တယ်လီနော

ဝီကီပီးဒီးယား မှ
၀၆:၀၂၊ ၁၇ ဇန်နဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ
တယ်လီနော ကုမ္ပဏီအုပ်စု
အမျိုးအစားပုဂ္ဂလိက
လုပ်ငန်းဆက်သွယ်ရေး
တည်ထောင်သည့်နှစ်၁၈၅၅
ဌာနချုပ်ဖေါ်နဲဘို  နော်ဝေ
အရေးပါ ပုဂ္ဂိုလ်များJon Fredrik Baksaas (President and CEO), Svein Aaser (Chairman)
ထုတ်ကုန်ပစ္စည်းမြေပြင်လိုင်း ဆက်သွယ်ရေး လက်ကိုင်ဖုန်း ဆက်သွယ်ရေး, အင်တာနက်, ဒီဂျီတယ် ရုပ်မြင်သံကြား, အချက်အလက် နည်းပညာဝန်ဆောင်မှု, IPTV
ဝင်ငွေNOK 98.516 billion (2011)[၁]
အခွန်မဆောင်မီ ဝင်ငွေNOK 10.393 billion (2011)[၁]
အသားတင်ဝင်ငွေNOK 7.217 billion (2011)[၁]
ရင်းနှီးမြှုပ်နှံမှုNOK 166.339 billion (end 2011)[၁]
စုစုပေါင်း ရှယ်ယာတန်ဖိုးNOK 86.902 billion (end 2011)[၁]
ပိုင်ရှင်များနော်ဝေနိုင်ငံတောင်ပိုင်း (၅၄%)
အလုပ်သမားဦးရေ၃၃ ၂၂၀ (၂၀၁၀ ကုန်)[၁]
ဝက်ဘ်ဆိုက်telenor.com
တယ်လီနော အမှတ်တံဆိပ်

တယ်လီနော (အင်္ဂလိပ်: Telenor)ကုမ္ပဏီအုပ်စုသည် နော်ဝေနိုင်ငံအခြေစိုက် နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်ပြီး နော်ဝေးနိုင်ငံ အော့စလိုမြို့ အနီးရှိ ဖေါ်နဲဘို (Fornebu) မြို့တွင် တည်ရှိပါသည်။ ဥရောပမြောက်ပိုင်းဒေသများ၊ ဥရောပအရှေ့ပိုင်းဒေသများ နှင့် အာရှဒေသများတွင် ဈေးကွက်ဖြန့်ကျက်နေရာယူထားပြီး ကမ္ဘာအကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ တယ်လီနောကုမ္ပဏီအုပ်စုသည် ဆက်သွယ်ရေးလုပ်ငန်းများအပြင် နက်ဝက်ထုတ်လွင့်မှု (Broadband) နှင့် ရုပ်သံထုတ်လွင့်ခြင်းတို့အပြင် ဆယ်နှစ်ကြာ ဆောင်ရွက်နေသော စက် မှ စက်သို့ ချိတ်ဆက်ခြင်းနည်းပညာ (Machine to Machine Technology) အတွက် စီးပွားရေးဈေးကွက်နှင့် သုတေသနများကို လုပ်ဆောင်လျှက်ရှိပါသည်။ တယ်လီနောအုပ်စုသည် နိုင်ငံပေါင်း ၁၃ နိုင်ငံတွင် ဆက်သွယ်ရေးကုမ္ပဏီများကို လုပ်ဆောင်လျှက်ရှိပြီး ဗင်ပယ်ကွန်လီမီတက်မှ ရှယ်ယာ ၃၃ရာခိုင်နှုန်းအပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများလည်ပတ်လုပ်ကိုင်လျှက်ရှိသည်။

