ရမ်းက

ဝီကီပီးဒီးယား မှ

ရမ်းအကကပုံမှာ လက်နှစ်ဖက်ကို ပခုံးထက်သို့ ကျော်လွန်၍ ကရခြင်းမျိုးမဟုတ်ဘဲ လက်နှစ်ဖက်ကို ပြိုင်တူအနေအထားရှိစေလျှက် တထောက်ဆစ်အနည်းငယ်ကွေး၍လည်းကောင်း ၊ဆန့်၍လည်းကောင်း လက်ဝါးကို (လက်ချောင်းများမခွဲဘဲ)လှည့်ပတ်၍ ကရပါသည်။ ကိုယ်ကိုလှည့်ပတ်ခြင်းမပြုနံဘေးနှင့် အနောက်သို့သာ ကိုင်းညွှတ်ယိမ်းပြီး လက်နှစ်ဖက်ကို ဘယ်လက်ညာလက် အထက်အောက်ပြောင်းရွေ့ သယ်ယူလျက်ကပါသည်။ ခြေထောက်များကို မြေမှကြွခြင်းမပြု ဒူးအနည်းငယ်ကွေးရပါသည်။ ယိမ်းရမ်းကရသဖြင့် ရမ်းအက ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။