ဘတ်တာဖလိုင်း
ပုံပန်းသွင်ပြင်
(Butterfly (Table tennis) မှ ပြန်ညွှန်းထားသည်)
ဘတ်တာဖလိုင်းတံဆိပ် | |
ဂျပန်နိုင်ငံ တိုကျိုမြို့တွင်ရှိသော တမစု ရုံးချုပ် | |
အမျိုးအစား | အများနှင့်ဆိုင်သော အစုအားဖြင့်တာဝန်ကန့်သတ်ထားသည့်ကုမ္ပဏီ(KK in Japan) |
---|---|
လုပ်ငန်း | အားကစားပစ္စည်း |
တည်ထောင်သည့်နှစ် | ဒီဇင်ဘာ ၁၉၊ ၁၉၅၀ |
ဌာနချုပ် | ဂျပန်နိုင်ငံ၊တိုကျိုမြို့၊ဆုဂိနမိ-ကု(Suginami) |
ဝန်ဆောင်မှု ဧရိယာ | တစ်ကမ္ဘာလုံး |
အရေးပါ ပုဂ္ဂိုလ်များ | Shunsaku Yamada |
ထုတ်ကုန်ပစ္စည်း | |
ဝက်ဘ်ဆိုက် | www.butterfly.co.jp |
ကိုးကား [၁] |
ကာဘုရှိကိဂိုင်းရှ တမစု (株式会社タマス ( Kabushiki-gaisha Tamasu ))သည် စားပွဲတင်တင်းနစ်သုံး အားကစားပစ္စည်းများနှင့် အဝတ်အစားများကို ထုတ်လုပ်ရောင်းချဖြန့်ဖြူးသော ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။[၂] ၎င်း၏ ကုန်အမှတ်တံဆိပ်မှာ ဘတ်တာဖလိုင်း (Butterfly)ဖြစ်ပြီး၊ ဂျပန်နိုင်ငံတွင် အခြေစိုက်သည်။ ဂျာမနီနိုင်ငံ မာ့စ်မြို့ (Moers)တွင် ဥရောပတမစုဘတ်တာဖလိုင်း (Tamasu Butterfly Europe)ဟူ၍ ရုံးခွဲဖွင့်ထားသည်။ ရှန်ဟိုင်းမြို့တွင်လည်း တရုတ်တမစုဘတ်တာဖလိုင်း (Tamasu Butterfly China)ဟူ၍ ရုံးခွဲဖွင့်ထားသည်။ ဆိုးလ်မြို့တွင်လည်း ကိုရီးယားတမစုဘတ်တာဖလိုင်း (Tamasu Butterfly Korea)ဟူ၍ ရုံးခွဲဖွင့်ထားသည်။ ဤကုမ္ပဏီကို ၁၉၅၀-ခုနှစ်တွင် ထိုအချိန်က စားပွဲတင်တင်းနစ် ကစားသမားတစ်ယောက်ဖြစ်သော ဟိကိုစုကဲ တမစု (Hikosuke Tamasu)[၃]မှ ဂျပန်နိုင်ငံ၊ ယာနိုင်းမြို့ (Yanai)တွင် တည်ထောင်ခဲ့သည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Company Profile။ Tamasu။ January 12, 2019 တွင် ပြန်စစ်ပြီး။
- ↑ Saslow၊ Eli။ "Youth Is Serving - Table Tennis Prodigy Paddles Toward U.S. Olympic Team"၊ Washington Post၊ January 12, 2008။
- ↑ Marshall၊ Ian။ "Associating With Youth"၊ International Table Tennis News၊ December 16, 2003။
- ↑ Company Profile။ Bloomberg L.P.။ January 12, 2019 တွင် ပြန်စစ်ပြီး။