နန်းခင်ဇေယျာ

ဝီကီပီးဒီးယား မှ
နန်းခင်ဇေယျာ
Miss International 2012, အိုကီနာဝါ၊ ဂျပန် ပြိုင်ပွဲတွင် တွေ့ရသော နန်းခင်ဇေယျာ
အမည်ရင်း နန်းခင်ဇေယျာ
မွေးသက္ကရာဇ် (၁၉၈၈-0၃-0၄) ၄ မတ်၊ ၁၉၈၈ (အသက် ၃၆)
လူမျိုး ပအိုဝ်းရှမ်းမြန်မာ
မွေးဖွားရာ ဒေသ တောင်ကြီးရှမ်းပြည်နယ်မြန်မာနိုင်ငံ
နိုင်ငံ မြန်မာနိုင်ငံ
ပညာအရည်အချင်း Law (LL.B.)
အလုပ်အကိုင် တိုးရစ်ဂိုက်၊ မော်ဒယ်လ်
မျက်လုံးအရောင် အနက်
ထင်ရှားကျော်ကြားမှု မြန်မာနိုင်ငံကိုယ်စားပြုမယ်(၂၀၁၂ မယ်နိုင်ငံတကာ)
ရရှိခဲ့သောဆုများ Miss Yangon 2012(winner)
Miss Myanmar 2012(winner)
Miss International 2012(Miss Internet)

နန်းခင်ဇေယျာ (၄ရက်၊ မတ်လ၊ ၁၉၈၈ခုနှစ်၊ တောင်ကြီးမြို့တွင် မွေးဖွား)သည်။ Miss Myanmar title ဆု ရရှိထားသော မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်ဖြစ်သည်။ သူသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားဖြစ်သောပအိုဝ်းလူမျိုးဖြစ်သည်။သူမဟာ Miss International 2012, အိုကီနာဝါဂျပန်ပြိုင်ပွဲကြီးမှာ Miss People's Choice ဆုနဲ့ Miss Internet ဆုကို မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အနေနဲ့ ဆွတ်ခူးရရှိခဲ့ပါသည်။

ဘဝအစ

နန်းခင်ဇေယျာကို ၄ရက်၊ မတ်လ၊ ၁၉၈၈ခုနှစ်၊ တောင်ကြီးမြို့တွင် မွေးဖွားခဲ့သည်။ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ တောင်ကြီးတွင် ပညာဆည်းပူးခဲ့သည်။ တောင်ကြီးတက္ကသိုလ်တွင် ဥပဒေပညာ နှင့် ကျောင်းပြီးခဲ့သည်။ သူမသည် ကျောင်းပြီးပြီးနောက် ရှေ့နေမလုပ်ဘဲ ခရီးသွားလမ်းညွှန် လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက် မော်ဒယ်လ်သင်တန်း ဆက်တက်ခဲ့သည်။ သူမသည် အင်္ဂလိပ်ဘာသာစကား နှင့် ဂျာမန်ဘာသာစကားကို ပြောဆိုနိုင်သည်။

အသက်မွေးမှုလုပ်ငန်း

နန်းခင်ဇေယျာသည် ၂၀၁၁ ခုနှစ်တွင် မော်ဒယ်လ်စတင်ဖြစ်ခဲ့သည်။ မဂ္ဂဇင်းများ၊ ဂျာနယ်များ၊ မော်ဒယ်လ် ဝဘ်ဆိုဒ်များစွာ အတွက် ဓာတ်ပုံရိုက်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် Miss Myanmar 2012 ဆုကိုရရှိခဲ့သည်။ ထို့နောက် ကြော်ငြာအချို့ကိုလည်း ရိုက်ကူးခဲ့သည်။

ပြိုင်ပွဲများ

Miss Myanmar 2012

၂၅ရက်၊ မတ်လ၊ ၂၀၁၂ခုနှစ်၊ Myanmar Convention Center (MCC)၊ ရန်ကုန် တွင် ကျင်းပေသော Miss Myanmar 2012 ဝင်ပြိုင်ခဲ့သည်။ ထိုပြိုင်ပွဲကို မြန်မာ့ခရီးသွားအဖွဲ့Myanmar Travel Board (MTB) လက်အောက်တွင် ရှိသော မြန်မာ့ခရီးသွားဝန်ဆောင်မှုကုမ္မဏီအဖွဲ့ Myanmar Tourism Services (MTS) Co. မှကျင်းပခဲ့ခြင်းဖြစ်သည်။ ထိုပြိုင်ပွဲကို နိုင်ငံတွင် ခရီးသွားလုပ်ငန်း အထောက်ကူဖြစ်ရန် နှင့် ခရီးသွားလုပ်ငန်းအစိတ်ပိုင်းတွင် နိုင်ငံသားများ၏ စိတ်ဝင်စားမှု တိုးတက်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။ နန်းခင်ဇေယျာသည် Miss Yangon title ဆု၊ Miss Myanmar 2012 title ဆု များကိုရရှိထားသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ခရီးသွား သံအမတ်အဖြစ်လည်းခန့်အပ်ခြင်းခံခဲ့ရသည်။

Miss International 2012

အိုကီနာဝါ, ဂျပန်တွင်ကျင်းပသော Miss International 2012 တွင် ဝင်ပြိုင်ခဲ့သည်။ ဒါဟာ ၁၉၆၂ခုနှစ် ကတည်းက မြန်မာနိုင်ငံ၏ ပထမဆုံးသော အပြည်ပြည်ဆိုင်ရာအလှမယ် ပြိုင်ပွဲဝင်ခြင်း ဖြစ်သည်။ နောက်ဆုံးပြိုင်ပွဲကို ၂၁ရက်၊ အောက်တိုဘာလ၊ ၂၀၁၂ခုနှစ်တွင် ကျင်းပခဲ့သည်။  ထိုနေ့ညတွင် Missosology ၏ Miss International 2012 People's Choice ဆု ကိုဆွတ်ခူးရရှိခဲ့သည်။ သူသည် Miss Internet ဆုကို ထိုပြိုင်ပွဲတွင် ရရှိခဲ့သည်။

အကိုးအကား

အခြားလင့်များ