မြိုအက္ခရာ

ဝီကီပီးဒီးယား မှ
၁၂:၄၅၊ ၂၇ ဇူလိုင် ၂၀၂၀ နေ့က Moyezan (ဆွေးနွေး | ပံ့ပိုး) (စာလုံးပေါာင်းညိသည်။) တည်းဖြတ်သည့်မူ
မြို
မရူ၊ မြူ၊ ကရာမာ[၁]
အမျိုးအစား
အက္ခရာ
ဘာသာစကားများမြို
လားရာဘယ်မှ ညာ
ISO 15924Mroo, 264
Unicode alias
Mro
ယူနီကုတ်အကွာအဝေး
U+16A40–U+16A6F
မြိုပင်ကိုယ်စာပေ (ဗျည်း ၃၁)

၁၉၈၀ ဆယ်စုနှစ်တွင် မန်လေမြိုက ကရာမ ဘာသာတရားနှင့်အတူ မြိုဘာသာစကားအတွက် စာရေးစနစ်ကိုပါ ဖန်တီးခဲ့သည်။[၂][၃]

စာရေးစနစ်သည် ဘယ်မှ ညာဖက်သို့ ရေးသားခြင်းဖြစ်ကာ ယင်းဘာသာစကားတွင် ကိုယ်ပိုင်ကိန်းဂဏန်းများ ပါဝင်သည်။ သို့သော် တက်ကျသံအမှတ်အသားများ မပါပေ။ မရူဘာသာစကားကို လက်တင်နှင့် မရူ(မြို) အက္ခရာများဖြင့် ရေးသားသည်။

ယူနီကုဒ်စနစ်

မြိုအက္ခရာကို ယူနီကုဒ်စံစနစ်သို့ ၂၀၁၄ ခုနှစ် ဇွန်လတွင် ပေါင်းထည့်ခဲ့ပြီး ဗားရှင်း ၇.၀ နှင့်အတူ ဖြန့်ချိခဲ့သည်။ မရူစာအရေးအသားစနစ်အတွက် ယူနီကုဒ်နေရာကို မြို (Mro) ဟု ခေါ်ဆိုပြီး U+16A40 မှ U+16A6F: အထိဖြစ်သည်။

Mro[1][2]
Official Unicode Consortium code chart (PDF)
  0 1 2 3 4 5 6 7 8 9 A B C D E F
U+16A4x 𖩀 𖩁 𖩂 𖩃 𖩄 𖩅 𖩆 𖩇 𖩈 𖩉 𖩊 𖩋 𖩌 𖩍 𖩎 𖩏
U+16A5x 𖩐 𖩑 𖩒 𖩓 𖩔 𖩕 𖩖 𖩗 𖩘 𖩙 𖩚 𖩛 𖩜 𖩝 𖩞
U+16A6x 𖩠 𖩡 𖩢 𖩣 𖩤 𖩥 𖩦 𖩧 𖩨 𖩩 𖩮 𖩯
Notes
1.^ ယူနီကုဒ်ဗားရှင်း ၁၃.၀ အရ
2.^ မီးခိုးရောင်မှာ ကုဒ်ပွိုင့်မသတ်မှတ်ရသေးသော နေရာဖြစ်သည်

