မျက်ရွဲ

ဝီကီပီးဒီးယား မှ
၁၀:၁၄၊ ၂ ဇွန် ၂၀၁၈ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း  (-ဓါတ် +ဓာတ်)) တည်းဖြတ်သည့်မူ

မျက်ရွဲ (Beryl) သည် မြ-မျက်ရွဲ အုပ်စု(ခေါ်)ဘယ်ရယ် အုပ်စုဝင် တွင်းထွက်ဖြစ်သည်။ မြကဲ့သို့ပင် ဆဌဂုဏ်ပုံဆောင် စနစ်ဖြစ်ပြီး မာဆင့်မှာ ရ.၅ မှ ၈ အထိရှိသည်။ ရောင်လက်မှာ ဖန်ရောင်လက်ဖြစ်၍ သိပ်သည်းဆမှာ ၂.၆၇ မှ ၂.၇၈ ထိရှိသည်။

မျက်ရွဲ အမျိုးအစားများ

အထူးသဖြင့် ဈေးကွက်အတွင်းတွင် မြပြာ (ခေါ်) မျက်ရွဲပြာသည် ရောင်းတန်းဝင် ကျောက်မျက်ရတနာဖြစ်ပါသည်။ အကောင်းဆုံးမှာ အပြာရင့်ရောင်ဖြစ်ပြီး အပြစ်အနာကင်းခြင်းနှင့် အောင်းဝင်များကင်းစင်ခြင်းတို့ပေါ် မူတည်၍ ဈေးကောင်းရတတ်ပါသည်။ မီးဖုတ်၍ အပူပေးပြုပြင်ခြင်း အားဖြင့် အရောင်ကိုပိုမိုတောက်ပစေလာနိုင်ပါသည်။

ထွက်ရှိရာဒေသများ

ကိုလံဘီယာနိုင်ငံသည် အကောင်းဆုံးသော မျက်ရွဲကျောက်များ ထွက်ရှိရာနိုင်ငံအဖြစ် ကျော်ကြားပြီး ဘရာဇီးအမေရိကန်ပြည်ထောင်စုရုရှားအိန္ဒိယမြန်မာ နှင့် တောင်အာဖရိကနိုင်ငံတို့တွင်လည်း မျက်ရွဲများထွက်ရှိပါသည်။

ကျမ်းကိုး