သိဝ

ဝီကီပီးဒီးယား မှ
၁၇:၃၉၊ ၁၂ ဒီဇင်ဘာ ၂၀၂၀ နေ့က KaungKhantNaing03 (ဆွေးနွေး | ပံ့ပိုး) (→‎သိဝ:  ဟိန္ဒူဘာသာနှင့် မကိုက်ညီသော စော်ကားထားသည်များ ပါ၀င်နေသည်။) တည်းဖြတ်သည့်မူ
သိဝကျောက်ရုပ်

သိဝ (Shiva) သည် ဟိန္ဒူဘာသာဘုရားအဓိကတစ်ပါးဖြစ်သည်။ လောကကို ဖန်ဆင်းသူ ဗရဟ်မာ၊ လောကကိုထိန်းသိမ်းစောင့်ရှောက်သူ ဗစ်ရှ်နူး(ဗိဿနိုး)၊ လောကကို ဖျက်ဆီးပြီး လောကအသစ် ဘဝအသစ် တစ်ခုကို ထပ်မံဖန်ဆင်းသူ ရှိဗ (သိဝ) ဟူ၍ ဟိန္ဒူဘာသာတွင် တန်ခိုးအကြီးဆုံး ဘုရား (၃) ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည်။ သိဝ၏ ကြင်ယာတော်မှာ ပဗ္ဗတီ (Parvati) ဖြစ်သည်။ ပဗ္ဗတီကို မြန်မာနိုင်ငံတွင် ကာလီမယ်တော်ဟုလည်း လူသိများသည်။