သေယမ်ရပ်မြို့

ဝီကီပီးဒီးယား မှ
၁၇:၁၂၊ ၂၀ ဇူလိုင် ၂၀၂၀ နေ့က Zawthet (ဆွေးနွေး | ပံ့ပိုး) ("File:Siemreap.jpg|thumb|ဆီယမ်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်) တည်းဖြတ်သည့်မူ
ဆီယမ်ရိမြို့

ဆီယမ်ရိမြို့ သည် ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ ဆီယမ်ရိပြည်နယ်၏ မြို့တော်ဖြစ်သည်။

ဆီယမ်ရိရှိ ပြင်သစ်ရပ်ကွက်ဟောင်း နှင့် ဈေးဟောင်းတဝိုက်တို့တွင် ကိုလိုနီခေတ် ဗိသုကာ လက်ရာ များနှင့် တရုတ်စတိုင်လ် ဗိသုကာ လက်ရာများ ရှိသည်။ မြို့တော်အတွင်းတွင် ပြတိုက်များ၊​ရိုးရာ အက်ပ်ဆာရာ အက ဖျော်ဖြေမှုများ၊ ကမ္ဘောဒီးယား ယဉ်ကျေးမှု ကျေးရွာတစ်ခု၊​လက်ဆောင်ပစ္စည်းနှင့် လက်မှုပစ္စည်း အရောင်းဆိုင်များ၊​ပိုးမွေးမြူရေး စခန်း၊ ကျေးလက် စပါးစိုက်ခင်းများ၊ တံငါရွာ နှင့် တုန်လီဆပ်ရေကန် အနီးရှိ ကျေးငှက်ဥယျာဉ် တစ်ခုတို့ အပြင် မြူးကြွ၍ မြို့ပြဆန်သော သောက်စားပျော်ပါးရာ နေရာများ ရှိသည်။

ယနေ့တွင် ဆီယမ်ရိသည် ရေပန်းစားသော ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ရာ နေရာ ဖြစ်သဖြင့် ဟိုတယ်များ၊ အပန်းဖြေစခန်းများ၊​စားသောက်ဆိုင်များ အပြင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသာ စီးပွားရေး လုပ်ငန်း အမြောက်အများ ရှိသည်။ ရေပန်းအစားဆုံး ကမ္ဘာလှည့် ခရီးသွားများ လည်ပတ်ရာ နေရာတစ်ခု ဖြစ်သည် အန်ကောဝပ် နှင့် နီးစပ်ခြင်းကြောင့် ဖြစ်သည်။

ကိုးကား