ဇင်ဝိုင်း

ဝီကီပီးဒီးယား မှ

ဇင်ဝိုင်းသည် မြန်မာ့ရုပ်ရှင် ရုပ်ရှင်သရုပ်ဆောင် တစ်ယောက် ဖြစ်သည်။ အဖ အငြိမ်းစား ဗိုလ်မှူးစိန်လွင်နှင့် အမိဒေါ်ရီရီရှိန်တို့မှ မွေးဖွားသည်။ အမည်ရင်းမှာ ဌေးလွင် ဖြစ်သည်။ မွေးချင်း ငါးဦးရှိပြီး စတုတ္ထမြောက် ဖြစ်သည်။ ဇင်ဝိုင်းတွင် သားနှစ်ယောက်ရှိပြီး သားအကြီးမှာ ချမ်းမြေ့ဌေးလွင် ဖြစ်ပြီး၊ သားအငယ်မှာ ကျော်ကျော်ဌေးလွင် ခေါ် ရုပ်ရှင် သရုပ်ဆောင် မင်းမော်ကွန်း ဖြစ်သည်။

ရုပ်ရှင်လောကထဲသို့ ဒါရိုက်တာ မောင်တင်ဦးက ခေါ်ခဲ့ပြီး မှတ်တမ်းရေး၊ ဇာတ်ညွှန်းရေး စသည့် အောက်ခြေအလုပ်များနှင့် ပညာယူခဲ့ရသည်။ ရှုမဝဦးကျော်၏ အနုပညာ သင်တန်းကျောင်းထွက်ဖြစ်ပြီး မီးသဘောနားလည်ရန် ကင်မရာမင်း ကိုအေးသိန်း(ချစ်မင်းလူ)ထံတွင် ပညာယူခဲ့သည်။

၁၉၈၁-ခုနှစ်တွင် ဒါရိုက်တာ မင်းမာဃ ရိုက်ကူးသော သံယောဇဉ်ဆိုတာရှိတယ် ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ရသည်။ ထိုဇာတ်ကားတွင် နေအောင်မို့မို့မြင့်အောင်ခိုင်ခင်ဦးသန်းသန်းစိုးတို့ပါဝင်ပြီး (၁၉၈၂-၈၃)တွင် ရုံတင်သည်။ သင်္ကြန်မိုးမမစိမ်းဒဏ္ဍာရီ ဇာတ်ကားများဖြင့် နာမည်ရခဲ့ပြီး အကယ်ဒမီရမည်ဟု မကြာခဏ တစ်ပေးခံရသော အနုပညာရှင် တစ်ဦးဖြစ်သည်။ ၎င်းနှင့် ခေတ်ပြိုင်များမှာ နေအောင်၊ ဇော်ဝမ်းကျော်သူစိုးသူ၊ ပြေငြိမ်းတို့ ဖြစ်သည်။

၁၉၉၇-ခုနှစ်တွင် ''မြင့်မြတ်နှလုံးသား ''ဇာတ်ကားဖြင့် တစ််််​ကြိမ်၊၂၀၁၄ ခုနှစ်တွင် ''နှလုံးသားဖြင့် ပြုလုပ်််််သည်'' ဇာတ်ကားဖြင့် တစ်ကြိမ် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု အကယ်ဒမီ ၂ကြိမ် ရရှိခဲ့သည်။​