ဗမာ့လွတ်မြောက်ရေးတပ်မတော်

ဝီကီပီးဒီးယား မှ
၀၄:၂၉၊ ၂၉ နိုဝင်ဘာ ၂၀၂၀ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (ရိုဘော့ - မြန်မာ့ သမိုင်း ကို မြန်မာနိုင်ငံ၏ သမိုင်း ဖြင့် အစားထိုးနေသည်) တည်းဖြတ်သည့်မူ

၁၉၄၀ ခုနှစ်တွင် ပြည်သူ့အရေးတော်ပုံပါတီကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဩဂုတ်လ ၈ ရက်တွင် သခင်အောင်ဆန်းသည် နိုင်ငံခြားအကူအညီရယူရန် အိုင်လီသင်္ဘောဖြင့် တရုတ်ပြည်သို့ ထွက်ခွာခဲ့သည်။ နိုဝင်ဘာလတွင် ဂျပန်စစ်ဗိုလ်မှူးကြီး ဆူဇူကီးနှင့်တွေ့ဆုံပြီး ဂျပန်မှ စစ်ရေးအကူအညီယူခဲ့သည်။ ၁၉၄၁ မတ်လတွင် ဗမာလူမျိုးအများအပြားသည် ဂျပန်နိုင်ငံ မှသိမ်းပိုက်ထားသော ဖော်မိုဆာကျွန်းနှင့် ဟိုင်နန်ကျွန်းတို့တွင် စစ်ရေးလေ့ကျင့်ခဲ့သည်။ ၁၉၄၂ ဒီဇင်ဘာတွင် ရဲဘော်သုံးကျိပ်နှင့် ဗမာလူငယ် ၂၀ဝ ကျော်တို့က ဗမာ့လွတ်မြောက်ရေးတပ်မတော် (BIA)ကို ဖွဲ့စည်းပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဂျပန်စစ်တပ်နှင့်အတူ မော်လမြိုင်စစ်ကြောင်း၊ ထားဝယ်စစ်ကြောင်း၊ ရေကြောင်းချီတပ်ဖွဲ့၊ အတွင်းသူပုန်တပ်ဖွဲ့ဟုခွဲ၍ မြန်မာနိုင်ငံအတွင်းသို့ စတင်ဝင်ရောက်ခဲ့သည်။ ၁၉၄၂ မတ်တွင် ဂျပန်စစ်တပ်နှင့်အတူ ရန်ကုန်မြို့ကို သိမ်းပိုက်ခဲ့သည်။ ၁၉၄၂ ဇူလိုင်တွင် ဂျပန်တို့ကို ပြန်လည်တွန်းလှန်ရန် BIA ကို ဖျက်သိမ်း၍ အင်အား ၃၀၀၀ ခန့်ရှိ ဗမာ့ကာကွယ်ရေးတပ်မတော် (BDA)အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။

ကိုးကား