ်ဆိုက်နှင့် အသုံးပြုသူ၏ ဝဘ်ဘရောက်တို့၏ လုံခြုံရေးပေါ်တွင် မှီခိုသည်။ လုံခြုံရေးအားနည်းချက်များရှိပါက ဟက်ကာများသည် ကွတ်ကီးများကို အသုံးပြုပြီး အသုံးပြုသူ၏ အချက်အလက်များကို ရယူနိုင်ပေသည်။

Tracking Cookie နှင့် Third party cookie တို့သည် အမျိုးမျိုးသော ကြည့်ရှုမှုနောက်ကြောင်းကို သိရှိနိုင်သည့် အသုံးများသည့် နည်းလမ်းများ ဖြစ်သည်။ ဂူဂဲ၏ သုညစီမံကိန်း(Project Zero) လေ့လာရှာဖွေသူဖြစ်သည့် ဂျန်းဟွန်းက ကွတ်ကီးများသည် ကြားခံများဖြစ်သည့် ဝိုင်ဖိုင်ထောက်ပံ့သများက ဖတ်ရှုနိုင်သည်။ ထို့ကြောင့် သူသည် ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဘရောက်ဆာများတွင် Incognito mode ဖြင့် အသုံးပြုရန် အကြံပြုထားသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အမည်၏ ရင်းမြစ်[ပြင်ဆင်ရန်]

“ကွတ်ကီး” ဆိုသည့် စကားလုံးကို ဝဘ်ဘရောက်ဆာ ပရိဂရမ်မာတစ်ဦးဖြစ်သည့် လု့မွန်ုတူလီ (ou Montulli) က ထွင်၍ ခေါ်ဝေါ်ခဲ့သည်။ ထိုစကားလုံးသည် Magic Cookie ဆိုသော ဝေါဟာရမှ ဆင်းသက်လာ၏။ Magic Cookie ဆိုသည်မှာ ဒေတာအစီအစဉ်တစ်ခုဖြစ်ပြီး Unix ပရိဂရမ်မာများ အသုံးပြုကြသည်။

အမည်[ပြင်ဆင်ရန်]

ဖွဲ့စည်းတည်ဆောက်ပုံ[ပြင်ဆင်ရန်]

အသုံးပြုမှုများ[ပြင်ဆင်ရန်]

အကောင်အထည်ဖော်မှု[ပြင်ဆင်ရန်]

ဘရောက်ဆာအပြင်အဆင်[ပြင်ဆင်ရန်]

သီးသန့်တည်ရှိမှု နှင့် Third Party ကွတ်ကီးများ[ပြင်ဆင်ရန်]

Cookie theft and session hijacking[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]