ရာပြည့်

ဝီကီပီးဒီးယား မှ
၁၀:၁၆၊ ၇ မေ ၂၀၂၀ နေ့က Shwe Htee (ဆွေးနွေး | ပံ့ပိုး) (ရာထူးတာဝန် အပြောင်းအလဲ နောက်ဆုံး အခြေအနေ။) တည်းဖြတ်သည့်မူ

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် စစ်တက္ကသိုလ် အပတ်စဉ်(၂၂)မှ သင်တန်းဆင်းလာသူဖြစ်ပြီး တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စစ်ဥပဒေချုပ် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်တာဝန်၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးတာဝန်တို့ကိုလည်း ထမ်းဆောင်ခဲ့ပြီး လက်ရှိ၌ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ တပ်မတော်အရံအင်အားသို့ ပြောင်းရွှေ့ရောက်ရှိပြီးဖြစ်၍ သီးခြားတပ်တာဝန် မရှိတော့ပါ။