သာရဘွင်

ဝီကီပီးဒီးယား မှ

သာရဘွင်ရွာသည် မြန်မာနိုင်ငံတနင်္သာရီတိုင်းဒေသကြီးမြိတ်ခရိုင်တနင်္သာရီမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာဖြစ်သည်။

တည်နေရာ

မြိတ်−တနင်္သာရီ ကားလမ်းပေါ်ရှိ ဆင်ဒင်ကျေးရွာမှ ၁၄မိုင်အကွာ ၊ တကူရွာမှ ၁မိုင်အကွာ တနင်္သာရီမြစ်ငယ် နဘေးတွင် တည်ရှိသည်။

စီးပွားရေး

ကုန်စုံဆိုင်ရောင်းချင်း၊ ရာသီအလိုက် ကွမ်းသီး ၊ ကြိမ်သီး၊ ကြိမ်၊ သစ်၊ ဝါးများကို ကုန်ကူချင်းလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ဥယျာဉ် ခြံလုပ်ငန်းလဲ လုပ်ကိုင်ကြသည်။

ဆက်သွယ်​ရေး

မော်တော်ကားလမ်းနင့် ရေလမ်း၂ခုစလုံးအသုံးပြုပြီး ဆက်သွယ်သွားလာနိုင်ကြသည်။ သာရဘွင်ရွာမှ ဆင်ဒင်သို့ ကတ္တရာလမ်းဖြင့် ဆက်သွယ်ထားသည်။ ၁၄မိုင်ကွာဝေးပြီး တောင်ပေါ်အကွေ့အကောက်များ များပြားသဖြင့် မော်တော်ကားများဖြင့် ၁နာရီကျော်ခန့်မောင်းရသည်။ ထိုမှ တဆင့် မြိတ်သို့ ၂နာရီနီးပါခန့် ကြာသည်။

စိတ်ဝင်စားဖွယ်ရာ နေရာများ

နစ်သစ်ကူးအချိန်ခါများတွင် မြိတ်မြို့တနင်္သာရီမြို့များမှ သာရဘွင်ကျောက်တောင်သို့ မော်တော်ကား၊ မော်တော်ဆိုင်ကယ်များဖြင့် ဘုရားဖူးလာကြပါသည်။ သာရဘွင် ကျောက်တောင်သည် ထင်ရှားသော ဘုရားတစ်ဆူဖြစ်သည်။