ပြင်သစ်ဘာသာစကား

ဝီကီပီးဒီးယား မှ

ပြင်သစ်ဘာသာစကားသည် ရောမဘာသာစကား တစ်မျိုး ဖြစ်သည်။ ပြင်သစ်နိုင်ငံဆွစ်ဇာလန်နိုင်ငံ ရိုမန်ဒီဒေသ၊ ဘယ်လ်ဂျီယမ်နိုင်ငံ ဝေါလိုနီးယား နှင့် ဘရပ်ဆဲလ်ဒေသ၊ မိုနာကိုနိုင်ငံ၊ ကနေဒါနိုင်ငံ ကွိဘက်ဒေသ နှင့် အကာဒီးယားဒေသတို့တွင် အဓိက ဘာသာစကားဖြင့် သုံးစွဲကြပြီး အဓိက ဘာသာစကားဖြင့် သုံးစွဲသော အခြားဒေသများလည်း ရှိသေးသည်။ ပြင်သစ်ဘာသာစကားကို ဒုတိယဘာသာစကား အဖြစ် အသုံးပြုကြသော သူများ တကမ္ဘာလုံး နေရာအနှံ့တွင် ရှိပြီး ပြင်သစ်စကားပြော အာဖရိကဒေသတွင် အများဆုံး ဖြစ်သည်။ အာဖရိကတွင် ပြင်သစ်ဘာသာ တတ်ကျွမ်းသူများမှာ ဂါဘွန်နိုင်ငံတွင် ၈၀ %၊ မောရစ်ရှနိုင်ငံတွင် ၇၈ %၊ အယ်လ်ဂျီးရီးယားနိုင်ငံတွင် ၇၅%၊ ဆီနီဂေါနိုင်ငံ နှင့် ကို့ဒီဗွားနိုင်ငံ တွင် ၇၀ % အသီးသီး ရှိကြသည်။ မိခင်ဘာသာစကား အဖြစ်သုံးစွဲသူ သန်း ၇၀မှ သန်း ၁၁၀ အတွင်း ရှိမည်ဟု ခန့်မှန်းရပြီး ဒုတိယဘာသာစကား အဖြစ် သုံးစွဲသူ သန်း ၁၉၀ ခန့် ရှိမည်ဟု ခန့်မှန်းရသည်။ ပြင်သစ် ဘာသာစကားသည် ကမ္ဘာပေါ်တွင် အင်္ဂလိပ်ဘာသာစကား ပြီးလျှင် ဒုတိယမြောက် သင်ယူသူ အများဆုံး ဘာသာစကား ဖြစ်သည်။