မြိုလူမျိုးမှာ စာပေ (၂ )မျိုးရှိပါသည် ။ ခရစ်ယာန် ဘာသာ သာသနာပြု အဖွဲ့North East India General Mission မှ Roman “ရောမအက္ခရာ” ဖြင့် တီထွင် ပေးခဲ့ပြီး ၁၉၃၉ -ခုနှစ်တွင် ခရစ်ဝင်ကျမ်းဖြစ်သော ရှင်မာကုတ် နှင့် ရှင်ယောဟန် ကျမ်းတို့ကို အုပ်ရေ(၅၀၀) မြိုဘာသာ စကားဖြင့် ပုံနှိပ် ထုတ်ဝေခဲ့သည် ဟု သိရသည်။ ထိုအချိန်ကာလ တွင် မြိုဘာသာခေါ် “ကရာမာ” Krama’’ စာပေ နှင့် ဘာသာ တရား မပေါ် မရှိသေးပေ။ ပင်ကိုယ် “ကရာမာ”စာပေသည် ၁၉၈၀-ခုနှစ် မှ “Manley Mro” “မန်လေမြို ’’ အားဖြင့် ပေါ်ပေါက်လာခဲ့သည်။ မြိုစာပေ (၂) တွင် ဤ မြိုစာပေ သည် ရောမအက္ခရာ ကို အခြေခံပြီး မြိုလူမျိုးတို့၏ ဘာသာစကား အသံနေ အသံထား အနိမ့် ၊ အမြင့် လျှာသံကို လိုက်၍ မိမိလူမျိုး အချင်းချင်း ဆက်သယ် အသုံးပြုရာတွင် သော်လည်းကောင်း ၊ သမိုင်းရေးရာ ၊ဘာသာရေး ရေးရာ ၊ ရိုးရာဓလေ့ ထုံးတမ်း ရေးရာ ၊ လူမျိုးရေး မြှင့်တင်ရေး စသည့် ရေးရာ များတွင် လူမျိုး တစ်မျိုးရှိလျှင် စာပေရှိရမည်။ စာပေရှိမှ မှတ်တမ်း တင် ရေးသား နိုင်မည်ဖြစ်ကြောင်းလည်းကောင်း မြိုဘာသာခေါ်( ‘ A ,AW, OW, အာ၊ အော် ၊ အို )အက္ခရာသည် (၂၆) လုံးရှိပါသည် ။ ၄င်းတို့မှာ-

A အာ

AW အော်

OW အို

B ဘီ

CH ဇော်

D ဒီ

E အေ

F အပ်

G ဂျီ

NG အန်ဂျီ

H အစ်ချ်

I အိ

J ယေ

K ခေ

L အလ်

M အမ့်

N အန်

O အော်

P ပီ

R အာလ်

S အစ်ဇ်

T တီ

U အူ

U ဧအို့

V ဝီ

Z ယဇ်

တို့ဖြစ်သည်။

ဤ မြိုစာပေ (အာ ၊အော် ၊အို) (သရ) အက္ခရာ စာလုံး (၈) လုံးရှိသည် ၄င်းတို့မှာ-

A အာ

AW အော်

OW အို

E အေ

I အိ

O အော်

U အူ

U အို့

ဤ (၈) လုံး တို့ကို မြန်မာလို (သရ) စာလုံး ဟု ခေါ်ပြီး ၊ အင်္ဂလိပ် လို (Vowel ) ဟု ခေါ်ပါသည်။ ကျန်သော (၁၈) လုံး တို့ကို မြန်မာ လို (ဗျည်း) ဟု ခေါ်ဆိုပြီး ၊ အင်္ဂလိပ်လို ( Consonant) ဟုခေါ်ပါသည်။

(ခ)။ မြိုစာပေ နောက်တစ်မျိုး သည် ၁၉၈၀-ခုနှစ် မှ “တမန်တော်” မန်လေ အား ကောင်း ကင်တမန် က မြိုလူမျိုး အတွက် ပေးထားသော ပင်ကိုယ်စာပေဖြစ်ပါသည်။ ၄င်း စာပေကို မြိုကရာမာ စာပေ ဟု ခေါ်ပါသည်။ ၄င်းမြို ကရာမာ စာပေသည် ဗျည်းအက္ခရာ (၃၁) လုံးရှိပါသည်။ ၄င်း တို့မှာ-

