ငါးသလောက်

ဝီကီပီးဒီးယား မှ

ငါးသလောက်(Ilish)
မျိုးရိုးခွဲခြားခြင်း
လောက:
Animalia
မျိုးပေါင်းစု:
Chordate
မျိုးပေါင်း:
Actinopterygii
မျိုးရင်း:
Cyprinidae
မျိုးရင်းသေး:
Alosinae
မျိုးဇာတ်:
Tenualosa

ငါးသလောက်ကို ပါဏဗေဒအမည်အားဖြင့် 'ဟီလဆာ အလီရှား'ဟု ခေါ်သည်။ အရသာရှိသော ငါးအဖြစ် အသိများ သည်။ ရေချို ရေငန် နှစ်ရပ်လုံးတွင် နေနိုင်သည်။ မိုးတွင်း အခါ၌ ဥ ဥရန် ပင်လယ်မှ မြစ်ထဲသို့ဆန်တက်လာလေ့ရှိသည်။ ဥပြီး ငါးသလောက်သည် ကြုံလှီသွားကာ အရသာ ပျက်သွား တတ်သည်။ ငါးသလောက်၏ ကိုယ်သည် ပြား၍ ပြက်အနည်း ငယ်ကျယ်သည်။ ကျောဆူးတောင် အထက်နားသည် အလယ်၌ ခွက်နေ၏။ အမြီးခွသည် စောက်နက်၍ အဖျားနှစ်ခုသည်ဘေး သို့ ကားထွက်နေသည်။ အကြေးများသည် ခေါင်းမှ အမြီးတိုင် အောင် ညီညီညာညာ ရှိကြသည်။ အရောင်မှာ ရွှေရောင်သန်း လျက်ရှိ၍ တစ်ခါတစ်ရံ ကန့်လန့်အမည်းစင်းများ ထင်နေ တတ်သည်။ အထူးသဖြင့် ငါးသလောက်ငယ်များတွင် ကျော ပိုင်း၌ ကန့်လန့်အမည်းစင်းများ ပါလေ့ရှိသည်။ ကိုယ်ရှည် ၁ ပေမှ ၁ ပေအထိ ရှိတတ်၏။ ငါးသလောက်ကို ဟင်းလျာ အဖြစ် သုံးကြရုံမက ငါးပိဆားနယ်အဖြစ်လည်း သုံးကြသည်။

[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)