အကူအညီ:ကဏ္ဍများ

ဝီကီပီးဒီးယား မှ
တည်းဖြတ်သူများအတွက် ပိုမိုပြည့်စုံသော အချက်အလက်များ အတွက် Help:ကဏ္ဍ ကို ကြည့်ပါ။

ကဏ္ဍများ သည် ဝီကီပီးဒီးယားတွင် ဆောင်းပါးများအား ယေဘုယျ ခေါင်းစဉ်တစ်ခုထဲသို့ ချိတ်ဆက်ထည့်သွင်းရာတွင် အသုံးပြုပြီး ယင်းတို့ကို ဆောင်းပါးစာမျက်နှာ၏ အောက်ဆုံးတွင် တွေ့မြင်နိုင်သည်။ ကဏ္ဍအမည်အား နှိပ်လိုက်ခြင်းဖြင့် ထိုကဏ္ဍတွင် ပါဝင်နေသော ဆောင်းပါးများစာရင်းနှင့် ကဏ္ဍခွဲများကို ပြသပေးသည်။ ကဏ္ဍများသည် ဖတ်ရှုသူများအား ဝီကီပီးဒီးယားတွင် လမ်းညွှန်ခြင်းနှင့် ဆက်စပ်ဆောင်းပါးများ ရှာဖွေရာတွင် ကူညီပေးသည်။

ဝီကီပီးဒီးယား ဆောင်းပါးတစ်ခု၏ အောက်ဆုံးရှိ ကဏ္ဍများ

ကဏ္ဍဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

ကဏ္ဍများ အားလုံးသည် ကြီးစဉ်ငယ်လိုက် အစုကို ဖြစ်ပေါ်စေပြီး ကဏ္ဍခွဲများသည် ကဏ္ဍတစ်ခုထက်မကတွင် ပါဝင်နေနိုင်သည်။ အောက်ပါသည် ကဏ္ဍကြီးစဉ်ငယ်လိုက် ဖွဲ့စည်းပုံ နမူနာဖြစ်သည်။

    Category:ပင်မ အကြောင်းအရာ ခွဲခြားရေးများCategory:ပထဝီဝင်Category:နေရာဒေသအလိုက် ပထဝီဝင်‎Category:နိုင်ငံအလိုက် ပထဝီဝင်Category:မြန်မာနိုင်ငံ ပထဝီဝင်Category:မြန်မာနိုင်ငံ၏ နယ်မြေအပိုင်းအခြားများCategory:မြန်မာနိုင်ငံတိုင်းဒေသကြီးများ‎
                      ↓
             ရန်ကုန်တိုင်းဒေသကြီး၊ စသဖြင့်

ကဏ္ဍခွဲတစ်ခုသည် အခြားကဏ္ဍများစွာတွင် ပါဝင်နေနိုင်သည့်အတွက် အမှန်တကယ် ဆက်နွယ်မှုသည် ဖော်ပြထားသည်ထက် ပိုမိုရှုပ်ထွေးနေနိုင်သည်။ ကဏ္ဍတစ်ခု၏ ဖွဲ့စည်းဆက်နွယ်မှုပုံစံသည် အောက်ပါပုံကဲ့သို့ ဖြစ်နေနိုင်သည်။



ကဏ္ဍဖွဲ့စည်းပုံ၏ ထိပ်ဆုံးအကျဆုံး ကဏ္ဍမှာ Category:အကြောင်းအရာများ ဖြစ်သည်။ ယင်းကဏ္ဍမှနေ၍ ဝီကီပီးဒီးယား ထိန်းသိမ်းရေးကဏ္ဍများ အပါအဝင် အခြားကဏ္ဍများ ဖြန့်ခွဲသွားသည်။

အကယ်၍ ကဏ္ဍတွင်းရှိ စာရင်းသွင်းချက်တစ်ခုသည် စာလုံးစောင်း ဖြင့် ပြသထားပါက ယင်းသည် မတူညီသော အမည် သို့မဟုတ် ဆောင်းပါး၏ အပိုင်းတစ်ခု သို့ ပြန်ညွှန်းထားခြင်း ဖြစ်သည်။