အညံ့ပန်း

ဝီကီပီးဒီးယား မှ
အညံ့ပန်း

အညံ့ပန်းမှာ ပတ္တမြား နှင့်တွဲတွေ့ရတတ်သည့် တွဲဖက်ကျောက် ဖြစ်ပါသည်။ ဓာတုဖွဲ့စည်းမှုမှာ မဂ္ဂနီဆီယံ အလူမီနီယံအောက်ဆိုက်ဒ် (MgAl2O4)ဖြစ်သည်။ ယခင်က တန်ဖိုးနည်း ကျောက်အဆင့်သာ သတ်မှတ်သော်လည်း ယခုအခါ လှပပြီး အရည်မီသည့် အညံ့ပန်းဆိုလျှင် ဈေးကောင်းတတ်သည့်အတွက် လူတို့၏ အာရုံစိုက်ခြင်း ခံလာရပြီဖြစ်သည်။ မာဆင့်မှာ ၈ရှိပြီး အနီရောင်ကို လူတို့က ပတ္တမြား အစားသုံးရန် ပိုနှစ်သက်ကြပါသည်။ မြန်မာ၊ သီရိလင်္ကာအာဖဂန်နစ္စတန်ဘရာဇီး နှင့် ထိုင်းနိုင်ငံတို့တွင် ပေါများစွာ တွေ့ရသည်။