တယ်လီနောသမိုင်းကြောင်း

တယ်လီနောသည် ၁၈၅၅ခုနှစ်တွင် ပြည်ထောင်စုမှ တစ်ဦးတည်းပိုင်ကုမ္ပဏီ တယ်လီဂရပ်ဗားခက်တ် (Telegrafverket)အမည်ဖြင့် ကြေးနန်းလုပ်ငန်းကိုစတင်ခဲ့သည်။ ပထမဆုံးကြေးနန်းဆက်သွယ်မှု စိတ်ကူးကို ၁၈၄၈ ခုနှစ်တွင် တော်ဝင်နော်ဝေးရေတပ်အတွင်းတွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ သို့သော်လည်း ၁၈၅၂ခုနှစ်တွင်မှ ကြေးနန်းနည်းပညာနှင့်ပတ်သက်သည့်အစီအစဉ်ကို ပြည်သူလုထုသို့ စတင်အသိပေးခဲ့ပြီး နော်ဝေးနိုင်ငံ၏ လွှတ်တော် (Perliment of Norway)မှ ကြေးနန်းလုပ်ငန်းကို နိုင်ငံအနှံ့အပြားတွင် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ တယ်လီဗားခက်တ် (Televerket)သည် ခရစ်ရှန်းနီးယား (Christiania) (ယခု အိုဆလို (Oslo)) မှတဆင့် ဆွီဒင်(နော်ဝေးနိုင်ငံသည် ထိုအချိန်တွင် ဆွီဒင်ပြည်ထောင်စုထဲတွင်ပါဝင်သည်)သို့လည်းကောင်း ခရစ်ရှန်းနီးယား (Christiania)မှ ဒရမ်မန်း (Drammen) သို့လည်းကောင်း ကြေးနန်းများချိတ်ဆက်ခဲ့သည်။ ၁၈၅၇ ခုနှစ်တွင် ကြေးနန်းချိတ်ဆက်မှုသည် ဘာဂန် (Bergen) (အနောက်ဖက်ကမ်းခြေ)နှင့် ဆွာလန်ဒတ် (Sorlandet) (တောင်ဖက်ကမ်းခြေ)သို့အထိ ရောက်ရှိခဲ့ပြီး ၁၈၇၁ခုနှစ်တွင် ကရစ်ခ်ကန်နစ် (Kirkenes) (မြောက်ဘက်ကမ်းခြေ)သို့တိုင်အောင် တိုးချဲ့နိုင်ခဲ့သည်။ ကြေးနန်းဆက်ကြောင်းသည် ၁၈၆၇ ခုနှစ်တွင် ဒိန်းမတ် (Denmark) သို့ရောက်ရှိနိုင်ခဲ့ပြီး ၁၈၆၉ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ (Great Britain)အထိ ချိတ်ဆက်ရောက်ရှိနိုင်ခဲ့သည်။ ယခုအချိန်တွင် တစ်နေရာနှင့်တစ်နေရာဆက်သွယ်ရန်၊ ကုန်ပစ္စည်းများအား ထိန်းသိမ်းစောင့်ရှောက်ပို့ဆောင်ရေးလုပ်ငန်းများတွင် အကျိုးအမြတ်အများကြီးယူဆောင်ပေးနိုင်သော မြန်နှုန်းမြင့်ကြေးနန်းများကို အသုံးပြုနေသော ရေကြောင်းကုမ္ပဏီများအတွက် ထိုယခင်အချိန်များက ၎င်းကြေးနန်းကိုပင် အသုံးပြုခဲ့ပေလိမ့်မည်။

နည်းပညာများ

ပထမဆုံး နိုင်ငံတကာဖုန်းခေါ်ဆိုမှုကို ၁၈၉၃ခုနှစ်တွင် ခရစ်ရှန်နီးယား (Christiania) နှင့် စတော့ဟုမ်းမြို့ ကြားတွင် စတင်ဝန်ဆောင်မှုပေးနေချိန်တွင် နော်ဝေးမှ ပထမဆုံး ဆက်သွယ်ရေးနည်းပညာကို ၁၈၇၈ ခုနှစ်တွင် အဲရန်ဒဲလ် နှင့် ဗီဒစ်စထရန်း(ထ်) (Arendal and Tvedestrand)တို့သို့ စတင်ဝန်ဆောင်မှုပေးခဲ့သည်။ အော်တိုတယ်လီဖုန်းနည်းပညာကို ၁၉၂၀ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၈၅ခုနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည်။

၁၉⁠၉၅ခု-နှစ်တွင် တယ်လီနော (Telenor) ဟု အမည်ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ၁၉⁠၉၆-ခုနှစ်တွင် အာရှဒေသ၏ ပထမဆုံး ဈေးကွက်ချဲ့ထွင်မှုအဖြစ် ဂရမ်မီဖုန်း (Grameenphone) ကုမ္ပဏီကို စတင်တိုးချဲ့ခဲ့သည်။

