မယ်ဇလီဖူးသုပ်

ဝီကီပီးဒီးယား မှ
၁၅:၀၀၊ ၁၇ ဇန်နဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ
Mezali phu thoke
ဖိုင်:Cassia flower bud salad.jpg
အခြားအမည်များCassia flower bud salad
အမျိုးအစားSalad
မူရင်းနိုင်ငံMyanmar (Burma)
ဒေသSoutheast Asia
ဆက်နွယ်သောအမျိုးသားအစားအစာBurmese
အဓိက ပါဝင်ပစ္စည်းSiamese cassia flower buds
Cookbook:   Media: Mezali phu thoke

မယ်ဇလီဖူးသုပ် သည် ရှေးရိုးအစဥ်အလာအရ တန်ဆောင်မုန်းလပြည့်နေ့တွင် မြန်မာတို့ ဆေးဝါးအဖြစ် မိသားစုဝင်များအားလုံးစားသုံးရန် သို့မဟုတ် ပတ်ဝန်းကျင် အိမ်နီးချင်းများအား အလှူပေးရန်အတွက် စားသုံးကြသည့် ရိုးရာအသုပ်တစ်ခုဖြစ်သည်။[၁]

ယင်းအသုပ်တွင် ပါဝင်သော အဓိကပစ္စည်းများမှာ လတ်လတ်ဆတ်ဆတ် ဆွတ်ခူးထားသည့် မယ်ဇလီဖူး၊ အားလူးပြုတ်၊ ကြက်သွန်နီ၊ နှမ်းစေ့၊ ကြက်သွန်ဖြူ တို့ ပါဝင်ပြီး ဟင်းခတ်အမွှေးအကြိုင်အနေဖြင့် ဆား၊ ဆီ၊ နှမ်းဆီ နှင့် သံပုရာရည်တို့အား အသုံးပြုသည်။[၂] တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း မြန်မာလူမျိုးများအနေဖြင့် မယ်ဇလီဖူးကို ပြုတ်၍ သုပ်စားခြင်း၊ ဟင်းချက်၍စားခြင်း စသည်ဖြင့် ပြုလုပ်စားသောက်လေ့ရှိကြသည်။ နက္ခတ်၊ ကြယ်တာရာစုံညီစွာ ပေါ်ထွန်းသောကြောင့် ထိုမယ်ဇလီဖူးတွင် အနာရောဂါများပျောက်ကင်းနိုင်သည့် အစွမ်းသတ္တိရှိသည်ဟု ယုံကြည်ကြလေသည်။[၃]

ကိုးကား

  1. People enjoy charity food on fullmoon day of Tazaungmone in Mandalay။ 27 June 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 November 2020 တွင် ပြန်စစ်ပြီး။
  2. "The merry, marry months start in Myanmar" (in en)၊ The Myanmar Times 
  3. Mezali bud salad။ 2019-11-13 တွင် ပြန်စစ်ပြီး။