ဖွတ်

ဝီကီပီးဒီးယား မှ
ဖွတ်

အကြေးခွံရှိသော ခြေလေးချောင်းပါ တွားသွားသတ္တဝါတစ်မျိုးဖြစ်သည်။ ကုန်းနေသတ္တဝါဖြစ်ပြီး မွဲပြာရောင်ဟု အသိများသော်လည်း၊ ရေစပ် ပင်လယ်ကမ်းစပ်နေရာများတွင် အဝါဖျော့ရောင် ဖွတ်များကိုတွေ့ရသည်။ မိကျောင်းနှင့် အလွန်ဆင်တူပြီး ရေလည်းကူးနိုင်ကြသည်။ ဦးခေါင်းမှ အမြီးဖျားအထိ အလျား တစ်မီတာဝန်းကျင်အထိရှိကြသည်။