အကူအညီ:ကဏ္ဍများ
ဤသည်မှာ သတင်းအချက်အလက် စာမျက်နှာတစ်ခု ဖြစ်သည်။ ယင်းတွင် တည်းဖြတ်သူ အဖွဲ့အစည်း၏ အများဆန္ဒသဘောထားကို ဝီကီပီးဒီးယား၏ စံသတ်မှတ်ချက်များနှင့် လက်တွေ့ကျင့်သုံးချက်များ ရှုထောင့်များမှ ဖော်ပြထားသည်။ ဤသည်မှာ ဝီကီပီးဒီးယား၏ မူဝါဒများ သို့မဟုတ် လမ်းညွှန်ချက်များ တစ်ခု မဟုတ်ပါ။ |
ကဏ္ဍများ သည် ဝီကီပီးဒီးယားတွင် ဆောင်းပါးများအား ယေဘုယျ ခေါင်းစဉ်တစ်ခုထဲသို့ ချိတ်ဆက်ထည့်သွင်းရာတွင် အသုံးပြုပြီး ယင်းတို့ကို ဆောင်းပါးစာမျက်နှာ၏ အောက်ဆုံးတွင် တွေ့မြင်နိုင်သည်။ ကဏ္ဍအမည်အား နှိပ်လိုက်ခြင်းဖြင့် ထိုကဏ္ဍတွင် ပါဝင်နေသော ဆောင်းပါးများစာရင်းနှင့် ကဏ္ဍခွဲများကို ပြသပေးသည်။ ကဏ္ဍများသည် ဖတ်ရှုသူများအား ဝီကီပီးဒီးယားတွင် လမ်းညွှန်ခြင်းနှင့် ဆက်စပ်ဆောင်းပါးများ ရှာဖွေရာတွင် ကူညီပေးသည်။
ကဏ္ဍဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]ကဏ္ဍများ အားလုံးသည် ကြီးစဉ်ငယ်လိုက် အစုကို ဖြစ်ပေါ်စေပြီး ကဏ္ဍခွဲများသည် ကဏ္ဍတစ်ခုထက်မကတွင် ပါဝင်နေနိုင်သည်။ အောက်ပါသည် ကဏ္ဍကြီးစဉ်ငယ်လိုက် ဖွဲ့စည်းပုံ နမူနာဖြစ်သည်။
ကဏ္ဍခွဲတစ်ခုသည် အခြားကဏ္ဍများစွာတွင် ပါဝင်နေနိုင်သည့်အတွက် အမှန်တကယ် ဆက်နွယ်မှုသည် ဖော်ပြထားသည်ထက် ပိုမိုရှုပ်ထွေးနေနိုင်သည်။ ကဏ္ဍတစ်ခု၏ ဖွဲ့စည်းဆက်နွယ်မှုပုံစံသည် အောက်ပါပုံကဲ့သို့ ဖြစ်နေနိုင်သည်။
ကဏ္ဍဖွဲ့စည်းပုံ၏ ထိပ်ဆုံးအကျဆုံး ကဏ္ဍမှာ Category:အကြောင်းအရာများ ဖြစ်သည်။ ယင်းကဏ္ဍမှနေ၍ ဝီကီပီးဒီးယား ထိန်းသိမ်းရေးကဏ္ဍများ အပါအဝင် အခြားကဏ္ဍများ ဖြန့်ခွဲသွားသည်။
အကယ်၍ ကဏ္ဍတွင်းရှိ စာရင်းသွင်းချက်တစ်ခုသည် စာလုံးစောင်း ဖြင့် ပြသထားပါက ယင်းသည် မတူညီသော အမည် သို့မဟုတ် ဆောင်းပါး၏ အပိုင်းတစ်ခု သို့ ပြန်ညွှန်းထားခြင်း ဖြစ်သည်။