ယခုအချိန်တွင် တယ်လီနောကုမ္ပဏီမှ ဈေးကွက်ဖြန့်ကျက် နေရာယူထားသော နိုင်ငံပေါင်း ၁၃-နိုင်ငံခန့်ရှိသည်။ ၎င်းတို့မှာ နော်ဝေး(တယ်လီနော)၊ ဘင်္ဂလားဒရှ်စ်(ဂရမ်မီဖုန်း)၊ ဒိန်းမတ်(တယ်လီနော ဒိန်းမတ်)၊ ဟန်ဂေရီ(တယ်လီနော ဟန်ဂေရီ)၊ အိန္ဒိယ(ယူနီနော)၊ မွန်တိနီဂရိုး(တယ်လီနော မွန်တိနီဂရိုး)၊ မလေးရှား(ဒီဂျီ)၊ ပါကစ္စတန်(တယ်လီနော ပါကစ္စတန်)၊ ထိုင်း(ဒီတက်ခ်)၊ ဆားဗီးယား(တယ်လီနော ဆားဗီးယား)၊ ဆွီဒင် (တယ်လီနော ဆွီဒင်)၊ ဘူဂေးရီယား(ဂလိုဘူး)၊ မြန်မာ(တယ်လီနော မြန်မာ) တို့ဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းလုံးမှ ဝန်ထမ်းပေါင်း ၃⁠၃၀⁠၀၀ (သုံးသောင်းသုံးထောင်)ခန့်ဖြင့် ဆက်သွယ်ရေးနည်းပညာနှင့် ဝန်ဆောင်မှုများ ပေးလျှက်ရှိသည်။ ၂၀၁၃ခုနှစ်တွင် စစ်တမ်းကောက်ယူမှုအရ ကမ္ဘာတစ်ဝှမ်းလုံးတွင် သုံးစွဲသူစုစုပေါင်း ၁၇၂ မီလီယံခန့်ရှိသည်။

တယ်လီနော၏ လျှပ်တပြက်မိတ်ဆက်

တယ်လီနောအုပ်စုသည် မိုဘိုင်းဖုန်းအသုံးပြုသူပေါင်း ၁၇၂သန်းဖြင့် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာ တစ်ခုဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းမှာရှိေသာလူသားများ၏ နေ့ဉ်ဘဝတွေကို ပိုမိုအဆင်ပြေစေနိုင်ဖို့ တယ်လီနောသည် လူတိုင်းအတွက် တစ်နေ့ထက်တစ်နေ့တိုး၍ ကူးလူးဆက်သွယ် ပေးနေပါသည်။ တယ်လီနောသည် အောက်ပါ စီးပွားရေးကဏ္ဍများလည်း လုပ်ကိုင်ပါသည်။ [၂]

တယ်လီနောအုပ်စု၏ စီးပွားရေးလုပ်ငန်းများ

-တယ်လီနော ရုပ်သံလွှင့်ခြင်း၊
-တယ်လီနော ဒီဂျစ်တယ်ဝန်ဆောင်မှုများ၊
-တခြားစီးပွားရေး ဝန်ဆောင်မှုများ၊

  • တယ်လီနော ကွန်နက်ရှင် (Telenor Connexion)
  • မယ်ရီတိုင်း ဆက်သွယ်ရေး မိတ်ဖက် (Maritime Communication Partner AS)
  • တယ်လီနော ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း(Telenor Global Services AS)
  • အေရို(လ်)မိုဘိုင်း လစ်မစ်တက်( Aero Mobile Ltd)
  • တယ်လီနော အီယမ်ဒွန်(Telenor Eiendom Holding AS)

-တွဲဖက်ဆက်စပ်လုပ်ငန်းများ

  • ဗင်ပယ်ကွန်လီမီတက် (VimpelCom Ltd)
  • စီမော် ဖျော်ဖြေရေးဝန်ဆောင်မှု (C More Entertainment)
  • အေ-ပရစ်(စ်)ဆန့်(A-pressen)
  • အီဗီရီ (Evry)
  • ဂျက်ဒီဟူဆက်(Kjedehuset)

[၃]

ကိုးကားချက်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ Annual Report 2010။ Telenor။ 26 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 May 2011 တွင် ပြန်စစ်ပြီး။
  2. မော်ကွန်းတင်ပြီးမိတ္တူ။ 1 August 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 June 2014 တွင် ပြန်စစ်ပြီး။
  3. http://www.telenor.com/about-us/our-history/ 2. http://www.telenor.com/about-us/our-history