Cowpunk

ဝီကီပီးဒီးယား မှ

Cowpunk (သို့မဟုတ်) country punk သည် punk rock ၏ မျိုးခွဲတစ်မျိုးဖြစ်ပြီး ၁၉၇၀ နှင့် ၁၉၈၀ အစောပိုင်းတွင် ယူနိုက်တက်ကင်းဒမ်းနှင့် ကယ်လီဖိုးနီးယားမှ စတင်ခဲ့သည်။ punk rock (သို့မဟုတ်) New Wave ကို country music, folk music နှင့် blues ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ဤဖြစ်ရပ်တွင် ပါဝင်သော ဂီတသမားများသည် alternative country နှင့် roots rock များနှင့် ဆက်နွယ်လာခဲ့သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၈၄ခုနှစ် New York Time သတင်းစာဆောင်းပါးတွင် cowpunk သည် မျက်စိကျစေသော အနုပညာရသအဖြစ်အသိအမှတ်ပြုခြင်းခံခဲ့ရပြီး ဝေဖန်ရေးသမားများသည် တစ်နည်းအားဖြင့် punk နှင့် new wave တီးဝိုင်းများနှင့်မဆက်စပ်ဘဲ country လွှမ်းမိုးသည့် ဂီတအဖြစ် ခွဲခြား၍ အသုံးပြုခဲ့သည်။ ဆောင်းပါးသည် ဂီတသမိုင်းကို အတိုချုပ်ခဲ့သည်။ US တွင်ပြောကြသည်မှာ ၁၉၈၀အစောပိုင်း တွင် ကွဲပြားသော punkနှင့် new wave တီးဝိုင်းများသည် classic country မှတ်တမ်းများကို စတင်၍စုဆောင်းခဲ့သည်။ ထိုနောက် သူတို့၏ အကြိုက်ဆုံးသီချင်းများကို အရှိန်မြင့်သော ပြန်ဆိုတေးများ အဖြစ် ဖျော်ဖြေတင်ဆက်ခဲ့သည်။ တီးဝိုင်းသစ်များလည်း ပေါ်ထွက်လာခဲ့သည်။ ၁၉၈၄တွင် U.S နှင့် အင်္ဂလန်တွင် တီးဝိုင်းဒါဇင်များစွာပါရှိခဲ့ပြီး country ဂီတကို MTV Generation အတွက်ပြုလုပ်ခဲ့သည်။ ဥပမာအားဖြင့် UK အုပ်စုနှစ်ခုဖြစ်သည့် country-tinged pop တီးဝိုင်း Boothill Foot Tappersနှင့် New Wave အုပ်စုဖြစ်သည့် Yip Yip Coyote နှင့်အခြားတီးဝိုင်းများဖြစ်သော X,The Blasters, Meat Puppet, Rubber Rodeo, Rank and File, Jason and Scorchers နှင့် Violent Femmes တို့ပါဝင်သည်။