စပါးကြီးမြွေ

ဝီကီပီးဒီးယား မှ
၀၃:၄၇၊ ၁၂ ဇွန် ၂၀၂၀ နေ့က Thar Htwe Zan (ဆွေးနွေး | ပံ့ပိုး) (စာလုံးပေါင်း ပြင်ခဲ့သည်) တည်းဖြတ်သည့်မူ

စပါးကြီးမြွေ
Python bivittatus
မျိုးရိုးခွဲခြားခြင်း
လောက:
မျိုးပေါင်းစု:
မျိုးပေါင်းစုငယ်:
{{{မျိုးပေါင်းစုငယ်}}}
မျိုးပေါင်း:
မျိုးစဉ်:
မျိုးစဉ်သေး:
မျိုးရင်း:
မျိုးစု:
မျိုးစိတ်:
P. bivittatus
ဒွိနာမ
Python bivittatus
Kuhl, 1820
Synonyms

Python molurus bivittatus Kuhl, 1820[၂]

စပါးကြီးမြွေသည် ၁ဝ ပေမှ ပေ ၂ဝ အထိရှည်၍ တစ်ခါ တစ်ရံ ပေ ၃ဝ မျှပင် ရှည်တတ်သည်။ စပါးကြီးမြွေ၌ အဆိပ် မရှိချေ။ သို့ရာတွင် သမင်စသော သတ္တဝါများကို မိမိ၏ကိုယ်ဖြင့် ရစ်ပတ်ကာဖျစ်ညှစ်ဆွဲဆန့် သတ်ဖြတ်ပြီးနောက် အကောင်လိုက် မျိုချတတ်သည်။ စပါးကြီးမြွေများကို အာရှ၊ အာဖရိက နှင့် ဩစတြေးလျတိုက်များရှိ အပူပိုင်းဒေသများ၌ တွေ့ရ သည်။ အရောင်မှာ အဝါ၊အညို၊အမည်းတို့တွင် မှန်ကူကွက်များ ကဲ့သို့ အကွက်များဖြစ်နေရာ ယင်းကို သစ်ကိုင်း သစ်ခက်နှင့် သစ်ပင်ရိပ်များအကြားတွင် လွယ်ကူစွာ မြင်နိုင်ရန် ခဲယဉ်း သည်။ ရေတိမ်ရာဗွက်တောများ၌ အနေများသည်။ ရေကူး၊ သစ်ပင်တက် ကျင်လျင်သည်။

စပါးကြီးမြွေသည် တဖြည်းဖြည်းကြီးသော မြွေမျိုးဖြစ်သည်။ အသက်ရှည်ရှည်နေသည်။ မြွေမသည် ဥအလုံးတစ်ရာ နီးပါးမျှ အုတတ်၍ ဥမှ အကောင်ကလေးများ ပေါက်သည့်တိုင်အောင် မည်သည့်နေရာသို့ မသွားဘဲ ဥများကို ရစ်ပတ်၍ စောင့်ရှောက် နေတတ်သည်။ ထိုသို့ဝပ်နေသော အချိန်တွင် မြွေမသည် အစာ မစားချေ။

စပါးအုံးသည် စပါးကြီးမြွေ အငယ်စား ဖြစ်သည်။[၃]

ကိုးကား

  1. Python bivittatusIUCN Red List of Threatened Species. Version 2012.1နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (2012)။ 17 October 2012 တွင် ပြန်စစ်ပြီး။
  2. Python bivittatus at the Reptarium.cz Reptile Database
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)