မြ-မျက်ရွဲ အုပ်စု(ခေါ်)ဘယ်ရယ် အုပ်စု

ဝီကီပီးဒီးယား မှ

မြ-မျက်ရွဲ အုပ်စု(ခေါ်)ဘယ်ရယ် အုပ်စုဝင် တွင်းထွက်နှင့် ကျော်မျက်များဆိုသည်မှာ အခြေခံအားဖြင့် ဘယ်ရယ်လီယံ အလူမီနီယံ ဒြပ်ပေါင်းပေါ်တွင် အခြေခံထားသည့် တွင်းထွက်အုပ်စုတစ်မျိုးကို ဆိုလိုသည်။ ထို ဘယ်ရယ်လီယံ နှင့် အလူမီနီယံတို့ နှစ်ခု၏ ပါဝင်သော အချိုးအစားကြောင့်သော်လည်းကောင်း၊ ပေါင်းစပ်ပါဝင်လာသော အခြားဒြပ်စင်များကြောင့်သော်လည်းကောင်း ကွဲပြားခြားနားသည့် မျိုးစိတ်ကွဲများ ခြားနားသွားခြင်းဖြစ်သည်။ အရောင်ကွဲများစွာရှိပြီး အရောင်ပြောင်းတတ်သည့် ဂုဏ်သတ္တိကြောင့်လည်း ထင်ရှားရသည်။

မျိုးကွဲများ[ပြင်ဆင်ရန်]

အဓိကကျသော အုပ်စုဝင် နှစ်မျိုးမှာ -

  1. သုံးပန်လှကျောက်မျိုး (Chrysoberyl) နှင့်
  2. မျက်ရွဲ (Beryl) (မြအုပ်စု)

သုံးပန်လှကျောက်မျိုး[ပြင်ဆင်ရန်]

ထင်ရှားသည့် မျိုးစိတ်မှာ သုံးပန်လှကျောက်(Alexandrite) ဖြစ်သည်။ ၎င်းသည် နေ့ခင်း နေအလင်းရောင်တွင် အစိမ်းရောင်ရှိကာ၊ တန်စတင်မီးရောင်အောက်တွင် အနီရောင်အဖြစ်သို့ ပြောင်းလဲသွားတတ်သဖြင့် အထူးကျော်ဇောပါသည်။ ထို့အပြင် ပျားရည်ဝါရောင်မှ စိမ်းဝါရောင်ထိရှိပြီး ထင်ရှားသည့် ကြိုးပါရှိသည့် သုံးပန်လှအုပ်စုဝင် ဘယ်ရယ်မျိုးကို မြန်မာအခေါ် သီလဂုတ်ဟု ခေါ်ကြသည်။ ထိုသို့ ကြိုးပါဝင်ရခြင်းမှာ ၎င်းသီလဂုတ်အတွင်းရှိ အစဉ်လိုက်အတန်းလိုက် တည်ရှိနေကြသည့် အောင်းဝင်ငယ်ကလေးများကြောင့် ဖြစ်သည်။

မျက်ရွဲ (မြအုပ်စု)[ပြင်ဆင်ရန်]

ထွက်ရှိရာဒေသများ[ပြင်ဆင်ရန်]

ပုံမှန် ဘယ်ရယ် အုပ်စုဝင်ကျော်များကို ဘရာဇီးသီရိလင်္ကာ ၊ နှင့် အိန္ဒိယ နိုင်ငံတို့မှ ထွက်ရှိပြီး ၊ ကြိုးပါသည့် ဘယ်ရယ်များကို သီရိလင်္ကာတစ်နိုင်ငံတည်းမှ အဓိကထွက်ပါသည်။ သုံးပန်လှကျောက် ကိုမူ ရုရှား၊ သီရိလင်္ကာ နှင့် မြန်မာနိုင်ငံတို့မှ ထွက်ရှိသည်။

ကျမ်းကိုး[ပြင်ဆင်ရန်]