‘sag log’ (မြိုစာ)

t သ g ညိ y ယု M မိ b ဘ

d ဒ a အာ f ဖီ k ခါလ် h ဟှာ

i ဒါလ် j ဇူ i ကို့ L အော်လ် m မုံ့

N နန့် p ပ o အူ u အော် r ရု

s ဆိ w ထို x အို v ဝ e အေ

Q ကူ N လာန့် L လာ c ဟိုင် z ရိ

T သိုက်

pro log – Mro -မြို (မရို ) -Pru Lung - အင်္ဂလိပ် လို အသံထွက် - Consonant – အင်္ဂလိပ်

yag log- Yang Lung (မြို) Vowel (အင်္ဂလိပ် ) မြိုပင် ကိုယ် အက္ခရာ စာ မှာ သရ စာလုံး (၈) လုံး ရှိပါသည် ။ ၄င်းတို့မှာ -

a အာ

i ဒါလ်

o အူ

e အေ

c ဟိုင်

z ရိ

w အို

v ဝ

တို့ဖြစ်သည်။ ဤ (၈) လုံး တို့ကို မြန်မာ လို (သရ) ဟု ခေါ်ဆိုပြီး ၊ အင်္ဂလို (Vowel ) ၊ မြို လို (Yang Lung-ယင်လုံး ) ဟုခေါ်သည်။ ဤ (၈) လုံး တို့က လွဲလို့ ကျန်နေသော (၂၃) လုံး တို့ကို မြန်မာလို (ဗျည်း) ဟုခေါ် ဆိုပြီး ၊ အင်္ဂလိပ်လို ( Consonant) ၊ မြို လို(Pru Lung-ပြုလုံ ) ဟု ခေါ်ဆိုပါသည်။ မြိုလူမျိုးသည် ပင်ကိုယ်အက္ခရာ စာပေနှင့် အတူ တည်ရှိသော လူမျိုး တစ်မျိုး ဖြစ်ပါသည်။ ကမ်ဘာပေါ် ရှိ မိမိ ပင်ကိုယ် အက္ခရာ စာပေနှင့် ရှိသော လူမျိုးစုတွင် မြိုလူမျိုးသည် လည်း အပါအဝင်ဖြစ်ပါသည်။ ဤ စာပေသည် “မန်လေမြို” အားဖြင့် ပေါ် ပေါက်လာပြီး Keyboard font ကို ကွန်ပျူတာ နှင့် အသုံးပြုနိုင်စေရန် “Man rum” “မန်ရင်မ် မြို” က Riyan font ကို ၁၉၉၆ -ခုနှစ် တွင် တီထွင်ပေးနိုင်ခဲ့ပါသည်။ “Man rum” သည် ကွန်ပျူတာကျွမ်းကျင်သူ တစ်ဦးဖြစ်ပါသည်။ Manrum Mro အကြောင်း ကို တစ်နေရာတွင် ဤ သို့ဖော်ပြထားပါသည်။ Menrum Mro ,a well -known educated person who had developed Computer fonts called “Riyen “for the Krama alphabet in 1996. ဟုဖော်ပြထားပါသည်။

ကိုးကား

[၄]

ပြင်ပလင်ခ်

လူမျိုးအလိုက် ဘာသာစကားကုတ်များ[၅] အခြားသော ဘာသာစကားများကို မြိုဘာသာစကားသို့ ဘာသာပြန်နိုင်သော အပ်[၆] မြိုကီးဘုတ် ဖောင်မ်း နှင့်ရေးနိုင်သော ဝှက်ဆိုဒ်[၇]

  1. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named e21
  2. Hosken၊ Martin (24 March 2009)။ N3589R: Proposal for encoding the Mro script in the SMP of the UCS။ 2 August 2014 တွင် ပြန်စစ်ပြီး။
  3. Zaman, Mustafa (24 February 2006). "Mother Tongue at Stake". Star Weekend Magazine 5 (83). The Daily Star. 
  4. Endangered Alphabet ‘ Project ,2012
  5. https://unicode.org/iso15924/iso15924-en.html
  6. https://aksharamukha.appspot.com/describe/Mro?fbclid=IwAR0UPTN2Nx4KfT0tLxLAGdPHrKjByB9_o74LWuQ1AO9mIPBwBp6XaFV-uGU
  7. https://keymanweb.com/?_ga=2.244017925.1829076129.1590300131-764973306.1590300131&fbclid=IwAR11b3sLofihoh5K40FtlerecYdHwCh8fNkOM4-8qMcSEJuhjESqfn5