Gundam Factory Yokohama

ဝီကီပီးဒီးယား မှ
Gundam Factory Yokohama - ဂန်းဒန်းဖတ်ထရီ ယိုကိုဟားမား
ဖိုင်:20210124 - Credit=TamaotyanR63 - RX-78-F00 - Yokohama Gundam Factory - Pointing to sky (cropped).jpg
The Gundam RX-78F00, at Gundam Factory in Yokohama
တည်နေရာယမရှိတချော၊ ယိုကိုဟားမားမြို့ဂျပန်နိုင်ငံ
စတင်ဖွင့်လှစ်သည့်နေ့ -၁၉ ဒီဇင်ဘာ ၂၀၂၀

Gundam Factory Yokohama သည် ဂျပန်နိုင်ငံယိုကိုဟားမားရှိ ယာမရှိတဆိပ်ခံတံတားတွင်တည်ရှိသောဖျော်ဖြေရေးနေရာတစ်ခုဖြစ်သည်။ [၁] ၎င်း၏အဓိကအင်္ဂါရပ်တစ်ခုမှာ ရွေ့လျားနိုင်​သော Gundamစက်ရုပ်ကြီးဖြစ်သည်။ ထိုစက်ရုပ်ကြီးသည် ၁၈မီတာမြင့်ပြီး [၂] Pilot-operated "mech"ဟု​ခေါ်​သော ဂျပန်ကာတွန်းဂိမ်းမှဒီဇိုင်းဆွဲထား​ခြင်းဖြစ်ကာ ဤစက်ရုပ်ကြီးသည် ကမ္ဘာပေါ်ရှိ အကြီးဆုံးစက်ရုပ်များထဲတွင် အဆင့်၁၆မြောက်ဖြစ်သည်။ ၎င်းစက်ရုပ်ကြီးသည် ပထမဆုံးရွေ့လျားနိုင်သောစက်ရုပ်ကြီးအဖြစ်မှတ်တမ်းဝင်ထားသည်။

မူလက Gundam franchise ၏ နှစ်(၄၀)မြောက်နှစ်ပတ်လည်နှင့် ၂၀၂၀ တိုကျိုအိုလံပစ် အတွက် ၂၀၂၀ပြည့်နှစ် အောက်တိုဘာတွင်ဖွင့်လှစ်ရန်စီစဉ်ထားပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကြောင့်တည်ဆောက်မှုနှောင့်နှေးကြန့်ကြာခဲ့ရသည်။ [၃] အဆိုပါ site ကို ၁၉ ဒီဇင်ဘာလ ၂၀၂၀ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ ၃၁ မတ်လ ၂၀၂၂ခုနှစ် အထိဖွင့်လှစ်မည်ဖြစ်သည်။ [၄] ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ ၁၈ ရက်တွင် Luna Sea ရော့ခ်ဂီတအဖွဲ့သည်အနှစ် ၄၀ မြောက်နှစ်ပတ်လည်သီချင်း The Beyond ကိုဖွင့်ပွဲအခမ်းအနားတွင်တိုက်ရိုက်ထုတ်လွှင့်သီဆိုခဲ့သည်။ [၅] ပြပွဲမှာထူးခြားချက်နှစ်ခုရှိသည်။

Gundam Dock[ပြင်ဆင်ရန်]

အဓိကပြသမှုအဖြစ် ရွေ့လျားနိုင်​သောစက်ရုပ်ကြီး Gundam mech ဖြစ်သည်။ RX-78F00 လို့အမည်ပေးထား​သော ထိုစက်ရုပ်ကြီးသည် ဂျပန်နိုင်ငံတွင် အန်နီမေးရှင်းကားထဲမှအရွယ်အစားအတိုင်း ဆောက်လုပ်ထားသော တတိယမြောက်စက်ရုပ်ဖြစ်သည်။ တိုကျိုဂန်းဒန်း​ဘေ့စ်တွင် ဆောက်လုပ်ထား​သော အခြားနှစ်ခုမှာ ၂၀၀၉ RX-78-2 နှင့် ၂၀၁၇ RX-0 တို့ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]