ဖန်

ဝီကီပီးဒီးယား မှ
၀၈:၅၃၊ ၂၉ ဒီဇင်ဘာ ၂၀၂၀ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.7) တည်းဖြတ်သည့်မူ

ဖန် သည် လက်လုပ်ပစ္စည်း ဖြစ်ပြီး ပုံစံမျိုးစုံစွာ ပြုလုပ်နိုင်သည်။ များသောအားဖြင့် ထိုးဖောက်မြင်နိုင်ပြီး ကြွပ်ဆတ်သည်။ ဆေးရောင်စုံအားဖြင့်လည်း ပြုလုပ်ကြသည်။ ဖန်ကို သဲ အား အရည်ပျော်သည် အထိ အပူပေးခြင်းအားဖြင့် ရရှိသည်။ အရည်ပျော်နေစဉ် ပုံသွင်းပြီး အအေးခံရသည်။

ဖန် ကို များသောအားဖြင့် ပြူတင်းတံခါးများနှင့် ပုလင်းများ ပြုလုပ်လေ့ရှိသည်။ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများစွာ တွင် အရောင်ပါသော ဖန် ချပ်များကို ပြူတင်းတံခါးများ အတွက်သုံးကြသည်။ နောက်ပိုင်းတွင် မှန်ဘီလူးများ ထုတ်လုပ်ရာတွင်လည်း သုံးကြသည်။

ဖန်ကို အရည်ဟု ဆိုကြသော ရှေးခေတ် ယုံကြည်ချက်မှာ ရှေးအဆောက်အဦးများရှိ ပြတင်းတံခါးများတွင် တပ်ဆင်ထားသော မှန်ချပ်များကြောင့်ဖြစ်သည်။ ၎င်းတို့သည် အောက်ခြေထူ၍ အပေါ်ပိုင်းတွင် အနည်းငယ်ပါးလေ့ရှိသည်။ အမှန်မှာ မှန်ချပ်များ ပြုလုပ်စဉ်က ထုတ်လုပ်မှုနည်းစံနစ် မမှန်သောကြောင့် ဖြစ်သည်။

အခြားလင့်ခ်များ