အင်ဆူလင်

ဝီကီပီးဒီးယား မှ
၁၁:၃၈၊ ၁၉ ဒီဇင်ဘာ ၂၀၁၆ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (စာလုံးပေါင်း ပြင်ဆင်ခြင်း) တည်းဖြတ်သည့်မူ

ဆီးချို-၁နှင့် ဆီးချို-၂ တို့တွင် ဆီးချိုဖြစ်ရသည်မှာ အင်ဆူလင် ထုတ်လုပ်မှုကျဆင်းခြင်း သို့မဟုတ် အင်ဆူလင်၏အစွမ်းသတ္တိကို ခန္ဓာကိုယ်က ခုခံခြင်းမျိုး နှင့် ဆက်စပ်သည်။ အင်ဆူလင် ထုတ်လုပ်မှုလည်း မကျဆင်း ခန္ဓာကိုယ်ကလည်း အင်ဆူလင်အစွမ်းသတ္တိကို မခုခံပါဘဲလျက် ဆီးချိုဖြစ်နိုင်ပါသလား? ဖြစ်နိုင်ပါ၏။ ပန်ကရိယ ဘီတာဆဲလ်က ထုတ်လုပ်လိုက်သော အင်ဆူလင်ကိုယ်နှိုက်က အရည်အသွေးမကောင်း လှျင် ဖြစ်နိုင်ပါသည်။ ဤကိစ္စတွင် အင်ဆူလင်စွမ်းရည် အပြည့်အဝ မဖော်ဆောင်နိုင်သဖြင့် ဆီးချိုဖြစ်ရသည်။ ၎င်းကိုလည်း အခြားဆီးချိုအမျိုးအစားများ ထဲတွင် ထည့်သည်။

ဆီးချို-၁ ရောဂါသည် ပြင်ပမှ အင်ဆူလင်ကို အဓိက မှီခိုနေရသော ရောဂါဖြစ်သည်။ ဆေးကုသရန် လိုအပ်သည့် အခြေအနေဖြစ်ပါက အင်ဆူလင် ထိုးဆေးဖြင့်သာ ကုသနိုင်ပြီး၊ ဆီးချိုကျသောက်ဆေးများကို အသုံးမပြုနိုင်ပေ။ ဤနေရာတွင် မှတ်ထားရမည်မှာ အင်ဆူလင် သောက်ဆေးဟူ၍ မရှိခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အင်ဆူလင်မှာ အမိုင်နိုအက်ဆစ်များဖြင့် ဖွဲ့စည်းထားသဖြင့် အစာအိမ်နှင့်အူလမ်းကြောင်းထဲတွင် အစာချေ အင်ဇိုင်းများ၏ ချေဖျက်မှုဒဏ်ကို ခံရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကုသရမည့် ရောဂါအခြေအနေ အပေါ်မူတည်၍ အင်ဆူလင်ကို သွေးပြန်ကြော မှတဆင့် လည်းကောင်း၊ အရေပြားအောက် မှတဆင့် လည်းကောင်း ပေးရသည်။